Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ချစ်သူအတွက် ကဗျာ

Go down

ချစ်သူအတွက် ကဗျာ

Post  Trojan on Fri Aug 20, 2010 10:24 am



ချစ်သူက ငါ့ကို ကဗျာတစ်ပုဒ်ရေးခိုင်းတယ်
အချစ်အကြောင်းချည်းပဲရေးပေးပါတဲ့ 
အင်းပေါ့ အချစ်အကြောင်းဆိုတော့
ငါသွားရင်း လာရင်း စားရင်း သောက်ရင်း ရေးလို့ ဘယ်ဖြစ်မလဲ
အဲ့ဒီတော့ ငါက ကဗျာကို လရောင်ကိုငေးကြည့်ရင်းေ၇းတယ်
စံပါယ်ရနံ့ တွေနဲ့ ရေးတယ် စမ်းချောင်းစီးသံနဲ့ ရေးတယ်
အချစ်ကဗျာဆိုတော့ လင်မယားရန်ဖြစ်တာကို ကြည့်ပြီးေ၇းလို့ ဘယ်ဖြစ်မလဲ
သွေးညှီနံ့  ချွေးနံ့ တွေနဲ့ ရေးလို့ ဘယ်ဖြစ်မလဲ
သေနတ်သံ ဆာလောင်အော်ဟစ်သံတွေနဲ့ ရေးလို့ ဘယ်ဖြစ်မလဲ
အချစ်ကဗျာဆိုတော့ နုနုရွရွလေးတွေပဲရေးမှဖြစ်မှာ
နူးက***ယားလက်နက်တွေပါလို့ မဖြစ်ဘူး
နာဂစ်မုန်တိုင်းပါလို့ မဖြစ်ဘူး
ထော်လာဂျီအသံတွေပါလို့ မဖြစ်ဘူး
အကြွေးတောင်းတဲ့ အသံတွေပါလို့ မဖြစ်ဘူး
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့အကြောင်းပါလို့ မဖြစ်ဘူး
သစ်တောပြုံးတီးမှုတွေပါလို့ မဖြစ်ဘူး
ဧရာဝတီမှာသောင်ထွန်းတဲ့ အကြောင်းပါလို့ မဖြစ်ဘူး
မော်တော်ပီကေတွေပါလို့ မဖြစ်ဘူး
ချဲထိုးတဲ့ဘုန်းကြီးတွေပါလို့ မဖြစ်ဘူး
ခိုးကူးခွေတွေပါလို့ မဖြစ်ဘူး
ပါမောက္ခကို ကန်တော့ရတဲ့ ခြင်းတောင်းကြီးပါလို့ မဖြစ်ဘူး
ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရတဲ့ အကြောင်းပါလို့ မဖြစ်ဘူး
ဘတ်စ်ကားခဈေးတက်တဲ့ အကြောင်းပါလို့ မဖြစ်ဘူး
နိုင်ငံပိုင်သတင်းစာတွေပါလို့ မဖြစ်ဘူး
လူတုပ်ကွေး ကြက်ငှက်တုပ်ကွေးပါလို့ မဖြစ်ဘူး
ရေခဲတောင်တွေအရည်ပျော်ကျတဲ့ အကြောင်းပါလို့ မဖြစ်ဘူး
လိုင်စင်မဲ့ကားတွေသိမ်းဆည်းတဲ့ အကြောင်းပါလို့ မဖြစ်ဘူး
၂၀၁၀ ဖွဲ့ စည်းပုံအခြေခံဥပဒေပါလို့ မဖြစ်ဘူး
မှုခင်းဂျာနယ်ပါလို့ မဖြစ်ဘူး
စင်တင်ဆိုင်က ပန်းကုန်းတွေပါလို့ မဖြစ်ဘူး
အချစ်အကြောင်းဆိုတော့ နုနုရွရွလေးတွေပဲ ရေးမှဖြစ်မှာ
အဲ့လိုနဲ့ ပဲ ချစ်သူဖတ်ဖို့ လပြည့်ညမှာ ကဗျာရေးခဲ့ တယ်
လပြည့်ညတွေ တစ်ညပြီးတစ်ည

တစ်ညပြီး....... တစ်ည.......
ချစ်သူဖတ်ဖို့ အချစ်ကဗျာဟာ ဖြစ်မလာခဲ့ဘူး
.....
.....
.....
သူမဟာစိတ်ကောက်ချင်ယောင်ဆောင်ပြီး မျက်စောင်းထိုးတော့တယ်


ပြီးတော့မှ


"အစုတ်ပလုတ်ကြီး" တဲ့ ။ ။
avatar
Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum