Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ညီမလေး မေးခဲ့သောမေးခွန်းများ

Go down

ညီမလေး မေးခဲ့သောမေးခွန်းများ

Post  Trojan on Fri Aug 20, 2010 10:22 am


"အချစ်ဆိုတာ ဘာလဲကိုကို"

အချစ်ဆိုတာ ညီမလေးကိုကို့ ကိုထိုးတဲ့ မျက်စောင်းလေးပေါ့။ အချစ်ဆိုတာ ညီမလေးမေးစေ့ပေါ်ကမှဲ့လေးပေါ့။ အချစ်ဆိုတာ ညီမလေးတို့ အဆောင်ရှေ့ ပွင့်တဲ့ တရုတ်စကားပန်းလေးပေါ့။ အချစ်ဆိုတာ ညီမလေးလွယ်အိတ်မှာချိတ်တဲ့ Poohအရုပ်ကလေးပေါ့။ ပြီးတော့ အချစ်ဆိုတာ ညီမလေးကို ပါအောင်ဖွဲ့ လို့ရတဲ့ ၀ါကျတိုင်းပေါ့။


"ဝေးသွားတဲ့အခါ မေ့သွားမှာလားကိုကို"

ဝေးတယ်ဆိုတာမေ့ဖို့ လား သတိရဖို့ လား ညီမလေးအရင်ဖြေပေါ့။ တစ်ကယ်တော့ဝေးတယ်ဆိုတာ နောင်တစ်ချိန်ပြန်ပြီးတွေ့ ဆုံဖို့ မဟုတ်ဘူးလား။ ဝေးသွားတယ်ဆိုတာ နောက်တစ်ခါပြန်တွေ့ ရင် ညီမလေးသောက်မယ့် ကော်ဖီဖျော်ပေးဖို့  ။ ဝေးသွားတယ်ဆိုတာ နောက်တစ်ခါပြန်တွေ့ ရင် ညီမလေးပါးပေါ်မှာ ပါးကွက်ကွက်ပေးဖို့ ။ ဝေးသွားတယ်ဆိုတာ နောက်တစ်ခါပြန်တွေ့ ရင် ညီမလေးဆံပင်တွေကို ကျစ်ဆံမြီးကျစ်ပေးဖို့ ။


"ကိုကိုက ညီမလေးကိုချစ်တာလား ကဗျာကိုချစ်တာလား"

ညီမလေးဟာ ကဗျာတစ်ပုဒ်ဖြစ်ပြီးတဲ့ နောက်တော့ ကိုကိုဘာကိုဖြေရဦးမှာလဲ။ လေပြေဖွဖွတိုက်လို့  လွင့်တဲ့ ညီမလေးဆံပင်ဟာ ကဗျာပေါ့။ နှုတ်ခမ်းနီမဆိုးတဲ့  ညီမလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးက ကဗျာပေါ့။ ညီမလေးရဲ့ ကိုကိုလူဇိုး လို့ ပြောတဲ့ အသံလေးက ကဗျာပေါ့။ ကိုကိုက ကဗျာကိုချစ်တာ ..ညီမလေးက ကဗျာတွေဖြစ်နေတာတော့လည်း ကိုကိုမတတ်နိုင်ဘူးပေါ့။


"ညီမလေးကိုကို့ ကို မချစ်တော့ဘူးဆို ဘာလုပ်မှာလဲ ကိုကို"


ကိုကိုအရင်အတိုင်းလုပ်နေကျအလုပ်တွေပဲလုပ်မှာပေါ့။ ကိုကိုကဗျာရေးမယ်။ ညီမလေးပြန်ချစ်လာတဲ့အခါပေးဖတ်ဖို့ ။ ကိုကိုသစ်ပင်စိုက်မယ်။ ညီမလေးပြန်ချစ်လာတဲ့အခါ အဲ့သစ်ပင်အောက်မှာ လက်ဖ၀ါးလေးဆုပ်ကိုင်ပြီး စကားပြောဖို့  ။ ကိုကိုဆေးလိပ်သောက်မယ်။ ညီမလေးပြန်ချစ်လာတဲ့အခါ လျှော့သောက်ဦးနော်ကိုကို ဆိုတဲ့ အသံလေးနားထောင်ဖို့ ။ ကိုကိုပိုက်ဆံစုမယ်။ ညီမလေးပြန်ချစ်လာတဲ့အခါ သားသားဖြစ်ဖြစ် မီးမီးဖြစ်ဖြစ်မွေးဖို့ ။


"တစ်ယောက်တည်းနေရတာ နေသားကျပြီမို့ လား ကိုကို"


ကိုကိုက နဂိုတည်းက တစ်ယောက်တည်းနေသားကျပြီးသားပါ။ ဆိုင်ကယ်စီးရင်ဖက်ထားပေးတဲ့ လက်ကလေးမရှိတော့တာကလွဲ လို့ ။ ကမ်းနားလမ်းအုတ်ခုံမှာထိုင်တဲ့ အခါ သနပ်ခါးရနံ့ လေးမရတော့တာကလွဲလို့ ။ ညဖက်ဖုန်းတွေလာရင် သံယောဇဉ်သီချင်း Ring tone လေးမမြည်တော့တာကလွဲလို့ ။ ကြာသာပတေးထောင့်မှာ နှင်းဆီပန်းမလှုဖြစ်တော့တာကလွဲလို့ ။ Canteen မှာ Nes coffe ထုပ်လေး မဖျော်ပေးရတော့တာကလွဲလို့ ။ ညနေဖက်ဆို ဂျူတီကုတ်အဖြူလေး မခေါက်ပေးရတော့တာကလွဲလို့ ။ မိုးရွာတဲ့ အခါ ထီးကို တစ်ယောက်တည်းဆောင်းရတာကလွဲ လို့။ ပြီးတော့ .... ညီမလေးမေးတဲ့ မေးခွန်းတွေကို မဖြေရတော့တာကလွဲလို့ ။
avatar
Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum