Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မန္တလေး မနော်ရမ္မံကစားကွင်းတွင် 4D ရုပ်ရှင်ရုံ တည်ဆောက်မည်

View previous topic View next topic Go down

မန္တလေး မနော်ရမ္မံကစားကွင်းတွင် 4D ရုပ်ရှင်ရုံ တည်ဆောက်မည်

Post  Admin on Tue Nov 16, 2010 7:19 am


မန္တလေးမြို့၊ ၆၂ လမ်းနှင့် သိပ္ပံ လမ်းထောင့်တွင်Mg Family ကုမ္ပဏီမှ တာဝန်ယူဖွင့်လှစ်ခဲ့သော မနော်ရမ္မံခေတ်မီကစားကွင်းအတွင်း 4D ရုပ်ရှင်ရုံအပါအဝင် ကစား နည်း အသစ်များ ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ယခုလက်ရှိ ကစားကွင်းတွင် ခေတ်မီဂိမ်းမျိုးစုံနှင့်အတူ မိုးပျံရထား၊ လျှပ်စစ်တိုက်ကား၊ မြင်းကမ္ဘာ၊ မရဏစံအိမ်၊ မှော်ရထား၊ Kid Fun Zone တို့ကို ထားရှိပေးထား ကြောင်း ကစားကွင်းမန်နေဂျာ ကိုဟိန်းစိုးက ပြောသည်။”ကစားကွင်းအတွက် လိုအပ် တဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ မှာယူပြီးတော့ ပြည်တွင်းပညာရှင် တွေ တပ်ဆင်ပေးထားတာပါ။ ဆက်လက်ပြီး ၄ီ ရုပ်ရှင်ရုံနဲ့အတူ ရေလွှာလျှော၊ ရေခဲပြင်စကိတ် ကစားကွင်းတွေ အမြန်ဆုံးတိုးချဲ့ သွားဖို့ စီစဉ်နေပါတယ်။ 4D ရုပ်ရှင် ရုံမှာ လူအယောက် ၅ဝဝ ကြည့် ရှုနိုင်ပြီး ဇာတ်ကားတွေကို 4D ရသာအပြည့်အဝခံစားနိုင်အောင် ဖန်တီးပေးထားမှာဖြစ်ပါတယ်။ မနော်ရမ္မံကစားကွင်းကို မန္တလေး မြို့ရဲ့ ကဏ္ဍအစုံလင်ဆုံး ကစား ကွင်းတစ်ခုအဖြစ် တည်ဆောက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ရှင်းပြသည်။မန္တလေးမြို့တွင် ခေတ်မီကစား ကွင်းများအဖြစ် မြို့တော်ဥယျာဉ်၊ ရတနာပုံရေကူးကန်၊ Baby Grate, Daily Mart, Fantasy World, Happy World တို့သည် မြို့တွင်း ၌ တည်ရှိနေသောကြောင့် မြို့သစ် မှ အပန်းဖြေလိုသူများ အဆင်ပြေ စေရေးအတွက် ရည်ရွယ်၍ မနော်ရမ္မံခေတ်မီကစားကွင်းကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက်မှ စတင် ဖွင့်လှစ်ပေးခဲ့သည်။

Admin
Admin

ရေးသားချက်များ : 31
Start Date: : 2010-06-12

http://myitkyinaonline.4rumer.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum