Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




အိန္ဒိယမှ ခြေလက်စုစုပေါင်း ရှစ်ချောင်းရှိသည့် ယောက်ျားကလေးတစ်ဦး

View previous topic View next topic Go down

အိန္ဒိယမှ ခြေလက်စုစုပေါင်း ရှစ်ချောင်းရှိသည့် ယောက်ျားကလေးတစ်ဦး

Post  Trojan on Wed Jul 07, 2010 9:36 am




ဗိဿနိုးနတ်ဘုရားဝ င်စားသည်ဟု ဒေသခံများက ယူဆခဲ့ကြသော အိန္ဒိယမှ ခြေလက်စုစုပေါင်း ရှစ်ချောင်းရှိသော ယောက်ျားကလေးတစ်ဦးအား

မေလ ၃၀ ရက်နေ့တွင် အောင်မြင်စွာ ခွဲစိတ်ပြီး အပိုခြေလက်များကို ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ သားဖြစ်သူသည် သမားရိုးကျဘ၀မျိုးအတိုင်း ရှင်သန်နေထိုင်ခွင့်ရပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ဗီရက်ရှ်ပတ်စ၀န်က ဇွန် လ ၉ ရက်နေ့က ပြောကြားခဲ့သည်။

အသက် ခုနစ်နှစ်ရှိပြီဖြစ်သော ဒီပတ်ပတ်စ၀န်ဆိုသော ကလေးငယ်သည် မွေးဖွားလာကတည်းက ရင်ဘတ်တွင် ကပ်ပါးအမြွှာတွဲလျက် ပါလာခဲ့သောကြောင့် ခေါင်းတစ်လုံးတည်းနှင့် ခြေလေးချောင်း၊ လက်လေးချောင်း ရှိနေခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဘီဟာရ်ပြည်နယ်ရှိ ကျေးရွာတစ်ခုတွင် ဖွားမြင်ခဲ့သော ဒီပတ်သည် ထူးဆန်းသော ခန္ဓာကိုယ်အနေအထားကြောင့် လူ အများ၏ အထူးအဆန်းကြည့်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ သူ၏မိသားစုက ယင်းကဲ့သို့ဖြစ်နေခြင်းကို မကျေနပ် နိုင်သောကြောင့် ပြီးခဲ့သည့်မတ်လက အပိုဖြစ်နေသော ခြေလက်များကို ခွဲထုတ်ဖယ်ရှားနိုင်ရေး အကူအညီတောင်းခံခဲ့သည်။ နိုင်ငံတောင်ပိုင်း ဘန်ဂလိုမြို့ရှိ ဆေးရုံတစ်ရုံက အကုန်အကျခံပြီး ခွဲစိတ်ပေးခဲ့သည်။

၂၀၀၇ ခုနှစ်ကလည်း ဘီဟာရ်ပြည်နယ်မှပင် လက်ချမီးတာ့တ်မာ အမည်ရ မိန်းကလေးတစ်ဦးမှာ ယင်းကဲ့သို့ ကပ်ပါးအမြွှာ တွဲလျက်ပါလာသောကြောင့် ခွဲစိတ်ဖယ်ထုတ်ပေးခဲ့ရဖူးသည်။ ကပ်ပါးအမြွှာဆိုသည်မှာ မိခင်တစ်ယောက်တွင် သန္ဓေသား လောင်းနှစ်ခု သန္ဓေတည်လာခဲ့သော်လည်း သီးခြားစီခွဲမထွက်သွားဘဲ ကျန်ရစ်ခဲ့ရာမှ သန္ဓေသားတစ်ဦး၏ ကိုယ်တွင် တစ်ဝက်တစ်ပျက်သာဖြစ် ပေါ်လာသော အခြားသန္ဓေသား၏ ကိုယ်အင်္ဂါအစိတ်အပိုင်း ကပ်လျက်တွဲပါလာခြင်းကို ဆိုလိုသည်။

ဒီပတ်၏ဖခင်မှာ ဇာတ်နိမ့်ဆောက်လုပ်ရေးလုပ်သား တစ်ဦးသာဖြစ်သောကြောင့် အကုန်အကျခံ ခွဲစိတ်ပေးနိုင်ခဲ့ခြင်းမရှိဘဲ အကူအညီ တောင်းခံခဲ့ရခြင်းဖြစ်သည်။ လေးနာရီ ကြာခွဲစိတ်မှု အောင်မြင်ခဲ့ပြီးနောက် သားဖြစ်သူသည် ရွယ်တူတန်းတူ ကလေးများကဲ့သို့ပင် ကျောင်းတက်နိုင်တော့မည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဗီရက်ရှ်ကပြောကြားခဲ့သည်။

Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Re: အိန္ဒိယမှ ခြေလက်စုစုပေါင်း ရှစ်ချောင်းရှိသည့် ယောက်ျားကလေးတစ်ဦး

Post  ဂျိမ်းဖောကောင်လေး on Thu Jul 08, 2010 6:25 pm

ထူးဆန်းပါပေ့ဗျာ.... Rolling Eyes

ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

Re: အိန္ဒိယမှ ခြေလက်စုစုပေါင်း ရှစ်ချောင်းရှိသည့် ယောက်ျားကလေးတစ်ဦး

Post  winelay on Sat Aug 14, 2010 11:35 pm

စက်တွေတောင်စပါယာပတ်ပါသလိုမျိုးသူလည်းတစ်ခါထဲးယူခဲ့တာနေမှာပေါ့ bounce bounce bounce

winelay
Admin

ရေးသားချက်များ : 44
Start Date: : 2010-07-03

Back to top Go down

Re: အိန္ဒိယမှ ခြေလက်စုစုပေါင်း ရှစ်ချောင်းရှိသည့် ယောက်ျားကလေးတစ်ဦး

Post  Sponsored content Today at 6:42 pm


Sponsored content


Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum