Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မြစ်ကြီးနားရှိ..ဆိုင်ကယ်လုယက်မှုနှင့် ညပိုင်းလုံခြုံရေး

View previous topic View next topic Go down

မြစ်ကြီးနားရှိ..ဆိုင်ကယ်လုယက်မှုနှင့် ညပိုင်းလုံခြုံရေး

Post  Admin on Fri Nov 05, 2010 6:56 pm

ယခုတလောမြစ်ကြီးနားမြို့ ..တွင်..
ညပိုင်း10နာရီနောက်ပိုင်း..ဆိုင်ကယ်လုယက်မှုများဖြစ်ပေါ်ခဲ့ သဖြင့်..
လုယက်မှုဖြစ်ပေါ်သော..ရပ်ကွက်များရှိ..လမ်းမကြီးများတွင်
ည 10 နာရီနောက်ပိုင်း.. ရပ်ကွက်ရှိအရံမီးသတ်တပ်ဖွဲ့ များနှင့် မြို့ ရဲတပ်ဖွဲ့ ဝင်များ
စုပေါင်းစောင့်ကြပ်၍..စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်..။

ဒီလိုစောင့်ကြပ်မှုတွေကတော့..ပြီးခဲ့တဲ့  သီတင်းကျွတ်လကစတင်ခဲ့ တာဖြစ်ပြီး..
လုယက်မှုအများဆုံးဖြစ်ပေါ်ခဲ့ သော..
စီတာပူအ၀င်ဝ..ကားဂိတ်၊မြေမြင့်ရပ်မိုင်တဲကွေ့ တစ်လျောက်နှင့် ယုဇနရွေပြည်စံအနီး
ည10နာရီနောက်ပိုင်း.. အပြင်ထွက်သူများကို....တားဆီးစစ်ဆေးခဲ့ တာဖြစ်ပါတယ်..။

တားဆီးစစ်ဆေးခံရသောသူအများစုမှာ..လူငယ်များဖြစ်ပြီး..
ပြီးခဲ့ တဲ့ .. နိုဝင်ဘာ(4)ရက်နေ့ အဝေးသင်စာမေးပွဲအပြီး..
ကျောင်းသားများ..ပျော်ပါးလျောက်သွားရာ..အချိန်မတော်ကြသဖြင့်..
စစ်ဆေးခံခဲ့ ရကြောင်းသိရပါတယ်..။
စစ်ဆေးခံရသူ..တစ်ဦးစကားအရ..။

.. "အရံမီးသတ်ဝတ်စုံနဲ့ တပ်သားတွေရယ်၊ရဲတွေရယ်..
စုစုပေါင်းအယောက် 20 လောက်ရှိပါတယ်..
လာသမျှလူ..ဖြတ်သူမျှလူတိုင်းကိုလမ်းမှာတားပြီးမေးတာပါ..
ဘယ်ကလာတာလဲ..ဘယ်သွားမှာလဲ..ဘာညာ.. မေးပြီး
ပြန်လွတ်ပေးတာပါ..။စခန်းတွေဘာတွေတော့မခေါ်သွားပါဘူး..။
ဒီအတိုင်းမေးပြီးပြန်လွတ်ပေးတာပါ.. "

ယခင်က..ရွေပြည်စံအနီးတွင်..ဂိမ်းဆိုင်များ၊အင်တာနက်ဆိုင်၊ဘီယာဆိုင်များဖြင့်
ည 11နာရီအထိစည်ကားလျက်ရှိရာ..
ထိုသို့ စစ်ဆေးမှုပြုပြီးနောက်ပိုင်း..10 နာရီတွင်..အားလုံးတိတ်ဆိတ်လျက်ရှိကြောင်း
သိရှိရပါတယ်.။

မြစ်ကြီးနားအွန်လိုင်း သတင်း

Admin
Admin

ရေးသားချက်များ : 31
Start Date: : 2010-06-12

http://myitkyinaonline.4rumer.com

Back to top Go down

Re: မြစ်ကြီးနားရှိ..ဆိုင်ကယ်လုယက်မှုနှင့် ညပိုင်းလုံခြုံရေး

Post  pole on Mon Dec 13, 2010 10:30 am

သတင်းလေးတွေဖတ်ရတာ ကျေးဇူးတင်ပါတယ်ဗျာ

pole
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-24

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum