Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ချစ်တဲ့သူ သို့

Go down

ချစ်တဲ့သူ သို့

Post  Trojan on Thu Jun 24, 2010 8:42 am

ချိုမြိန်တဲ့အပြုံး
သူတစ်ခါပြုံးတိုင်း
ရူးမိုက်စွာခံစား
နှုတ်ခမ်းလေးတစ်စုံအား
တိတ်တိတ်လေးကိုယ်ငေး
ပီတိတွေဝေခဲ့ဖူးတယ်...။
ဆုံတွေခြင်းအစ
ကဗျာမဆန်ကာရန်မလှပေမယ့်
ရင်ထဲမှာတော့
အမှတ်တရဖြစ်ခဲ့တာပဲလေ။
ဒါပေမယ့်အချစ်ရယ်

ရင်ခုန်သံကိုအလေးထားခဲ့လို့
ခံစားချက်တွေများပြား
ရင်ထဲမထားနိုင်တော့တဲ့အခါ
ဝါသနာကိုအကြောင်းထပ်
ကာရန်တွေပေါင်းစပ်ပြီး
ကဗျာစာအုပ်တွေလုပ်
ဗလာစာအုပ်တွေပြုတ်ခဲ့တာ
မင်းမှမသိပဲနော်...။

မိဘတွေတားဆူဆဲငြားလည်း
ကျောင်းစာတွေလစ်ဟင်း
အပြစ်ကင်းတဲ့ မင်းရဲ့မျက်နှာ
ဖူးတွေ့ဖို့အရေး
ရှေ့မျက်နှာနောက်ထား
အကြောင်းတရားမသိ
အရောက်သွားကြည့်တော့
အရေးမစိုက်သလိုဟန်လုပ်
ခပိုက်မိုက်စတိုင်လ်ထုတ်ပြီး
ရှောင်လွှဲခဲ့တာအကြိမ်ကြိမ်ပေါ့
တကယ်ဆို..ဂုဏ်တွေစည်းတား
အလွှာခြားခဲ့တာ...
ကိုယ်မသိလို့မှမဟုတ်တာ
ပိုင်ဆိုင်ဖို့ဆိုတာဝေး
ကွယ်ရာချောင်မှာငေးနဲ့
မင်းရဲ့ပုံရိပ်ခပ်မှေးမှေးကို
မျက်ဝန်းမှာသိမ်းဆည်း
အိပ်မက်မှာပုံဖော်လို့
တဖက်သတ်ဘ၀လေးကို
အပိုင်သိမ်းထားတာ
သိပ်ချစ်လို့ဆိုတာ ယုံမလား.။
avatar
Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Re: ချစ်တဲ့သူ သို့

Post  ဂျိမ်းဖောကောင်လေး on Thu Jun 24, 2010 4:03 pm

မိုက်တယ်..မလိမာဝူး...ဟဟ
avatar
ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

ချစ်သူသိစေဖို.

Post  မိုးထက်မြင်. on Mon Aug 16, 2010 1:55 am

တမ်းတမှုတိုင်းကို ချစ်သူသိအောင်လို.
အကြိမ်ကြိမ်ပြောနေပေမဲ.လည်း
အချည်းနှီးသာဖြစ်ခဲ.ရတယ်ချစ်သူရယ်.....
မေ.လို.မရအောင်စွဲလမ်းလွန်းလို.လွမ်းဆွတ်ခြင်းတွေကို
ငါရခဲ.တယ် ချစ်သူရယ်............
ချစ်တယ်လို. နှုတ်ကဖွင်.ပြောချင်ပေမဲ.လည်း
မင်းစိတ်ဆိုးသွားမှာမို. မပြောမိခဲ.ဘူး
ချစ်သူရဲ.လှုပ်ရှားမှုတိုင်းကို
အဝေးကနေဘဲကြည်.နေခွင်.ရမယ်ဆိုရင်
တို.ရင်ထဲကဖြစ်ပေါ်နေတဲ.ဆန္ဒတွေကို
ချစ်သူတစ်ယောက်သာ သိနိုင်မယ်ဆိုရင်
ချစ်သူရယ် နင်.ကိုချစ်ခဲ.မိတာ
အပြစ်လို. မှတ်ယူမယ်ဆိုရင်အဲဒီအပြစ်ကို
ကျေကျေနပ်နပ်နဲ.
လက်ခံလိုက်မှာပါ ချစ်သူရယ်..........
avatar
မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

Re: ချစ်တဲ့သူ သို့

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum