Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ရွှေနိုင်ငံမှ ကိုယ်ရွှေ ကိုယ်မျိုးများ.. (ဖတ်မိပြီးသဘောကျလို့ ပြန်ပြီးရှယ်ပေးလိုက်တာပါ)

Go down

ရွှေနိုင်ငံမှ ကိုယ်ရွှေ ကိုယ်မျိုးများ.. (ဖတ်မိပြီးသဘောကျလို့ ပြန်ပြီးရှယ်ပေးလိုက်တာပါ)

Post  iloveyou on Fri Aug 20, 2010 12:17 pm

ရွှေနိုင်ငံမှ ကိုယ်ရွှေ ကိုယ်မျိုးများ
Monday, 20 October 2008
Posted by တေးအေးရိပ်
ရွှေနိုင်ငံမှ ကိုယ်ရွှေ ကိုယ်မျိုးများ
2008-10-20T21:19:00+01:00
တေးအေးရိပ်
အယူတော်မင်္ဂလာ|
Comments

*This article contains no astrological jargon*
ပြည်ပမှာ နေတဲ့သူတွေ ရွှေမြန်မာ ရွှေမြန်မာ လို့ ပြောပြောနေတော့ ပါးစပ် စီးနေတာ နေမှာပေါ့။




ဘယ်နိုင်ငံကလဲ.. The Golden Land .. ရွှေနိုင်ငံကပေါ့ ။

ပြည်ပမှာ ကိုယ့်လူမျိုး အချင်းချင်း ဘယ်လို ခေါ်သတုန်း..
ဒါလေးများ.. ကိုယ့်အခြင်းခြင်း ဂုဏ်တင်ပြီး.. ရွှေ လို့ ခေါ်တယ်..ဟော..ဟိုမှာ ရွှေမလေး.. ဟေးဟေး။ တစ်ခြား နိုင်ငံသူ နိုင်ငံသားတွေဆို ခွေးတို့ ၊ ဖားတို့ ၊ ယပက်လက်တို့ ၊ အမည်းတို့ ၊ အဖြူတို့ ခေါ်တယ်လေ..


အကြိုက်ဆုံးရတနာ..
အားတော့နာတယ်.. ရွှေမှ ရွှေပဲ.. သိတယ်မဟုတ်လား.. ရတနာ စုလို က ရွှေဥ သို့ ကြွခဲ့ပါနော်တဲ့..ရွှေဆိုင်ကြော်ငြာတဲ့ မင်းသမီးကြီး.. ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်လို့ ပြောပြီး ရွှေတွေချည်း ဟီးနေအောင် ၀တ်ထားတာလေ..။ ပြီးတော့ ရွှေက ပြန်ဖျောရတာ လွယ်တယ်..။ ငွေဖြစ်လွယ်တယ်.. Liquidity ဖြစ်တာ မြန်တယ်လေ။

ဘာသာရေးမှာကော?
အမယ်.. ရွှေမှ ရွှေပဲ .. ဘုရားစေတီ ပုထိုးတော်တွေဆိုရင် ရွှေရောင် ၀င်းအိနေမှဖူးမျှော်ရတာ အားရသကိုးဗျ. ထုံးသင်္ကန်းနဲ့  ဘုရားပုထိုးတွေဆိုရင် ကြည့်ရတာ တစ်ခုခု လိုနေသလိုပဲ။ စေတီတော်တွေရဲ့ အမည်တွေကိုလည်း ရွှေပါမှ သဘောကျတာ။
ရွှေတိဂုံ၊ ရွှေဘုံးပွင့်၊ ရွှေမျက်မှန် အစရှိသဖြင့်ပေါ့..

ပြည်ပရောက်နေတဲ့မြန်မာမလေးတွေကို မြန်မာပြည်တွင်းကကော ဘယ်လို ခေါ်သေးလဲ။
သီချင်းထဲမှာတော့ တစ်ပြည်သူ မရွှေထား လို့ ကြားဖူးတာပဲ။

ပြည်ပမှာ ဆိုင်ဖွင့်ရင်ကော ရွှေပါသေးလား။
မေးနေရသေးလားကွယ်.. ရွှေဒရင်းမ် တို့ ၊ ရွှေကလပ်စစ်တို့ ၊ ရွှေမိသားစု ၊ ရွှေမန္တလေး တို့ နံမည်ကြီးမှကြီး ..

အစားအသောက်မှာကော
ဒါလဲ ရွှေမှ .. ရွှေပဲ ။ ရှေးမြန်မာမင်းတွေလက်ထက်က ရွှေခွက်တွေ ၊ ရွှေဖလားတွေနဲ့  စားတယ်လို့ ပြောတာပဲ။ ငှက်ပျောသီးကို ရွှေကပ်ပြီး လည်း စားတယ်။ အသားလှအောင်လို့ ဆိုပဲ။ တစ်သားမွေး တစ်သွေးလှတဲ့ အမျိုးသမီးတွေကိုလည်း ရွှေမှုံစားပြီး ဖွားတာလား ဆိုပြီး အမေးတောင်ရှိသေးသပ။

ဆေးဝါး တွေမှာကော ရွှေပါသေးလား။
မြန်မာ့တိုင်းရင်း ဆေးတွေမှာဆို ပါသဗျ။ ဥပမာ အနေနဲ့ ဆိုရင် လူပျံတော် ပတ္တမြား ဆိုရင် ရွှေမှုန်ထည့်တယ် ဆိုလား ဘာလား။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဒါပေမဲ့ ဆေးကိုတော့ ရွှေဆေးလို့ ညွှန်းထားတာပဲ။

ဒါဆိုရင်တော့ ခန့် မှန်းလို့ ရပါပြီ။ အဲဒီနိုင်ငံကြီးလည်း ရွှေထွက်မှာပေါ့။
ထွက်တာကတော့ ပြောမနေနဲ့ ။ ရွှေကြော ။ ရေနံကြော ၊ ကျောက်စိမ်းကြော ပေါသဗျ။

ရွှေတွေ အရမ်းကြိုက်မှတော့ အုပ်ချုပ်သူ အကြီးအကဲမှာလည်း ရွှေပါဖို့ ကျိန်းသေတာပေါ့။
ဟာဗျာ.. မေးနေရသေးလား။

အရမ်းကြိုက်တာပေါ့နော..
သိဘူးဗျ...

ပြည်ပမှာ နေတဲ့သူတွေ ရွှေမြန်မာ ရွှေမြန်မာ လို့ ပြောပြောနေတော့ ပါးစပ် စီးနေတာ နေမှာပေါ့။
ရွှေမြန်မာလို့ ပြောရတာ အားရသကိုး ...

အားရတာလည်း ရပေါ့.. ရွှေနိုင်ငံ ၊ ရွှေမြန်မာဆိုတော့လည်း .. အင်းပေါ့လေ သူ့ နိုင်ငံ ၊သူ့ ပြည်သူပြည်သားလို့ ဆိုနေသလိုလို .. နည်းနည်းတော့ လျှော့ပြီးပြောပေါ့။ ရွှေမထည့်နဲ့ တော့လေ။ မြန်မာ ဆိုလည်း မြန်မာ ။ ဗမာ ဆိုလည်း ဗမာပေါ့။ပြီးတော့ ပြည်ပမှာ နေရတာ လွယ်တာမဟုတ်ဘူး ။ ရသမျှလည်း စုမိဆောင်းမိအောင် ခြစ်ခြုပ်ပြီး စု စု နေနေရတာ။ ရွှေမြန်မာလို့ ပြောနေမဲ့ အစား xမြန်မာ ဆို ပိုမကောင်းဘူးလား။

ကြိုက်ပါဘူးဗျာ...ခေါ်ရတာ ထောက်နေတယ်။ xမြန်မာ ဆိုတော့ အင်း..အဲ.. ရွှေပြည်တော်ရေ..မျှော်လေတိုင်း ဝေးပေါ့ဗျား..



ကျွန်တော်ရေးထားတာတော့မဟုတ်ပါဘူး.... copy paste လုပ်ထားတာပါ...
Laughing Laughing Laughing

iloveyou
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 36
Start Date: : 2010-08-14

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum