Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




mail hacking

View previous topic View next topic Go down

mail hacking

Post  မိုးထက်မြင်. on Wed Aug 25, 2010 9:20 am

Hack ချင်ကြတယ် … Hack ချင်ကြတယ်။ ဟိုလူကလည်းဟတ်မယ် ဒီလူကလည်း ဟတ်မယ်ဆိုတာကြီးပဲ။ ကျနော်ဘလော့စရေးထဲက ဒါပဲ ခဏခဏ အမေးခံနေရတာ။ Gmail ကို ဘယ်လို Hack ရမလဲဟင်တဲ့။ မတတ်ဘူးလို့ ပြောလိုက်တော့လည်း “မပြောချင်လည်း ရပါတယ်” တဲ့။ ကဲ ဘယ့်နှယ့်ရှိစ။ ကျနော့်မှာလဲ ဘယ်လိုရှင်းလို့ ရှင်းပြရမှန်းမသိ။ ကြိုတင်ပြီး တောင်းပန်ထားပါ့မယ်။ ဒီပို့စ်ကို (အခြို့သော) စာဖတ်သူတွေအတွက် တွေးတတ်အောင် မအအောင် ရေးရချင်းဖြစ်ပါတယ်။ ဘာလို့ ဟတ်ချင်ကြတာလဲ ?


ကျနော့်အမြင်ကို ပြောပါ့မယ်။ အခြို့က သူများမတတ်တာ မလုပ်နိုင်တာ တတ်ချင်တယ်။ ဒါပေမယ့် အခြေခံကျစွာကြိုးစားမှုထက် အလွယ်နည်းတွေသုံးပြီး မပင်မပန်းနဲ့ လူထင်ကြီးခံချင်တယ်။ နောက်ထပ်ကျန်တဲ့ အခြို့ကတော့ လက်နက်အဖြစ် သုံးချင်တာ။ သူ့ကို အထင်သေးသလိုနဲ့ နည်းနည်းလေး မထိခိုက်နဲ့ အဲဒီလူကြောက်သွားအောင် လုပ်ပြလိုက်ချင်တယ်။ သေနတ်ကိုင်ချင်သလိုမျိုးပေါ့။ ဒါလည်း လူထင်ကြီးခံချင်တာပဲလေ။ (ကျနော်ပြောတာ စော်ကားတယ်လို့ မထင်ပါနဲ့ သည်းခံပြီး ဆက်ဖတ်ပေးပါ) ။ ကျနော်တို့ Email ကို ဘာကြောင့်သုံးကြလဲ။ မိမိဆက်သွယ်ချင်တာတွေ လုပ်ဆောင်ချင်တာတွေကို စက္ကန့်ပိုင်းအတွင်း အဆင်ပြေစေဖို့လေ။ စာပေးတယ် စာပို့တယ် ဆိုထဲက မိမိပြောချင်တာကို လူတိုင်း မသိစေချင်တာတွေပါပါတယ်။ စာအိတ်နဲ့တောင် ပိတ်ပြီးမှ ပို့ကြတာပဲလေ။ လုံခြုံမှုကို မလိုချင်မှတော့ စာပို့စရာတောင် မလိုတော့ဘူး။ ကြော်ငြာသင်ပုန်း တစ်ခုသုံးပြီး မိမိပြောချင်တာ ရေးထားရုံပဲ။ သက်ဆိုင်သူအချင်းချင်း သူပြောတာ ကိုယ်ဖတ် ကိုယ်ပြောတာ သူဖတ်ပေါ့။ ဘယ်လိုလဲ … မဖြစ်နိုင်ပါဘူး။ သင့်တော်တဲ့ လုံခြုံမှု အဆင့်တစ်ခုတော့ ရှိရမှာပေါ့။ ကဲအခုလည်း ဒီလိုပဲလေ … ကျနော်ရေးခဲ့တာတွေ ပြခဲ့တာတွေ ကြည့်ရုံနဲ့တင် သဘောပေါက်သင့်တာ။ ဒါပေမယ့် အခုချိန်ထိ reply တက်နေတုန်းပဲ။ မေးလ်တွေပို့ ကွန်မန့်တွေပေးပြီး အဲဒီ ဆော့်ဝဲလ်ကို တောင်းနေကြတုန်းပဲ။ email address သိရုံနဲ့ ခလုပ်လေးနှိပ်ပြီး password သိနိုင်လို့တဲ့လေ။ ဒါဆို ကျနော်က ဘာသုံးလဲ၊ မိတ်ဆွေတို့ရော ဘာသုံးလဲ။ တကယ်သာ ရနိုင်ရင် ဘယ်သူတွေ ဘာသုံးပြီး ဘယ်လိုဆက်လုပ်ကြမလဲ။ ကဲ …. စဉ်းစား ။ Google တို့ Yahoo တို့ကရော ဘာလို့ သန်းပေါင်းများစွာ အကုန်ကျခံပြီး ဒီမေးလ်တွေအတွက် Host လုပ်ပေးနေတော့မှာလဲ။ သူ့ password ကိုယ်ယူလိုက်၊ ကိုယ့် account ကို သူဖျတ်သွားလိုက်နဲ့ ဘယ်သူ့ကို ဘယ်လို ဆက်သွယ်ကြတော့မလဲ။ လုံးဝ မရနိုင်ဘူးလို့ မပြောဘူးနော်။ (အဲလိုပြောရင်လည်း ရနိုင်တယ်ဆိုပြီး ရှာကြပြန်ရော)။ အဲ့လောက်မလွယ်ဘူးလို့ ပြောချင်တာ။ သော့တွေအကြောင်း သိရုံနဲ့ သော့အားလုံးကို ဖွင့်နိုင်ပြီတဲ့လား။ အမျိုးအစားတိုင်း ဘယ်ရလိမ့်မလဲ။ ဒါဆို သော့အကြောင်းတဲ့ မသိဘူးဆိုတဲ့လူတွေအတွက်ရော … ပိုဆိုးပြီပေါ့။ တစ်ခါတစ်လေ ဟိုက သော့အပေါစား ခပ်စုတ်စုတ်နဲ့ ခတ်ထားတဲ့အချိန် ကိုယ့်မှာရှိတဲ့ သော့နဲ့ ဟိုထိုးဒီထိုး လုပ်ပြီး ပွင့်ချင် ပွင့်သွားနိုင်တာပေါ့။ (ကျနော်ပြောချင်တာကို Gmail password reset လုပ်ပြီး အဆင်ပြေဘူးတဲ့လူတွေ သဘောပေါက်မှာပါ)။ ကျနော်ပေးခဲ့တဲ့ ပစ္စည်းတွေအကြောင်း ခဏ လှည့်ပြောရအောင် …
ပထမတစ်ခါက နောက်တာဗျ .. April fool အမှတ်တရဆိုပြီး။ ဒါလည်း သေချာကြည့်တဲ့လူတွေ ဒေါင်းလုပ်မချခင်ထဲက သိပါတယ်။ easy password hacking ဆိုထဲက ဖတ်လိုက်ကြ၊ ဒေါင်းလိုက်ကြတဲ့လူတွေ နည်းတာမဟုတ်ဘူး။ နောက်တစ်ခါ ထပ်ပေးတယ်။ သိစေချင်လို့ … ကိုယ့်လူတွေ အညာမမိရအောင် ပေးလိုက်တာ။ ကျနော်က မြင်လိုက်တာနဲ့ သဘောပေါက်မယ်ထင်ထားတာ။ web mail hack ဆိုတဲ့ ပို့စ်ပေါ့။ ကျနော်ရေးခဲ့သမျှ ထဲမှာ ကွန်မန့်အများဆုံးက သူတို့နှစ်ခုပဲ။ အခုချိန်ထိကို most popular တဲ့။ ကျိန်ဆဲလူလည်းရှိသလို၊ အခုချိန်ထိ အပြင်မှာတွေ့တဲ့လူတွေကတောင် အဲဒီကိစ္စ မေးတုန်း။ တကယ်ရတာလားတဲ့။ အဲဒီတော့ ရှင်းပြမှကို ဖြစ်တော့မယ်ဆိုပြီး ဒီပို့စ်ကိုရေးလိုက်တာပါ။ စကားချီးတွေ များနေတာက မလုပ်အပ်တဲ့ ကိစ္စဆိုတာကို သိစေချင်လို့ပါ။ အောက်က video preview ကို သေချာပြန်ကြည့်လိုက်ဗျာ။


email လေးထည့်ပေးလိုက်တယ်။ loading စောင့်တယ်။ password ပေါ်လာတယ်။ sign in ၀င်ပြတယ်။ ဒီဆော့ဝဲလ် လိုချင်ရင် ဒီမှာဝယ်လို့ ညွှန်းမယ်။ ကဲ … ၀ယ်ကြမလား။ အဲဒါမြင်တဲ့အထိ သဘောမပေါက်ကြသေးဘူး။ အဲဒါနဲ့ အဲဒီဆော့ဝဲပါ ပေးလိုက်တယ်။ ဒီပို့စ်မှာ ပေးထားပါတယ်။ ပုံမှာထဲက ပြထားတယ်။ email ထည့်ပေးလိုက်တယ်။ loading ပြီးတော့ password ကို dolphin2 လို့ပြတယ်။ မိမိအကောင့်တစ်ခု ထည့်စမ်းတယ်။ ဒီ password ပဲ။ အခြားအကောင့်တွေ တစ်ခုပြီးတစ်ခုနဲ့ စမ်းလိုက်လည်း ဒီ password ပဲ။ အဲဒီထဲက သိဖို့ကောင်းပြီ။ ဒီ program က ဘာထည့်ထည့် ဒါပေါ်အောင် ရေးထားတယ်ဆိုတာကို။ အပေါ်ကလို video preview ပြဖို့အတွက် သူ့နစ်ကိုလည်း dolphin2 လို့ password ကြိုပြီးပေးထားလိုက်တယ်လေ။ သူ့နစ်ထည့်ပြတယ်။ ဒီ Password ပေါ်တယ်။ Sign in ၀င်ပြတယ်။ လိုချင်ရင် ၀ယ်တဲ့။ ရှင်းပါပြီနော် … ကျနော်ဘာလို့ တင်ပေးခဲ့တာလည်းဆိုတာ။ ဒီဆော့်ဝဲနာမည်နဲ့ ရှာရင် ဒေါင်းလုပ် လုပ်ယူဖို့အတွက် သူတို့ ဆိုဒ်မှာ register လုပ်ခိုင်းတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ၀ယ်ခိုင်းတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဗိုင်းရပ် ဖိုင်ကို ပေးလိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ခုနက ကျနော်ပြောခဲ့တဲ့ စိတ်ကြောင့်ဖြစ်တဲ့ မိတ်ဆွေတို့ရဲ့ လောဘကို အသုံးချလိုက်တာပဲလေ။ အဲဒါကို မြင်စေချင်တာ … အဲလိုမျိုး တွေ့ခဲ့ရင် အမှန်မဟုတ်ဘူး၊ ဒီလို ဒီလို သဘောနဲ့ လိမ်တယ်ဆိုတာ တွေးတတ်အောင် ပေးခဲ့တာ။ ဘာမှ မရေးခဲ့တာလည်း စမ်းလိုက်ပြီ ဆိုတာနဲ့ သဘောပေါက်မယ်ထင်ထားလို့ပါ။

မဆိုင်တဲ့ အကြောင်းအရာ တစ်ခုပြောပြဦးမယ်။ ဟိုတစ်ခါလိုပေါ့ … ကွန်ပျူတာ တက္ကသိုလ် တစ်ခုရဲ့ နာမည်နဲ့ ဆိုဒ်တစ်ခုထောင်တာ။ အဲဒီမှာ ပထမဆုံးပို့စ်ပေါ့။ သူလည်း ပြန်ရှယ်ပေးတာလို့ ပြောတယ်။ သူကိုယ်တိုင်ရေး မဟုတ်ဘူးပေါ့။ ကြိုက်တဲ့နေရာကနေ ကြိုက်တဲ့ web hosting မှာရေးလိုက်၊ မူရင်း စာရေးသားသူရဲ့ ip နဲ့ sever စတဲ့ data တွေ သူ့ရဲ့ cmd မှာ ပေါ်သတဲ့။ cmd မှာ ရိုက်ထည့်ဖို့ command တွေပေးထားတယ်။ အဲဒီ command အတိုင်းရေးပြီး မိမိ သိချင်တဲ့ URL ကို ရိုက်ထည့်လိုက် ထိုဆိုဒ် ရေးသားသူရဲ့ ip ဟာ cmd မှာ ပေါ်လာသည်တဲ့။ သေချာ မစမ်းကြည့်ပဲ ရေးတာကို ပြောချင်တာပါ။ cmd command ကို နားမလည်ဘူးပဲ ထားဦး၊ သုံးလေးခုလောက်တော့ စမ်းကြည့်ပါဦးလားလေ။ မိမိ cmd မှာ မိမိရေးထားတဲ့ blog address ကို ရိုက်ထည့်ပြီး စမ်းမှတော့ မိမိ data တွေပေါ်မှာပေါ့။ အဲဒီတော့ မှန်ပြီပေါ့။ ငါဟ .. အတိအကျကြီး ပေါ်နေပါလားပေါ့။ ကိုယ့်စက်နဲ့ ကိုယ်ကိုး။ google.com လောက်ပဲ ရိုက်ထည့်လိုက်ကြည့်လေ။ google ရေးသားသူလည်း မိမိပဲလား။ မဟုတ်တာသေချာပေမယ့် သူကတော့ ခုနက data အတိုင်းပဲ မပြောင်းမလဲ ပြမှာဖြစ်ပါတယ်။ နားလည်မယ်ထင်ပါတယ်။ ဒီလိုဗျာ အဲဒီ command က ping သဘောမျိုးပဲ။ မိမိ Internet, LAN, စတဲ့ networking data တွေကိုစမ်းသပ်ဖို့အတွက် link တစ်ခုခုကိုရေးပြီး test တာပဲဖြစ်ပါတယ်။ အော် ping ဆိုလို့ တစ်ချို့က အောက်က command လေးကို cmd မှာ ရိုက်ထည့်ထားရင် net speed တက်တယ်ဆိုပြီး သုံးကြတယ်ဗျာ။
ping “www.thanlonnge.info” -t
လင့်နေရာမှာတော့ တစ်ခုခုပေါ့ဗျာ။ ဘာတွေပြလဲဆိုတော့ net time out ဖြစ်တာတွေ၊ reply ဘယ်လောက် speed ပြန်လာတာတွေ ပြတယ်ဗျ။ အဲဒီမှာ တစ်ခုပဲ သိရင်ကို ရပြီ။ what ping ? ဘာလဲ ping ဆိုတာ။ သေချာသိချင်ရင် ဒီမှာသာဖတ်ကြည့်တော့။ ရေးနေတဲ့ ပို့စ်နဲ့ ဘာမှ မဆိုင်တဲ့အပြင် စာလည်းတော်တော်ရှည်နေပြီမို့မရေးပေးတော့ဘူး။ You can use the Ping command to perform several useful Internet network diagnostic tests. လို့သာ မှတ်ထားပေတော့။ ဒီဘာမှမဆိုင်ဘူးဆိုတဲ့ အပိုင်ကို ရေးရတာက သူများတွေကို စော်ကားချင်လို့ နှိမ်ချင်လို့ရေးတာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဘာမှ များများစားစား မသိပါဘူး။ ဒါပေမယ့် သူများပြောသမျှ ယုံပြီး တကယ်ထင်နေမှာစိုးတာ။ သေချာလေးတော့ စမ်းသပ်ကြည့်၊ ပြီးရင်လေ့လာကြည့်ပြီးမှ မျှဝေပါ ရေးသားပါလို့ နောက်ကိုစာရေးမယ့် ရောင်းရင်းညီအစ်ကို များသို့ အများအကျိုးရှေးရှူပြီး လူမုန်းခံကာ မေတ္တာရပ်ခံခြင်းသာဖြစ်ပါတယ်။

ဆက်ကြစို့ … ပြောချင်တာ တစ်ပိုဒ် ကျန်သေးတယ်။ နောက်တစ်ခု keylogger ကိစ္စ။ ဒီပို့စ်ကိုပြောတာပါ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ ကျနော် အောက်မှာ ထပ်ဖြည့်စွက်ထားပါသေးတယ်။ အရင်ထဲက keylogger ကို သုံးဖူးသူတွေများကြီးပဲဗျ။ ဒါပေမယ့် ကျနော်က ဆိုင်ဘာတွေမှာ အဲလိုသုံးထားရင် password နဲ့ data တွေပါနိုင်တယ်ဆိုပြီး ရေးတော့၊ gmail password ဆိုတာနဲ့ စိတ်ဝင်စားတတ်တဲ့ မြန်မာများ ခေါင်းထောင်လာပါတယ်။ အဲဒီတော့မှ keylogger ကို စိတ်ဝင်တစား ဖြစ်လာကြတယ်။ အဲ .. ရေးပြီးပြီးချင်း ဘယ်လောက်မှတောင် မကြာဘူးဗျ။ တစ်ယောက်က ကျနော်ရေးထားသမျှကို အကုန်ကူးပြီးအောက်က ဖြည့်ချင်တာဖြည့်လိုက်တယ်။ ပြီးတော့ သူ့မှာတင်ရုံမက forward နဲ့ပါ ဖြန့်ရော။ ကျနော်ရေးထားတာတွေ ကြိုက်တဲ့နေရာမှာတင် ကိစ္စမရှိပါဘူး။ အစ်ကို ကိုကိုရဲ ပြောသလိုပေါ့။ ကိုယ့်ဘလော့ ရောက်မလာလည်း ကိုယ်ပေးချင်တဲ့ knowledge သူသိသွားပါတယ်။ အဲဒီတော့ ကြိုက်သလို ပြန်ရှယ်ပါ။ ဒါပေမယ့် တလွဲတွေ မဖြည့်စွက်လိုက်ပါနဲ့။ ကျနော်ရေးလိုက်တဲ့ စေတနာ အလကားဖြစ်သွားသလို၊ တခုခု ဖြစ်သွားခဲ့ရင်လည်း ကျနော့် တာဝန်မကင်းပါဘူး။ ဘယ်လိုဖြည့်စွက်လို့ မှားတယ်ဆိုတာတော့ ဒီပို့စ်ရဲ့အောက်က ဖြည့်စွက်ချက်မှာပဲ ဖတ်ကြည့်လိုက်ပါ။
ကျနော်မှားခဲ့ရင် ထောက်ပြနိုင်ပါတယ်။ အဲလိုမဟုတ်ပဲ မိမိကိုယ်တိုင် သေချာမသိဘူးဆိုရင်တော့ ဘာမှမဖြည့်စွက်ပါနဲ့ဗျာ။ တလွဲတွေဖြစ်ကုန်မှာစိုးလို့ပါ။ အဲဒီတုန်းက သူ credit ပေးပုံက ကျနော့်ဆီက ပို့စ်ကို မှီငြမ်းပြီး သူဖြည့်စွက်တယ်ပေါ့။ သူရေးတာဘယ်ဟာ၊ ကျနော်ရေးတာ ဘယ်ဟာဆိုတာလည်း ဘယ်သူမှ မသိတော့ဘူးလေ။ အဲဒီတော့ မှားသွားတဲ့ အမှားက ကျနော့်မှာလည်း တာဝန်ရှိသွားမှာပါ။ ကျနော့်မူရင်းပို့စ်ကို တွေ့ပါလျှက်နဲ့ အဲဒီမှားနေတဲ့ ဖြည့်စွက်ချက်ကို အခုထိ ရှယ်ယာပေးနေတာတွေ့လို့ အခုလိုပြောခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကျနော်ရေးတာတွေကို ကြိုက်သလိုရှယ်ပါ။ ဒါပေမယ့် မိမိမသေချာပဲနဲ့ မဖြည့်စွက်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။ တောင်းပန်တာပါ။ ကျနော်ဒီလို စာတွေရေးနိုင်ဖို့ ဘာသင်တန်းမှ မယူနိုင်ခဲ့ဘူး။ အခြေအနေတွေလည်း အရမ်းမပေးပါဘူး။ ကိုယ်တိုင် ကြိုးစားပြီး အခက်အခဲတွေကြားထဲက ရေးရတာပါ။ အဲဒါကြောင့် ကျနော်ချွေးနဲ့ ရေးတဲ့ စာတွေကို ကျနော်တန်ဖိုးထားတာပါ။ နားလည်ပေးကြမယ်လို့ ထင်ပါတယ်။

ယခုပို့စ်တွင် ကျနော်ပြောခဲ့သည်များထဲမှ ရိုင်းပြ စော်ကားလိုသည့် သဘောများဖြစ်သွားခဲ့လျှင် ခွင့်လွှတ်ပေးကြဖို့ ကြိုတင်တောင်းပန်ထားပါတယ်။ သဘောမပေါက်သူများ သိစေလို၊ စဉ်းစားတတ်စေလိုသည့်အတွက် ရေးလိုက်ရခြင်းသာဖြစ်ပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။



သုံလုံးငယ်မှ ကူးယူတင်ပြ

မိုးထက်မြင်.

မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

View previous topic View next topic Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum