Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




Introduction with SHINEe

Go down

SHINEe မှာအကြိုက်ဆုံးက..?

0% 0% 
[ 0 ]
0% 0% 
[ 0 ]
0% 0% 
[ 0 ]
0% 0% 
[ 0 ]
0% 0% 
[ 0 ]
 
Total Votes : 0
20100629

Post 

Introduction with SHINEe




SHINEe

အသံထွက်=ရှိုင်းနီး(င်) [shiny]



shinee ဆိုတဲ့ ..အဖွဲ့ လေးကို Ring Ding Dong ဆိုတဲ့  K -MTV ကနေ..ခပ်မိုက်မိုက်...ခပ်ဆန်းဆန်းဒီဇိုင်းတွေနဲ့ ..သွတ်လက်မြူးကြွတဲ့ 
တေးသွားလေးကို..နားထောင်မိရင်း..ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိလာတဲ့ အဖွဲ့ လေးပဲဖြစ်ပါတယ်..။

ကိုရီးယား music sponser တစ်ခုဖြစ်တဲ့ SM Entertainment မှ .....
လူငယ်ဆယ်ကျော်သက်လေးများအဖွဲ့  SHINEe ကို၂၀၀၈ခုနှစ်..မေလမှာစတင်ဖွဲ့ စည်းခဲ့ ပါတယ်။

Shinee မှာအဖွဲ့ ဝင်..ငါးယောက်ရှိပါတယ်..။

ONEW, jonghyun, Key, Minho, Taemin တို့ ပဲဖြစ်ပါတယ်..။

အဖွဲ့ ဝင်များနဲ့ မိတ်ဆက်ပေးရရင်...



ONEW ကတော့..အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်...
နာမည်ရင်းကတော့.. Leejinki ဖြစ်ပြီးDecember 14, 1989 က..သူ့ မွေးနေ့ ဖြစ်ပါတယ်..။
သူကတော့..အဖွဲ့ မှာအသက်အကြီးဆုံးတစ်ယောက်ဖြစ်ပြီး..အဓိကနေရာကနေသီဆိုသူဖြစ်ပါတယ်..။
onew ဟာ..ဒီအဖွဲ့ လေးမှာမပါဝင်ခင်က lee hyun ji နဲ့ အတူ Vinilla love ဆိုတဲ့ ..ချစ်စရာကောင်းတဲ့ စုံတွဲတေးကိုလည်းဆိုခဲ့ ဖူးပါတယ်.။
SNSD (girl generation)အဖွဲ့ ဝင် jessica နဲ့ လည်း one year later ဆိုတဲ့ သီချင်းကိုလည်းတွဲဖက်သီဆိုပေးခဲ့ ပါတယ်.။




Jong hyun အများစုကတော့.. Jonghyun လို့ ပဲသိကြပေမဲ့ ..သူ့ နာမည်အရှည်က Kim Jong Hyun ပါတဲ့ ..။
မွေးနေ့ က...April 8, 1990 ဖြစ်ပါတယ်.။အသံပါဝါကောင်းကောင်းနဲ့ ..အဖွဲ့ မှာနာမည်ကြီးသူလည်းဖြစ်ပါတယ်..။
solo နေရာတွေလည်းဆိုတက်ပါတယ်.။သူမွေးရပ်ဇာတိက..ဆိုးလ်မှာပဲဖြစ်ပါတယ်.။



Key ကတော့..နာမည်ရင်း Kim kibum ပါ..မွေးနေ့ ကSeptember 23နဲ့ 91 ဖွားလေးပါ..။
ပရိသတ်ကတော့.. Key ဆိုရင်..သည်းသည်းလှုပ်ဆိုပဲ..။အဖွဲ့ မှာတမူထူးခြားတဲ့ စတိုင်နဲ့ ဝတ်စားပုံက..
သူများနဲ့ မတူတာတော့..အမှန်ပါ..။ဒီအဖွဲ့ မှာ..Rap နေရာမှသီဆိုထားပါတယ်.။
Shinee အဖွဲ့ မှာမပါဝင်ခဲ့စဉ်က..Key ဟာ. SJ(super junior) ရဲ့ wonder boy ဆိုတဲ့ 
သီချင်းမှာ..အရံDancer အနေနဲ့ ပါဝင်ခဲ့ ဖူးပါတယ်.။တခြားမထင်မရှားအနုပညာပါဝင်မှုတွေလည်းတော်တော်များများရှိခဲ့ ပါတယ်.။



Minho..နာမည်ရင်း Choi Min Ho ပါ..မွေးနေ့ December 9, 1991 ဖြစ်ပါတယ်.။
သူကလည်း..ဒီအဖွဲ့ မှာ Rap တစ်ယောက်ပါပဲ..။ Min ho ကshinee မှာမပါဝင်ခင်..
အ၀တ်အစားကုမဏီတစ်ခုမှာ.. မော်ဒလ်လုပ်ဖူးပါတယ်...။
အနုပညာဝါသနာပါတဲ့ min ho ဟာ.. SNSD ရဲ့ " Gee" MTV မှာ..သရုပ်ဆောင်ခဲ့ ပါသေးတယ်..။



Tae min( Lee tae min ) ဆိုတဲ့ ကောင်လေးကတော့ဒီအဖွဲ့ မှာ..အငယ်ဆုံးနဲ့ အကအတော်ဆုံးအဖွဲ့ ဝင်ပါ..။
July 18နဲ့ 93 ဖွားပါ..။သူက..ဒီအဖွဲ့ မှာအက..ခေါင်းဆောင်နေရာမှတာဝန်ယူထားပါတယ်.။
သူများနဲ့ မတူတဲ့ သူရဲ့ အကတွေကတော့..ဆယ်ကျော်သက်များကြားရေပန်းစားလို့ နေပါတယ်.။



သူတို့ ရဲ့ ပထမဆုံးအယ်ဘမ် "Nunan Neomu Yeppeo (Replay)"ကို ၂၀၀၈ ,မေလ 23 ရက်နေ့ မှဖြန့် ချီခဲ့ပါတယ်.။
အခုဆိုရင် ..SHINEe ဟာ ၂၀၁၀ မေလမှာ..၂ နှစ်ပြည့်ခဲ့ ပါပြီ..။တခြားကိုရီးယားအဖွဲ့ တွေနဲ့ မတူတဲ့ အချက်ကတော့..
Shinee ဟာ..အသက်ငယ်ငယ်နဲ့ အောင်မြင်မှုများကိုတခဲနက်ရရှိထားတာဖြစ်ပါတယ်.။



[size=12pt]ရရှိထားသောဆုများ(Awards)[/size]

Year Award

2008

* Cyworld Digital Music Awards (May Rookie of the Month)
* MNET 20's Choice Awards (Hot New Star)
* Asia Song Festival (Best New Artist)
* Style Icon Awards 2008 (New Icon Award)
* 15th Korea Entertainment Arts Awards (Best Newcomer)
* M.net Korean Music Festival 2008 (Best Male Rookie)
* 23rd Golden Disk Awards (YEPP Newcomer Album)

2009

* 18th Seoul Music Awards (Best Newcomer)
* 24th Golden Disk Awards (YEPP Popularity Award)

2010

* 19th Seoul Music Awards (BonSang Award)
* 2nd Singapore Entertainment Awards (New Generation Artiste)





ShINEe ရဲ့ သီချင်းများ(ဒေါင်းရန်)

Ring Ding Dong

Replay

jo jo


SHINEe ရဲ့  MTV များ(ဒေါင်းရန်)

Ring Ding Dong.MTV


avatar
ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

- Similar topics
Share this post on: diggdeliciousredditstumbleuponslashdotyahoogooglelive

 
Permissions in this forum:
You cannot reply to topics in this forum