Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




အန္တရာယ်ဖြစ်စေသော ထိုင်းနှင့် မလေးမှ ပုံပြောင်းဆီများ မြန်မာနိုင်ငံတွင် ပြန်လည်ရောင်းချမှုများရှိနေ

View previous topic View next topic Go down

အန္တရာယ်ဖြစ်စေသော ထိုင်းနှင့် မလေးမှ ပုံပြောင်းဆီများ မြန်မာနိုင်ငံတွင် ပြန်လည်ရောင်းချမှုများရှိနေ

Post  winelay on Mon Jan 17, 2011 6:28 pm

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ပုံပြောင်းဆီများကို ထိုင်းနှင့် မလေးရှားမှ ဝယ်ယူပြီး ပြန်လည် ရောင်းချနေမှုများရှိနေ၍ စားသုံးပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မကြာသေးမီလပိုင်းက နယ်စပ်မှ အဆိုပါ ပုံပြောင်းဆီများအား ဈေးကွက်သို့ တင်သွင်း ရောင်းချမှုများ ရှိခဲ့သည်ဟု စုံစမ်းသိရသည်။ အဆိုပါ ပုံပြောင်းဆီများတွင် ကင်ဆာ ဖြစ်စေသော ဓာတ်များပါဝင်ပြီး ကိုယ်ခံအားနည်းသည့်သူများတွင် ကင်ဆာဖြစ်ရန် ပိုမို၍ အခွင့်အလမ်းရှိကြောင်း သိရသည်။

“ပုံပြောင်းဆီတွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါတယ်။ ကိုယ်ခံအားနည်းတဲ့ သူတွေဆိုရင် အချိန်အခါမရွေး ကင်ဆာဖြစ်နိုင်တယ်။ ကိုယ့်အိမ်မှာ ချက်ပြုတ် စားသောက်တဲ့ အခါမှာလည်း ဆီတွေကို တစ်ခါထက် ပိုမကြော်သင့်ပါဘူး။ တစ်ခါထက် ပိုကြော်ရင် ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ ထွက်လာနိုင်တယ်။ ဒါကြောင့် တစ်ခါကြော်ပြီး ပိုတဲ့ဆီကို ဟင်းချက်လိုက်တာ ကောင်းပါတယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး တစ်ဦးက အကြံပေးပြောကြားသည်။

အစားအသောက်များ ကြော်၊ လှော်၊ ချက်ပြုတ်ရာတွင် အသုံးပြုသောဆီများတွင် ပြည့်ဝဆီ၊ မပြည့်ဝဆီနှင့် ပုံပြောင်းဆီများဟူ၍ရှိကြောင်း၊ အဆိုပါ ဆီများတွင် မပြည့်ဝဆီ တစ်မျိုးတည်းသာ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း သိရသည်။ မပြည့်ဝဆီများတွင် နေကြာဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ပဲပုပ်ဆီ၊ ပြောင်းဖူးဆီများ ပါဝင်ပြီး ပြည့်ဝဆီများမှာ ဝက်ဆီ၊ စားအုန်းဆီများ ဖြစ်သည်။ ပြည့်ဝဆီများနှင့် ပုံပြောင်းဆီများ စားသုံးပါက နှလုံးရောဂါ၊ ခြေထောက်သွေးကြောပိတ်ရောဂါနှင့် ဦးနှောက်သွေးကြောပိတ်သော ရောဂါများ သုံးနှစ်မှ ငါးနှစ်အတွင်း ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

“ပြည့်ဝဆီတွေဖြစ်တဲ့ ဝက်ဆီ၊ စားအုန်းဆီတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ပုံပြောင်းဆီဆိုတာကတော့ မီးပြင်းပြင်းတိုက်ထားတဲ့ ဆီတွေကို ဆိုလိုတာပါ။ အဲဒီဆီတွေကလဲ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာချစ်စိုးက ဆိုသည်။ နိုင်ငံတကာတွင် တစ်ခါကြော်ပြီးသော ဆီများအား အသုံးမပြုဘဲ လွှင့်ပစ်ကြောင်း၊ ပြည့်ဝဆီနှင့် ပုံပြောင်းဆီများ စားသုံး၍ နှလုံးသွေးကြော ပိတ် ရောဂါ ဖြစ်ပွားပါက ရုတ်တရက် ရင်ဘတ်အောင့်၍ သေဆုံးနိုင်ကြောင်း၊ ခြေထောက်သွေးကြောများ ပိတ်ပါက ခြေထောက်ဖြတ်ပစ်ရသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Ref: The Flower News
@မြန်မာသတင်းရပ်ဝန်း

winelay
Admin

ရေးသားချက်များ : 44
Start Date: : 2010-07-03

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum