Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




တာဝန်သိ စောင့်ရှောက်မှု လုပ်ငန်းစဉ် ထပ်မံလုပ်ဆောင်ခဲ့သည့် မြန်မာကုမ္ပဏီသုံးခုအား တာဝန်သိစောင့်ရှောက်မှု အမှတ်တံဆိပ် ပေးအပ်မည်

View previous topic View next topic Go down

တာဝန်သိ စောင့်ရှောက်မှု လုပ်ငန်းစဉ် ထပ်မံလုပ်ဆောင်ခဲ့သည့် မြန်မာကုမ္ပဏီသုံးခုအား တာဝန်သိစောင့်ရှောက်မှု အမှတ်တံဆိပ် ပေးအပ်မည်

Post  winelay on Mon Jan 17, 2011 6:29 pm


၂၀၁၀ ပြည့်နှစ်၊ နှစ်စပိုင်းမှစ၍ အာဆီယံနိုင်ငံများနှင့် တစ်ပြေးညီ လူသားများ၏ ပတ်ဝန်းကျင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်သိစောင့်ရှောက်မှု(RC) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာကုမ္ပဏီသုံးခုကို တာဝန်သိစောင့်ရှောက်မှု အမှတ်တံဆိပ်(RC Logo) ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ RC Logo ပေးအပ်ရန်စီစဉ်ထားသော ကုမ္ပဏီများမှာ ဓာတုဗေဒပစ္စည်းများအား အရောင်းအ၀ယ် ပြုလုပ်နေသည့် Mount Popa Chemical Trading ကုမ္ပဏီ၊ တိုယိုဘက်ထရီ ကုမ္ပဏီနှင့် ဓာတ်မြေသြ ဇာထုတ်လုပ်သည့် Supreme Group ကုမ္ပဏီတို့ဖြစ်ပြီး ၂၀၀၉ခုနှစ်အတွင်း၌လည်း RC လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီငါးခုတို့အား တံဆိပ်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

RC Logo ရရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါတံဆိပ်ကို ကြော်ငြာဘုတ်များတွင်ပါ သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း၊ တာဝန်သိ စောင့်ရှောက်မှုလုပ်ငန်းအား လုပ်ဆောင်လိုခြင်းမရှိတော့ပါက မြန်မာ တာဝန်သိစောင့်ရှောက်မှု ကောင်စီ (MRCC) မှ နုတ်ထွက်နိုင်ပြီး အဆိုပါ တံဆိပ်ကို သုံးစွဲခွင့်ရတော့မည် မဟုတ်ကြောင်း သိရသည်။

"ဓာတုဗေဒဆိုင်ရာ အန္တရာယ်တွေ ကင်းရှင်းဖို့အတွက် ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြတာပါ။ လုပ်ရမယ့်အထဲမှာ ဓာတုဗေဒပစ္စည်းတွေ အသုံးပြုကိုင်တွယ် လုပ်ကိုင်ရတဲ့လုပ်သားတွေ အန္တရာယ်ကင်းဖို့ ကစပြီး စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် လုပ်ကြတာပါ။ ဒီလိုကိစ္စမျိုးက တိုက်တွန်းလို့လည်း မရပါဘူး ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာလုပ်ကိုင် မှ ရတာမျိုးဖြစ်လို့ လုပ်ကိုင်တဲ့သူတွေကို ဒီလို တံဆိပ်ပေးအပ်တာပါ။ ဒါပေမယ့် တစ်သက်လုံးပေးတာ မဟုတ်ပါဘူး။ သတ်မှတ်ချက်တွေကို လိုက်နာနေတဲ့အထိပဲ ပေးထားတာပါ။ တကယ်လို့ တံဆိပ်ရရှိပြီး ကုမ္ပဏီက RC လုပ်ငန်းဆက်မလုပ်ချင်ရင် MRCC ကနေ နုတ်ထွက်နိုင် တယ်။ ဒါပေမယ့် တံဆိပ်ကိုတော့ အသုံးပြုခွင့် မရှိတော့ပါဘူး" ဟု မြန်မာတာဝန်သိ စောင့်ရှောက်မှု ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

RC လုပ်ဆောင်ခြင်းဖြင့် မတော်တဆမှု၊ မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲမှုများ လျော့ကျသွားနိုင်မည် ဖြစ်ပြီး အသုံးပြုသူများနှင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်မှုလျော့ကျလာမည်ဖြစ်ကြောင်း သိရသည်။
@Eleven Media Group

winelay
Admin

ရေးသားချက်များ : 44
Start Date: : 2010-07-03

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum