Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ကျွန်တော်ချစ်သောအမေ

View previous topic View next topic Go down

ကျွန်တော်ချစ်သောအမေ

Post  iloveyou on Sat Aug 21, 2010 2:00 pm

ကျွန်တော်ချစ်သောအမေ

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့တယ်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေက အမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀အတွင်း ပီးကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတစ်ဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ip-ဖုန်းကဒ် လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှ တစ်နှစ်ထက်တစ်နှစ် အိုစာသွားခဲ့ သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကိုစိတ်မပူဖို့၊ နေရာတစ်ကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း၊ ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီး၊ တွေ့ချင်နေ ပြီဆိုတာကျွန်တော်သိလိုက်ပါသည်။

အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှအလုပ် ဘာမှမတွေးပဲ အမေ့အနားတွင်နေမည်။
ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက် သောအစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
လေယာဉ်ပေါ်ကအဆင်း အမေနှင့်တွေ့သောအခါ ပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိသည်။ တစ်ကယ်တမ်း အမေနှင့် တွေ့သောအခါတွင် ကျွန်တော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီးဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော်မရျိတော့။ ဂွမ်းစောင်အစား သိုးမွေး စောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့၊ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လဲ လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်တစ်လဲလဲပြောနေတော့သသည်။ ထိုအကြောင်းများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းများ နှင့်ကျွန်တော်၏ ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက် ကျပြီ ဖြစ်ကြောင်း ပြောမေလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိသည်။ အမေချက်သောဟင်းထဲတွင် တစ် ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျင်လျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် အရင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားပဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော် အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်စော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ် မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားစကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ် နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစ်စိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့် အတူတူ ဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန် တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲသို့ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလဲအမေ ကျွန်တော့်ကို ပြပါလား" အမေတွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ "ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂-လပိုင်း ၆ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေး မှာ ........

"ငါအိုသွားသောအခါ"

ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုပြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန် မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ့အပြုံးတွေထဲက မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်း များကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်ဘယ်နေရာရောက် ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။

မြန်မာပြည်မှ အမေ့ကို ဒီဝတ္တုတိုလေးကိုရေးရင်း မျက်ရည်များဖြင့် သားကန်တော့လိုက်ပါတယ်....


note; ကျွန်တော်အရမ်းကြိုက်တဲ့စာလေးတစ်ခုပါ... ဘယ်အကြောင်းအရာမှာတင်ရမှန်းမသိတာနဲ့ရောက်ရာပေါက်ရာမှာပဲတင်လိုက်ရတာပါ... ကျွန်တော်ကြိုက်သလို သူငယ်ချင်းများလည်းကြိုက်ကြမယ်လို့ တင်ပါတယ်...

iloveyou
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 36
Start Date: : 2010-08-14

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum