Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ကျနော် ဖတ်ဖူးသော ဟာသလေးများ

View previous topic View next topic Go down

ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  pole on Fri Jul 16, 2010 5:09 pm

Mr.Bill Gate ထံသို့ အိတ်ဖွင့်ပေးစာ


သို့ Mr.Billgate

ကျွန်တော်တစ်နေ့က ကွန်ပြူတာတစ်လုံးဝယ်ယူခဲ့ပါသည်။ ပြသနာလေးတွေရှိနေသဖြင့် စာရေးအကြောင်းခြင်းဖြစ်ပါသည်။
၁။ ကွန်ပြူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E-mail မှာ
ပြသနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ********
အဲဒါတွေပဲပေါ်နေတယ်။ တခြားနေရာမှာမဖြစ်ဘူး။ အဲဒီနေရာမှာပဲ။ ကွန်ပြူတာကို စစ်ဆေးကြည့်လိုက်တော့လည်း အကုန်လုံး ကောင်းပါသည်။ ဒါကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းပေးစေလို ပါသည်။
၂၊ နောက်တစ်ခုက turn off ခလုပ်ကို နှိပ်လိုက်လျှင် ကွန်ပြူတာက ဆက်ပြီးအလုပ်မလုပ်တော့ပါ။ ပြီးတော့ start button ပဲပါသည်။ stop button လည်းမပါ။ အဲဒါလေးကိုလည်း တပ်ဆင်ပေးစေ ချင်ပါသည်။
၃၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက် Run ဆိုတဲ့ခလုပ်ကို နှိပ်လိုက်လို့ ပြေးလိုက်ရတာ တခြားမြို့ကို ရောက်သွားရောဗျာ။ ဒါကြောင့်ကျွန်တော်တောင်းဆိုချင်တာက Sit ဆိုတဲ့ခလုတ်လေး တစ်ခုလောက်ကိုလည်းတပ်ဆင်ပေးချင်ပါသည်။ ဒါမှသာ ကျွန်တော်တို့ ထိုင်ပြီးမှ ကွန်ပြူတာကိုသုံးနိုင်မယ်မဟုတ်ပါလား။
၎။ ပီးတော့ ဟိုတစ်နေ့က ကျွန်တော့ မိန်းမ လက်စွပ်ပျောက်သွားလို့။ searchမှာ ရှာကြည့်တာ ရှာမတွေ့ပါ။search button က ဟန်လုပ်ပြီး တပ်ထားတာများလား။
၅။ ကျွန်တော် ကွန်ပြူတာမှာ ဖဲရိုက်တုံးက နိုင်ထားတဲ့ ပိုက်ဆံတွေ
ဘယ်တော့လောက်ရမလဲဆိုတော့ သိပရစေ။
၆။ ကျွန်တော် ကလေးတွေကို Mircrosoft Word သင်ပြီးပါပီ။ သူတို့က Microsoftsentence သင်ချင်နေကြပီ။အဲဒါလေးလည်း ဘယ်တော့လောက်ထွက်မလဲ မသိဘူးနော်.......

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

ဘီလ်ဂိတ် တပည့်ကျော်မှပြန်စာပေးပို့ခြင်း

Post  နွေဥသြ on Fri Jul 23, 2010 8:35 pm

အိမ်း ......... ဒါဆိုရင်တော့ ..

မောင်ရင့်ကွန်ပျူတာကို ...

ဝပ်ရှော့သာ ပို့လိုက်ပါတော့ကွယ် ... Very Happy Very Happy Very Happy

နွေဥသြ
မူကြိုအဆင့်
မူကြိုအဆင့်

ရေးသားချက်များ : 25
Start Date: : 2010-07-16

http://www.myanmarchatonline.org

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  ဂျိမ်းဖောကောင်လေး on Fri Jul 23, 2010 8:49 pm

အဲ..ပေါက်တီပေါက်ရှာ...ဟီးဟီးဟီး

ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  pole on Fri Jul 23, 2010 9:27 pm

အွင့်
မလုပ်နဲ့လေ
တော်ပီ
ကိုယ့်ပါကိုယ်ပဲ ပြင်တော့မယ်
ဟဲဟဲ
lol!

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

aww

Post  မေဇင်သိန်း on Mon Aug 02, 2010 10:48 am

ဟုတ်ပါ့
တို့ က သူထက်ပြည့်စုံတာ ထွင်ပြီး ရင် ယူ့ ကိုပြောမ၇်နော်

မေဇင်သိန်း

ရေးသားချက်များ : 1
Start Date: : 2010-08-02

Back to top Go down

*မလိမ်ရဘူး*

Post  pole on Thu Aug 12, 2010 3:19 pm

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူးဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။
ထူးခြားချက်အနေနဲ့အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။
မယုံဘူးလား…
အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး
မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်ကမောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။
မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။
မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။
ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့
အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  winelay on Sun Aug 15, 2010 9:04 pm

ကြည့်ရတာစက်ရုပ်ကအမထင်တယ်နော်...ဘာလို.လည်းဆိုတော့လက်သန်ပြောင်လို.ဟီးးးး Very Happy Very Happy

winelay
Admin

ရေးသားချက်များ : 44
Start Date: : 2010-07-03

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  pole on Sun Aug 15, 2010 9:09 pm

Complain

သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက် တော်တော်အံ့သြသွားတယ်။
သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး...

ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့လေယာဉ်မယ်လေးက မေးလာတယ်...
"အစာမစားမှီ ဘာများ သောက်ချင်ပါသလဲ ရှင်"
ကိုထုံက... "ကော်ဖီတခွက် ပေးပါ" လို့ မှာတယ်၊
ကြက်တူရွေးက..."ငါ့ အတွက် ဝီစကီတခွက်ပေးစမ်း ကောင်မ...ကြားလား"...တဲ့
လေယာဉ်မယ်လည်း အံ့သြသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတခွက်ယူလာပေးတယ်၊
ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။

ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်..."ဝီစကီတခွက် ထပ်ယူပေးစမ်း...သောက်ရူးမလေး"..
လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ဝီစကီတခွက်ထပ်ယူလာပေးပြန်တယ်၊
ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး...

ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး...
"ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်"

ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက်ရောက်လာတယ်။
ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကို ပစ်ချလိုက်ပါတော့တယ်...

ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်... ....
"မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain တယ်များကိုးကွ"....တဲ့

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  pole on Mon Aug 16, 2010 9:41 am

တံဆိပ်ခေါင်း..ဟာသ

တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကိုမြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။

ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ….. ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး……ကောင်းပါတယ်……ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မကပ်ဘူးလို့ ပြောကြတယ်။

အကြီးအကဲ……မဖြစ်နိုင်တာ။
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

အကြီးအကဲ……..ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး…….သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  pole on Wed Aug 18, 2010 12:08 pm

ဒီလိုရှက်တတ်တဲ့ကောင်မလေးမျိုးဆို ဘယ်လိုလုပ်ကြမတုံး ????

တခါတုန်းက ရွာကနေ ၁၀တန်းအောင်လို့ ဒဂုံမှာ ကျောင်းလာဆက်တတ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
သူက ရွာသူလေးဆိုတော့ဘာမှသိပ်မသိဘူးပေါ့နော်..
အရမ်းလည်း ရှက်တတ်တယ်တဲ့..
တစ်နေ့ကျတော့
သူတို့ကျောင်းမှာ ဖရှက်ရှာဒေး(fresher day)လုပ်ကြတာပေါ့...
သူက ရွာကလာတဲ့ကျောင်းသူလေးဆိုတော့ ဖရှက်ရှာဒေးဆိုတာ သူမသိသလိုမကြုံဘူးဖူးလေ...
ပြီးတော့ ဆရာမတွေကလည်း သမီးလာကြည့်ပေါ့နော်...
ပျော်ပွဲရွှင်ပွဲတွေရော်၊ကာယအလှမယ်တွေ၊ကာယဗလမောင်တွေကြည့်ဖူးရှိတယ်ရှိအောင်..
ဘာညာစသည်ဖြင့်ပေါ့...
သူငယ်ချင်းတွေကလည်းဆွယ်ကြတာပေါ့လေ..
.ဒီတော့ သူက ဖရှက်ရှာဒေးကြတော့သွားကြတာပေါ့..
မုန့်တွေဘာတွေစားပြီးတော့မယ်တွေ၊မောင်တွေသွားကြည့်ကြတယ်..
နောက်နေ့ကြတော့ မေဂျာဆရာမက ကောင်မလေးကိုမေးတာပေါ့..
သမီး မနေ့က ပျော်လားတဲ့...
ဒီတော့ သူက ပျော်ပါတယ် ဆရာမပေါ့...
ဆရာမက ထပ်မေးပြန်ရော်...
မယ်တွေ၊မောင်တွေရော် ဘယ်လိုနေလဲပေါ့...
ဒီတော့
သူက မျက်နှာနီနီလေးနဲ့ စကားကို တစ်လုံးချင်းခပ်တွေတွေလည်းပြောလိုက်တယ်...
ပြောပြီးပြီးချင်းလည်းပြေးထွက်သွားတော့တာဘဲ..
ဆရာမလည်း သူ့စကားကြားတော့ ဘာပြောရမလဲမသိဘဲ"ဟော့တော်" ဆိုပြီး ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်...

သူဘာပြောသွားလဲ သူငယ်ချင်းတို့သိချင်လား ..

သူပြောသွားတာက "ကာယအလှမယ်တွေကတော့ အပြစ်ပြောစရာမရှိအောင် လှကြပါတယ်တဲ့...
ဒါ...ပေ..မယ့်....
ကာယဗလမောင်တွေကတော့ ဘာမှကို မ၀တ်ထားတောhအရမ်းရှက်စရာကောင်းတာဘဲတဲ့..
ဒီတော့ သမီးလည်း အ၀တ်မ၀တ်ထားတဲ့ နေရာတွေကိုမကြည့်ရဲဘူး..
ရှက်လွန်းလို့ အ၀တ်ဝတ်ထားတဲ့နေရာကိုဘဲ တစ်ချိန်လုံးမျက်တောင်မခတ်
စိုက်..ကြည့်....နေ....ခဲ့...ပါ...တယ်...တဲ့...လေ ..."

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

Re: ကျနော် ဖတ်ဖူးသော ဟာသလေးများ

Post  Sponsored content Today at 10:52 pm


Sponsored content


Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum