Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ပြုံးချင်ရင်... (ကျွန်တော်လည်းလျှောက်သွားရင်း သူငယ်ချင်းတွေဖတ်ဖို့ တင်ပေးလိုက်တာပါ..)

View previous topic View next topic Go down

ပြုံးချင်ရင်... (ကျွန်တော်လည်းလျှောက်သွားရင်း သူငယ်ချင်းတွေဖတ်ဖို့ တင်ပေးလိုက်တာပါ..)

Post  iloveyou on Mon Aug 23, 2010 12:34 pm

1) အင်တာဗျူး


ကုမ္ပဏီတစ်ခုမှာ “ အရောင်းဝန်ထမ်း ” အလိုရှိသည် လို့ကြော်ငြာထားတဲ့အတွက် လူငယ်တစ်ယောက်အလုပ်လာလျှောက်ပါတယ် ။

ဒီမှာ ကုမာဏီတာဝန်ခံက ခုလိုမေးမြန်းပါတယ် ။

“ မောင်ရင် မုသားပြောတတ်သလား ”

“ ဟုက်ကဲ့ ….. လိုအပ်ရင် ပြောတတ်ပါတယ် ခင်ဗျ ”

“ မုသားပြောတတ်တဲ့လူတွေ ဘယ်ရောက်တတ်တယ်ဆိုတာကိုကော မောင်ရင်သိရဲ့လား ”

“ ဟုက်ကဲ့ … ရာထူးတိုးပြီး အရောင်းဠာန ကို အပို့ခံရတတ်ပါတယ် ခင်ဗျ ”

**********************

2) ဖုံးထားပါတယ်

သားဖွားမီးယပ်ဆိုင်ရာ သင်ကြားပြသတဲ့ သင်တန်းက သင်တန်းဆရာတစ်ဦးဟာကိုယ်ဝန်ဆောင်များကို ကလေးမွေးဖွားခြင်းကိစ္စနဲ့

ကိုယ်ဝန်ဆောင်မိခင်ကောင်းများအနေနဲ့ ၊ တီဗွီမှန်သားပြင်ပေါ်က ပြသလျက်ရှိတဲ့ ထိတ်လန့်ကြောက်ရွံ့စရာတွေ ၊ အထိုးအကြိတ

်အသတ်အဖြတ်တွေပါတဲ့ ဇာတ်ကားတွေကိုကြာကြာကြည့်ရင် မွေးဖွားလာတဲ့ ကလေးတွေရဲ့ ကိုယ်အမှုအရာ ၊ စိတ်အမှုအရာတွေ

ကြမ်းတမ်းစေတယ်လို့ဆိုပါတယ် ။

ဒီမှာ ကိုယ်ဝန်ဆောင်မိခင် ၊ သင်တန်းသူတစ်ဦးက ခုလိုထပြီးပြောပါတယ် ။

“ အဲဒါကြောင့်မို့ပေါ့ ၊ ကျွန်မဆိုရင် ကွန်ဖူးသိုင်းကားတွေကြည့်တိုင်းဗိုက်ကိုအမြဲတမ်း စောင်နဲ့ဖုံးကွယ်ပြီးမှ ကြည့် ပါတယ် တဲ့ ။ ”

****************


3) တော်တော်ဟုတ်တဲ့ ဖုန်းဖြေစက်


“ဖုန်းဖြေကြားပေးဖို့ အိမ်မှာတစ်ယောက်မှမရှိကြပါဘူးရှင့် ။ဒါကြောင့်မို့လို့လူကြီးမင်း အသံကြားရရင် မှာချင်တဲ့စကားကိုချန်ထားခဲ့ပါ ။

ဒါပေမဲ့ တကယ်လို့များ ရှင်သာဖောက်ထွင်းသမားတစ်ဦး ဆိုရင်တော့ကျွန်မတို့ အပြင်ကိုလုံးဝထွက်ကြမှာမဟုတ်ပါဘူးရှင့် ။

ရှင့်ဆီက ဖုန်းလက်ခံနေစဉ်မှာ … ကျွန်မတို့ ပစ္စတိုတွေကို ရှင်းလင်းသုတ်သင်နေကြမှာပါ ။”

***************

4) ဆရာမနဲ့ရွှေအ

နယ်က မူလတန်းကျောင်းတွင်ဆရာမက ကျောင်းသားရွှေအကိုမေးခွန်းတစ်ခုမေးသည် ။

ဆရာမ - “ ၁ နဲ့ ၂ ပေါင်းရင် ဘာဖြစ်သလဲ ရွှေအ ”

ရွှေအ - “ ရောသွားပါတယ် ဆရာမ ”

***********************

5) စိတ်ရှည်ဖို့လိုတယ်

ခင်ပွန်း - “ အဲဒီခွေး ၊ မင်းစကားနားထောင်အောင်လုပ်ဖို့ အောင်မြင်မယ် မထင်ဘူးကွာ ”

ဇနီး - “ အဓိပာယ်မရှိလိုက်တာ ၊ စိတ်ရှည်ဖို့သာ အဓိကရှင် ၊ ရှင့်တုန်းကလည်း အစတော့ကျွန်မ ဒုက္ခအများကြီးကြုံခဲ့ရတာပါပဲ ။ ”

*********************

6) ဘယ်လောက်ချစ်လဲ

ယောကျာင်္းလေး - “ ကိုယ့်ကိုချစ်လားဟင် ”

မိန်းကလေး - “ ချစ်တာပေါ့ ”

ယောကျာင်္းလေး - “ ဘယ်လောက်ချစ်လဲ ? ”

မိန်းခလေး - “ အရင်လူတွေထက်ပိုချစ်တယ် ”

************************

7) သနားလို့

မောင်မောင်က “ မင်း ငါနဲ့ချရမှာကြောက်နေတယ် မဟုတ်လားကွ ” ဟုလှောင်ပြောင်လေသည် ။

ကျော်ကျော် “ မဟုတ်ဘူးကွ ” ဟုပြန်အော်လိုက်သည် ။

“ ဒါဆိုရင် မင်းဘာလို့ မချတာလဲ ”

“ ငါအမေက စိတ်ဆိုးပြီး ကျောပြင် ဗြောတင်မှာစိုးလို့ကွ ”

“ မင်းအမေက ဘယ်လိုလုပ်ပြီး သိမှာလဲ ”

“ မင်းကိုသူနာပြုကားက ဆေးရုံခေါ်သွားတာကို သူမြင်မှာပဲလေ ”

********************

Cool သူ့အတွေးနဲ့သူ

စိတ်ရောဂါကု ဆရာဝန်က သူ့လူနာကို ခုလိုမေးခွန်းထုတ်လိုက်ပါတယ်။

“ ခင်ဗျားရဲ့ ဘယ်ဘက်နားရွက်ကိုကျွန်တော်ဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ ”

“ ကျွန်တော် ဘယ်ကြားတော့မှာ လဲ ဆရာ ”

“ ဒါဖြင့် ကျန်တဲ့ညာဘက်နားရွက်ပါ ဖြတ်လိုက်ရင်ကော ”

“ ကျွန်တော် မမြင်ရတော့ဘူးပေါ့ ဆရာ ”

စိတ်ရောဂါကု ဆရာဝန်ဟာ တအံ့တသြဖြစ်သွားပါတယ် ။ ဒါနဲ့လူနာကို ထပ်မေးလိုက်ပါတယ် ။

“ ဘာဖြစ်လို့ မမြင်ရမှာလဲ ”

“ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မျက်မှန် ပြုတ်ကျသွားလို့ပေါ့ ဆရာ ” တဲ့

**********************

9) မှားတဲ့အခါလည်း မှားပေမပေါ့

ဆရာဝန်တစ်ဦးနဲ့ ရှေ့နေတစ်ဦးဟာ အရေးကြီးတဲ့အမှုတစ်ခုအတွက်သက်သေခံဖို့ရောက်ရှိလာကြပါတယ် ။

ရုံးမှာ အတူဆုံကြရင်း စကားလက်ဆုံကျကြပါတယ်။

ရှေ့နေ - “ ဆရာဝန်တွေလည်း တစ်ခါတစ်ရံမှားတတ်ကြပါတယ် ။ ဟုတ်တယ် မဟုတ်လား ။ ”

ဆရာဝန် - “ ရှေ့နေတွေလည်း မှားတတ်ကြတာပါပဲ ဗျာ ….။ ”

ရှေ့နေ - “ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှားသွားရင် အဲဒီအမှားဟာ မြေကြီးအောက် ခြောက်ပေလောက်ထိရောက်သွားနိုင်တယ်နော ။ ”

ဆရာဝန် - “ ဟုတ်ပါတယ် …။ဒါပေမဲ့ ရှေ့နေတစ်ယောက် မှားသွားခဲ့ရင် လေထဲမှာ ခြောက်ပေလောက်တွဲလောင်းကြီးဖြစ်သွားနိုင်တယ်ဗျာ … ။ ”

**************************

10) ဒီလိုကြေးလား

ကျောင်းကပြန်လာတဲ့သားရဲ့နဖူးမှာ “ ယနေ့ည မိဘဆရာအသင်း အစည်းအဝေးရှိသည်” ဆိုတဲ့စာတမ်းကိုတံဆိပ်တုံးရိုက်နှိပ်ပေးလိုက်တာတွေ့ရပါတယ် ။

ဒီတော့ ဖခင်ဖြစ်သူဟာ စိတ်ဆိုးသွားပြီး နောက်နေ့ သူသားကျောင်းသွားခါနီးတော့ သူ့သားရဲ့နဖူးမှာ “ မည့်သည့်စာမှမရေးရ ”

ဆိုတဲ့စာတမ်းကို တိပ်နဲ့ကပ်ပေးလိုက်ပါတယ်

**********************
11) စိတ်ငြိမ်ဆေးစားပါ ဒေါက်တာ

ဆေးရုံတစ်ရုံ ပြင်ပလူနာဌာနမှာဖြစ်ပါတယ် ။ သူနာပြုဆရာမက တာဝန်ကျ အမျိုးသားဆရာဝန်ကို ခုလိုသတိပေးစကားပြောပါတယ် ။

“ ဒေါက်တာ ….. စိတ်ငြိမ်ဆေးတစ်လုံးလောက် စားထားရင် ကောင်းမယ်ထင်ပါတယ် ဒေါက်တာ ”

“ ဗျာ ….. ဘာဖြစ်လို့လဲဆရာမ ”
“ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ အမျိုးသမီးတစ်ယောက်ရောက်နေလို့ပါဒေါက်တာ ။သူ့အချိုးစားက ၃၆-၂၂-၃၈ မို့ပါ ”

********************

12) ဒါဆိုအိုကေ

ရှေ့နေ စာမေးပွဲအောင်ပြီးခါစသူငယ်တစ်ဦးဟာ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို့ လာရောက်လျှောက်ထားခဲ့ပါတယ်။

အင်တာဗျူးမှာ လုပ်ငန်းရှင်က ခုလိုမေးခွန်းထုတ်ပါတယ် ။

“ မင်း သိရှိနားမလည်မှု မရှိသေးတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီးအမှုသည်က လာရောက်ဆွေးနွေးလာရင် မင်း ဘယ်လို လုပ်မလဲ ပြောစမ်း ”

“ ကျွန်တော် စရံငွေအဖြစ် ငွေတစ်သာင်းခွဲလောက် အရင်တောင်းမယ် ပြီးတော့ နောက်နေ့လာဖို့ ချိန်းလိုက်မယ် ”

“ အိုကေ မင်းကို အလုပ်ခန့်လိုက်ပြီ ”

**********************

13) ဒီလိုလူမျိုးမှ

စီးပွားရေးလောကမှာ နာမည်ကောင်း သိပ်မရတဲ့ ကုမဏီတစ်ခုက စာရင်းကိုင်အလုပ်ခန့်ထားဖို့ လျှောက်ထားသူတွေကို လူတွေ့စစ်မေးခဲ့ပါတယ် ။

သူက လူတစ်ဦးစီကို “ နှစ်နဲ့နှစ်ပေါင်းရင် ” ဘယ်လောက်ရမလဲ လို့မေးပါတယ် ။ပထမလူက “ လေး ” ရတယ်လို့ဖြေပါတယ်။

ဒုတိယလူကလည်း “ လေး ” ရတယ်လို့ပဲဖြေပါတယ် ။ တတိယမြောက်လူကျမှာပဲ အလုပ်ရသွားပါတော့တယ် ။

“ နှစ်နဲ့နှစ်ပေါင်း ဘယ်လောက်လဲ ” လို့ မေးတော့ ၊ တတိယလူက ထရပ်ပြီး တံခါးထပိတ် ၊ လိုက်ကာတွေကို ဆွဲစေ့လုပ်ပါတယ်။

ပြီးမှ စားပွဲဆီပြန်လာပြီ ကိုယ်ကိုညွတ်ကိုင်းကာ ခုလိုပြန်မေးခဲ့ပါတယ် ။
“ဆရာ ဘယ်လောက်ဖြစ်စေချင်ပါသလဲ ခင်ဗျာ”

iloveyou
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 36
Start Date: : 2010-08-14

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum