Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




တက္ကသိုလ် စာမေးပွဲများ တစ်လစောကျင်းပမည်

View previous topic View next topic Go down

တက္ကသိုလ် စာမေးပွဲများ တစ်လစောကျင်းပမည်

Post  Trojan on Wed Jul 07, 2010 8:49 am

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ရှိသောကြောင့် မြန်မာ နိုင်ငံတ၀န်းရှိ တက္ကသိုလ် စာမေးပွဲများကို

၁ လစော၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာလနှင့် မတ်လများတွင် ပုံမှန် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ သြဂုတ်လတွင် အပြီး ကျင်းပရမည်ဟု အထက်က ညွှန်ကြားထားကြောင်း ပညာရေး အသိုင်းအ၀န်းမှ သိရသည်။

ရန်ကုန်မြို့ရှိ ပါမောက္ခ တဦးက “ရွေးကောက် ပွဲကြောင့် စာမေးပွဲ တွေကို အရင်ကထက် ၁ လ စောပြီး ကျင်းပရမှာပါ ဟု ပြောသည်။

ယခင်က အောက်တိုဘာလတွင် ကျင်းပလေ့ရှိသော နည်းပညာ တက္ကသိုလ် စာမေးပွဲများကိုလည်း အမြန်ဆုံး ပြီးရေးအတွက် သြဂုတ်လ အတွင်း ကျင်းပရန် ညွန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အေးသာယာ နည်းပညာ တက္ကသိုလ်မှ ကျောင်းသူတဦးက “အခုက ကျောင်းမှာ စာတွေကို အရမ်းဖိသင်နေတယ်။ ကျောင်းခေါ် ချိန်တွေလည်း အပြည့် ဖြည့်ခိုင်း။ အဲသလိုတွေလုပ်နေတယ်၊ ရွေးကောက်ပွဲကြောင့်လို့တော့ ပြောတာပဲ” ဟု ဆိုသည်။

လားရှိုး တက္ကသိုလ်မှ ကျောင်းသားတဦးက“ကျောင်းမှာ တရားဝင် ကြေညာတာမျိုးတော့ မရှိသေးဘူး။ ဆရာမတွေကတော့ ပြောနေတယ်။ စာတွေ စောစောစီးစီး ကျက်ထားဖို့ မှာထားတယ်”ဟု ပြောသည်။

၁၉၉၉ ခုနှစ်မှ စတင်၍ နိုင်ငံတ၀န်းလုံးတွင် တက္ကသိုလ်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၀ိဇ္ဇာ၊ သိပ္ပံ ရိုးရိုးဘွဲ့များအတွက် သင်တန်းကာလကို ၄ နှစ်မှ ၃ နှစ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာ ပညာရေးသည် နိုင်ငံတကာ အဆင်အတန်း မီကြောင်းနှင့် နိုင်ငံတ၀န်းလုံး တွင် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၅၆ ခုရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Re: တက္ကသိုလ် စာမေးပွဲများ တစ်လစောကျင်းပမည်

Post  Win Moe Aung on Wed Jul 07, 2010 11:19 am

စာမေးပွဲက 7 ပိုင်း 17 ရက်နေ့လို့ပြောတာဘဲ.......သေချာတော့ မပြောသေးဘူး....

Win Moe Aung
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 26
Start Date: : 2010-06-23

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum