Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




(အထူးသတင်း ပေးပို့ချက်) ပြည်တွင်း မိုဘိုင်းဖုန်းဆိုင်ရာ သတင်းများ စုစည်းတင်ပြမှု

View previous topic View next topic Go down

(အထူးသတင်း ပေးပို့ချက်) ပြည်တွင်း မိုဘိုင်းဖုန်းဆိုင်ရာ သတင်းများ စုစည်းတင်ပြမှု

Post  Admin on Tue Nov 16, 2010 7:28 am



(၁) ငါးသိန်းတန်ဖုန်းဟု လူသိများသော CDMA 800 MHz ဖုန်းများကို လက်ရှိ ရန်ကုန်မြို့၊ မန္တလေးမြို့ များတွင်သာ သုံးစွဲနိုင်သေးသော်လည်း မကြာမီ အချိန်အတွင်းတွင် နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံ၏ မြို့ကြီးများ အားလုံးတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လျင်မြန် လွယ်ကူစွာ အများပြည်သူလက်ဝယ်သို့ ရောက်ရှိအသုံးပြုနိုင်စေရန်ပါ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။



ယခုလက်ရှိတွင် ရန်ကုန်မြို့၌ ရန်ကုန်မြို့တွင်း တွင်သာမက မှော်ဘီ၊ ဒလ၊ ကျောက်တန်း စသော မြို့နယ်များအထိ၊ မန္တလေးမြို့၌ မန္တလေးမြို့တွင်း တွင်သာမက ကျောက်ဆည်၊ စဉ့်ကိုင်နှင့် စစ်ကိုင်းမြို့များအထိ သယ်ဆောင် အသုံးပြုနိုင် နေပြီ ဖြစ်သည်ဟု ကြားသိရသည်။

(၂) အင်တာနက်၊ ဖက်စ်၊ Video on Demand, Multimedia & Entertainment စသည့် ၀န်ဆောင်မှုအမျိုးမျိုး ရယူသုံးစွဲနိုင်မည် ဖြစ်သော McWill ဖုန်းကို ရန်ကုန်မြို့တော် နှင့် မန္တလေးမြို့တို့တွင် ၂၀၁၀ မကုန်မီ ချပေးတော့မည်ဟု သတင်းရရှိသည်။

အဆိုပါ McWill ဖုန်းများသည် တန်ဖိုး ငါးသိန်းကျပ် ရှိကာ လတ်တလော၌ နံပါတ် ၃၄၄×××× ဖြင့် စသော နံပါတ် ၇ လုံး ပါမည် ဖြစ်ပြီး နယ်မြေကန့်သတ်ချက်ရှိကာ ချပေးသော တစ်မြို့တွင်သာ အသုံးပြုနိုင်မည်ဟု ကြားသိရသည်။

လက်ရှိပြည်တွင်းတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ချပေးပြီး ဖြစ်သော အဆိုပါ McWill ဖုန်းများတွင် နယ်မြေကန့်သတ်ချက် ဟူသော အားနည်းချက် ရှိသော်လည်း ဖုန်းလိုင်းမိသော နေရာတိုင်းတွင် ကြိုးမဲ့အင်တာနက် သုံးစွဲနိုင်ခြင်း၊ Laptop, Desktop စသော ကွန်ပျူတာ အမျိုးမျိုးနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ ၀န်ဆောင်မှု အမျိုးမျိုး သုံးစွဲနိုင်ခြင်း စသော အားသာချက်များ ရှိနေသည်ဟု ကြားသိရသည်။

သုံးစွဲခ နှုန်းထားမှာ ဖုန်းတစ်မိနစ်လျှင် ၅၀ ကျပ်၊ အင်တာနက် တစ်မိနစ်လျှင် ၃ ကျပ် ကျသင့်မည် ဖြစ်ပြီး တစ်သောင်းတန်၊ သုံးသောင်းတန်၊ FEC 20 တန်၊ FEC 50 တန် စသော Top-Up Card များဖြင့် အသုံးပြုနိုင်အောင် စီစဉ်ပေးမည် ဖြစ်ကြောင်း ကြားသိရသည်။

လက်ရှိ ကမ္ဘာ့နေရာ အနှံ့အပြားတွင် အသုံးပြုလျက်ရှိသော McWill ဖုန်းများသည် SIM card သုံး ဖုန်းအမျိုးအစားများ မဟုတ်ဘဲ UID နှင့် Intelligent IP Password အခြေခံ ဖုန်းများ ဖြစ်သောကြောင့် ဖုန်းပျောက်ဆုံးသွားလျှင် မိမိဖုန်းကို ပြန်လည်ရယူရန်မှာ အခြား မိုဘိုင်းဖုန်းများ ကဲ့သို့ အလုပ်မရှုပ်ဘဲ UID နှင့် Intelligent IP Password ကို ရိုက်ထည့်ရုံနှင့် ပြန်လည် ရရှိနိုင်သော ဖုန်းအမျိုးအစား ဖြစ်သည်ဟု သိရှိရသည်။



(၃) ပြည်တွင်း GSM ဖုန်းများကို 2G အဆင့်မှ အင်တာနက် သုံးစွဲနိုင်မည့် 2.75G အဆင့်သို့ တိုးမြှင့်တော့မည် ဖြစ်ခြင်း၊ မကြာမီ အချိန်အတွင်းတွင် ပြည်တွင်း GSM ဖုန်းများကို အာဆီယံဒေသတွင်း နိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည် ဆိုသော အားသာချက်များကြောင့် GSM ဖုန်းများ၏ ပေါက်ဈေးသည် ပြီးခဲ့သော ရက်ပိုင်းမှ စတင်၍ ကျပ်ငွေ ဆယ်သိန်းအထက်သို့ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

ငါးသိန်းတန်ဖုန်းခေါ် CDMA 800 MHz ဖုန်းများနှင့် တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်သည် ဆိုသော နေပြည်တော်ဖုန်းခေါ် CDMA 450 MHz ဖုန်းများကြောင့် GSM ဖုန်းဈေးကွက် ထိခိုက်ကာ လွန်ခဲ့သော လပိုင်းများက ဈေးကွက် အတွင်းပေါက်ဈေး ကျပ်ငွေ ဆယ်သိန်းအောက် လျော့ကျခဲ့သော်လည်း အထက်ပါ နည်းပညာပိုင်းဆိုင်ရာ အားသာချက်များကြောင့် ဈေးပြန်တက်လာခြင်း ဖြစ်သော်လည်း ယခင်တန်ဖိုး ၁၅ သိန်းကျော် ပေါက်ဈေးကိုတော့ ပြန်လည်ရောက်ရှိနိုင်ရန် အလားအလာ မရှိလောက်ဟု ရန်ကင်းမြို့နယ်မှ ၀ါရင့်ဖုန်းပွဲစားတစ်ဦးက သူမ၏အမြင်ကို mmDailyNews သို့ ပြောပြခဲ့သည်။

(၄) နေပြည်တော်ဖုန်း CDMA 450 MHz ဖုန်းများ၏ ကြိုတင်ငွေပေး Top-Up Card များတွင် ပါရှိသော ဖုန်းပြောခွင့် ကုတ်နံပတ်ကို CDMA 800 MHz ဖုန်းများတွင် ရိုက်ထည့် အသုံးပြု၍ ရကြောင်း၊ ထိုသို့ အသုံးပြု နေခြင်းများ ပြည်တွင်းတွင် ရှိနေကြောင်း ကြားသိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဤကဲ့သို့ အသုံးပြု၍ ရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် အသိပေး ကြေညာထားခြင်းများ မရှိကြောင်း သိရှိရသလို အဆိုပါ ဖုန်းများ ရောင်းချဝန်ဆောင်မှု ပေးနေသော Elite Tech ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ၄င်းတို့ ကုမ္ပဏီ အနေဖြင့် 450 MHz နှင့် 800 MHz ဖုန်းများအတွက် Top-Up ကတ်များကို သီးသန့် ရောင်းချနေပြီး ကတ်များ လွှဲပြောင်း သုံးစွဲခြင်းကြောင့် ဖုန်းတွင် error တက်ပါက ကုမ္ပဏီအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သောကြောင့် mmDailyNews ပရိသတ်များ သတိပြု ဆင်ခြင်ဖွယ် ဖော်ပြ ပေးလိုက်ပါသည်။



(၅) နေပြည်တော် CDMA 450 MHz ဖုန်းများကို နိုင်ငံအနှံ့ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အားလုံးတွင် အကန့်အသတ်မရှိ ချပေးထားနိုင်ရန် ကွန်ရက်များကို တိုးချဲ့ဖော်ဆောင်သွားမည်ဟု ကြားသိရသည်။
ဦးစားပေး အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီး တို့တွင် ချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်းများတွင် အင်တာနက်ကို ယခုနှစ်မကုန်မီ သုံးနိုင်မည်

ဂျီအက်စ်အမ်ဖုန်းများအပါအ၀င် မိုဘိုင်းဖုန်းအားလုံးတွင် အင်တာနက်စနစ်ကို ယခုနှစ်ကုန်ပိုင်းတွင် သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဖုန်းနဲ့ အင်တာနက်သုံးလို့ရတဲ့စနစ်ကိုဆောင်ရွက်နေတာ အပြီးသတ်နိုင်တော့မှာပါ။ လောလောဆယ် လိုင်းတွေချိတ်ပြီး Data သုံးလို့ရနိုင်တဲ့စနစ်နဲ့ စက်ဆင်တဲ့အပိုင်းတွေ ဆောင်ရွက်နေပါတယ်။ ဒီနှစ်မကုန်ခင်တော့ အသုံးပြုနိုင်ကြမယ်ထင်ပါတယ်။ နယ်မြေအကန့်အသတ် မရှိပါဘူး။ ဖုန်းမိသလောက်နေရာတိုင်းမှာ သုံးလို့ရမှာပါ” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ အင်တာနက်စနစ်ကို မိုဘိုင်းဖုန်းများတွင်အသုံးပြုရာ၌ ဂျီအက်စ်အမ်ဖုန်းများတွင် EDGE (Enhanced Data Rates for Data Evolution)၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်နှင့် စီဒီအမ်အေ ၈၀၀ ဖုန်းများတွင် EVDO (Evolution Data Optimized) စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းများ၌
အင်တာနက်ကို ရယူသုံးစွဲရာတွင် ဖုန်းဟန်းဆက်ဖြင့် သုံးစွဲနိုင်မည့်အပြင် ဖုန်း SIM ကတ် (သို့) RUIM ကတ်များကို USB Modem အတွင်းထည့်သွင်းပြီး ကွန်ပျူတာတွင်ချိတ်ဆက်၍လည်း အင်တာနက်ကို ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ ယခုလ ၂၃ ရက်မှစတင်၍ နေပြည်တော်တွင် ချထားပေးသည့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများတွင် အင်တာနက်စတင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း နေပြည်တော်ဒေသအတွင်းတွင်သာ သုံးစွဲနိုင်သည်။ ထိုဖုန်းများတွင် အင်တာနက်ချိတ်ဆက်သုံးစွဲခြင်းအတွက် ကနဦးမှတ်ပုံတင်ကြေးအဖြစ် ကျပ် ၃၀,၀၀၀နှင့် အင်တာနက်သုံးစွဲခအဖြစ် တစ်မိနစ်လျှင် ၁၀ ကျပ်ကောက်ခံသည်။

ရေးသားသူ - ကျော်မျိုးဦး


နှစ်နှစ်အတွင်း Microsoft Windows ဗားရှင်းသစ်ထွက်ရှိမည်

Microsoft ကုမ္ပဏီမှ ၎င်း၏ Windows ဗားရှင်းသစ်အဖြစ် Windows 8 ကိုစီစဉ်လျက်ရှိပြီး ဈေးကွက်အတွင်းတင်ပို့နိုင်ရန် နှစ်နှစ်ခန့်ကြာမြင့်မည်ဟုသိရသည်။
ယခုအခါ Windows ဗားရှင်းသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း Windows 7 OS ၏ တစ်နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။ Microsoft ကုမ္ပဏီ၏ Windows ပိုင်းဆိုင်ရာဥက္ကဋ္ဌ Steven Sinofsky က ကုမ္ပဏီ၏ ဆက်လက်ဆောင်ရွက်မည့် Windows OS ၏အစီအစဉ်များနှင့်ပတ်သက်၍ ပြောကြားရန်နှောင့်နှေးလျက်ရှိပြီး Windows Server များကိုမူ ၂၀၁၂ အတွင်းထုတ်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုထုတ်လုပ်မည့် Windows ဗားရှင်းသစ်တွင် Startup Time ပိုမိုလျင်မြန်စေရန်နှင့် Sleep အနေအထားမှ ပြန်လည်ခေါ်ယူချိန်တို့ကို ပိုမိုလျင်မြန်အောင်ပြုလုပ်ပေးထားပြီး ပါဝါအသုံးပြုမှု ပိုမိုကောင်းမွန်လာနိုင်ကြောင်း သိရသည်။ Windows 8 တွင် ထိုအချက်အလက်များပြီး ပြည့်စုံရန်အတွက် အချိန်နှစ်နှစ်ခန့်ယူရန်လိုအပ်သော်လည်း Apple ၏ Tablet နှင့် Notebook မော်ဒယ်သစ်များထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ပြောဆိုလျက်ရှိကြသည်။ Windows 7 ကိုလည်း Windows Vista ထွက်ရှိပြီး နှစ်နှစ်ခွဲခန့်ကြာမှ ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် Microsoft ၏ CEO Steve Ballmer က ထပ်မံထုတ်လုပ်မည့် Version အသစ်များတွင်မူ ထိုကဲ့သို့သောနှောင့်နှေးမှုများမဖြစ်ရန် ဆောင်ရွက်မည်ဟု ကတိပေးခဲ့ကြောင်းသိရသည်။ ကုမ္ပဏီမှ Windows 8 နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း Windows 7 SP1 ကိုလက်ရှိတွင် စမ်းသပ်လျက်ရှိရာ ၂၀၁၁ နှစ်လည်ပိုင်းတွင် ရရှိနိုင်မည်ဟုသိရသည်။


Admin
Admin

ရေးသားချက်များ : 31
Start Date: : 2010-06-12

http://myitkyinaonline.4rumer.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum