Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မြကြာဖြူအတွက် ပေါက်ပန်းလေးဆယ် ကာရန်

Go down

မြကြာဖြူအတွက် ပေါက်ပန်းလေးဆယ် ကာရန်

Post  Trojan on Fri Aug 20, 2010 10:26 am


အလွမ်းနဲ့ သာဖူးမြော်ဝံ့တယ် အနမ်းနဲ့ မကျူးကျော်ဝံ့ပါဘူး မြကြာဖြူ
မျက်လွှာတစ်ချက်အပင့်ကို အသက်ပါလွင့်မတတ်ကြောက်တတ်ခဲ့သူပါ
မလာရင်မျှော် လာရင်ပျော်လို့  ငါတော်တော်လည်းအရူးရင့်ခဲ့တယ်
အရှုံးနဲ့ မှိုင်မလား အပြုံးနဲ့ နိုင်မလားဆိုတာ နင့်မျက်စောင်းတစ်ချက်နဲ့  တစ်ဖက်သတ်ဆုံးဖြတ်ပါမြကြာဖြူ
ငါကတော့ လူရယ်ချင်အောင်အဆိပ်တက်လို့ 
နင်ကလည်း သူမမှီအောင် နှိပ်စက်လို့ ... (တစ်ကယ်ပိုင်ဆိုင်တာကြည့်တော့လည်း)
အဖြူအနီရောင် အိပ်မက်တွေပဲရှိခဲ့ တာပါလေ။
အလယ်ဇရပ်က လက်ဖက်ခါးနဲ့ လည်း လွေးချင်
အပ္ပါယ်နှစ်ထပ်က အဖျက်စကားနဲ့ လည်း ဝေးချင်
ဒါပေမယ့် နင့်ရဲ့ 
နားသယ်အစပ်က သနပ်ခါးကိုတော့မွှေးချင်တယ် မြကြာဖြူ
မကျေနပ်ရင်တော့လည်း သည်ဘ၀တစ်လျှောက်ပဲ ငြိုးပါ (ဒါမှမဟုတ် တစ်ခါကလပြည့်ညလို )
တံခါးမခေါက်ပဲနှိုးပါ။
တမင်တကာမူပြီး ဆိုးကြည့်တာတဲ့လား မြကြာဖြူရယ် ....
ငါက ရုံးဖွင့်ရက်တိုင်း နင့်ရဲ့  စလစ်ပါအဖြူပဲ ခိုးကြည့်ခဲ့သူပါ
လူတွေငါ့ကိုကဲ့ ရဲ့ ကြသလိုပဲ ငါက တရားပျောက်လို့ ဆိုးတယ် ..ဟုတ်ပါတယ် ။
စကားမှောက်လို့  ညှိုးတယ်... ဟုတ်ပါတယ်။ ဒီလိုစွပ်စွဲကြေးဆို မြကြာဖြူရယ် နင်လည်းငါ့ကို
တံခါးမခေါက်ဘဲ နှိုးခဲ့ တယ်မဟုတ်လား။ ဆိုင်တယ်မဆိုင်ဘူးလည်းမသိပါဘူးကွယ်
ငါက အသစ်အဟောင်းလည်း မရွေးတတ်ဘူး အချစ်အကြောင်းလည်း မရေးတတ်ဘူး
တစ်ခုပဲရှိတာက ငါနင့်အကြောင်းပဲတွေးတတ်တာ....
ရူးတယ်ဆိုလည်း ရူးတယ်ပေါ့မြကြာဖြူ
တဏှာရူးခေါ်လည်း ခါးတယ်မထင်ပါဘူး
နှာဘူးခေါ်လည်း ကြားမယ်မထင်ပါဘူး
စိတ်ထဲမှာတစ်ခုပဲရှိတယ်....... လကုန်ရက်တုန်းက နင်ကျွေးခဲ့တဲ့
အာလူးကြော်ပဲ (နောက်တစ်ခေါက်လောက်) စားချင်ပါတယ်..။
ငါဆိုတဲ့ နလပိန်းတုန်းလေးက နင်လိုချင်ရင် အစဉ်အမြဲရပါတယ်
နင်ငြိုငြင်ရင် မနှင်လည်းသွားပါတယ်... တစ်ခုတော့မှာခဲ့မယ်လေ
နင်က ဘယ်လိုဆင်ဆင် မပြင်ဘဲလှပါတယ် မြကြာဖြူ...။
နင့်ရဲ့  အမှားတစ်ချို့ တစ်ချို့က တော်ဝင်တယ်
နင့်ရဲ့  စကားမခို့ တယို့ က မှော်ဝင်တယ်...
နင့်ရဲ့ ပါးမို့ မို့ မှာလည်း (ငါဆိုတဲ့ ကောင်က) ပျော်ဝင်ခဲ့ တာပေါ့...
အခုထိတော့ နင်မရှိတော့တဲ့  ဆေးရုံလမ်းပေါ်
စုဝေးနေတဲ့  အာပလာအမှန်တရားတွေနဲ့ 
သူ့ အဝေးနေတဲ့  ဘာသာပြန်စကားတွေနဲ့ 
အခုရေးနေတဲ့ ကာရံအမှားတွေနဲ့ 
ဘာပဲဖြစ်ဖြစ်ရပါတယ် ... ရပါတယ်...
အလိုရှိမယ်ဆိုရင်
အကြည့်ခဏအပြောင်းမှာ ဘ၀ပါယူလို့ ရောင်းစားပါ
(ထို့ နောက်တွင်)
သတိရကြောင်းသာ မြကြာဖြူသို့  အကြောင်းကြားပါ
avatar
Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum