Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မိန်းကလေး နဲ့ ဆေးလိပ်

View previous topic View next topic Go down

မိန်းကလေး နဲ့ ဆေးလိပ်

Post  Trojan on Fri Aug 20, 2010 10:09 am


ဆေးလိပ်တစ်လိပ်သောက်နေစဉ် မိန်းကလေးအကြောင်းကို စဉ်းစားမိပါသလား။ မိန်းကလေးသည် သ၀န်တိုတတ်သည်။

မိန်းကလေးနှင့် တွဲနေစဉ် အခြားမိန်းကလေးတစ်ဦးနှင့်ထပ်ပြီး တွဲသွားတွဲလာလုပ်မိလျှင် စိတ်ဆိုးစိတ်ကောက်တတ်သည်။

ဆေးလိပ်တစ်မျိုးသောက်ပြီး နောက်တစ်မျိုးပြောင်းသောက်သောအခါ ပြသနာမရှိခြေ။

ဒူးယားသောက်ပြီးငါးသုံးလုံးသောက် ငါးသုံးလုံးသောက်ပြီး ဒူးယားပြန်သောက် နဂိုအရသာကိုသာ တိကျစွာပေးတတ်လေသည်။

မိန်းကလေးနှင့်နေစဉ် စိတ်ထွေပြားရသည်။ လူသူလေးပါးကင်းရှင်းလျှင်ကာမေသုကံကိုကျူးလွန်တတ်သည်။

ဆေးလိပ်သည်ကား လက်ဖက်ရည်ဆိုင်တွင်သောက်သည်ဖြစ်စေ တစ်ကိုယ်တည်းနေသောအခန်းတွင်သောက်သည်ဖြစ်စေ မသမာသောစိတ်မ၀င်တတ်ချေ။ မိန်းကလေးနှင့်တွဲပြီးသောအခါ ငြီးငွေ့ လာပြီး သူမထံမရောက်တော့လျှင် ပြသနာဖြစ်ရသည်။ ဆေးလိပ်သည် မသောက်ချင်သောအခါ မီးငြိမ်းသတ်လိုက်ရုံပင်။ဆေးလိပ်သည် ရှေ့ ရေးကိုစဉ်းစားရန်မတိုက်တွန်းပေ။ ၀င်ငွေကောင်းရန်လည်းမမျှော်လင့်။ နားပူနားဆာလည်းမလုပ်တတ်။ မိန်းကလေးကားပြောင်းပြန်ဖြစ်လေသည်။ မိန်းကလေးသည်အရက်နံ့ လုံးဝမခံနိုင်ပေ။ အရက်သောက်ပြီးမိန်းကလေးထံသွားလျှင် ငြူစူတတ်သည်။ ဆေးလိပ်နှင့်အရက်သည်ကား ထာဝစဉ်လိုက်ဖက်လေသည်။ ဆေးလိပ်ကိုအိမ်သာတက်ရင်းသောက်ရသည်မှာ အရသာထူးကဲလှသည်။ မိန်းကလေးကိုကား အိမ်သာထဲသို့ ခေါ်လို့ မရေချေ။ ဆေးလိပ်သောက်ချင်လျှင် မှီးငြှိရန် လွန်စွာလွယ်ကူသည်။ မိန်းကလေးနှင့်အတူနေလိုလျှင် နေရာထိုင်ခင်းရှာရသည်မှာ မလွယ်ကူပေ။ သူများသောက်နေသောဆေးလိပ်ကို တစ်ဖွာနှစ်ဖွာတောင်းသောက်နိုင်သည်။ သူများမိန်းကလေးကိုကား တစ်ညနှစ်ညခေါ်အိပ်ရန်မဖြစ်နိုင်။ သူငယ်ချင်းများလာလျှင် မိမိဆေးလိပ်ဖြင့် ဧည့်ခံနိုင်သည်။ မိမိမိန်းကလေးဖြင့် မဧည့်ခံနိုင်။ မိမိမီးငြိမ်းသတ်ခဲ့သော ဆေးလိပ်တိုကို အချိန်မရွေး ပြန်သောက်နိုင်သည်။မိမိချန်ထားရစ်ခဲ့သော မိန်းကလေးကို အချိန်မရွေး ပြန်မတွဲနိုင်။ ဆေးလိပ်သည် သောက်သောသူကိုသာ ဒုက္ခဖြစ်ပြီး တမလွန်သို့ ခေါ်သွားသည်။ မိန်းကလေးသည် ဆွေစဉ်မျိုးဆက်ကိုလည်း ဒုက္ခပေးလေသည်။ မိန်းကလေးအတွက် ယောက္ခမရှိပြီး ဆေးလိပ်အတွက်မူ ယောက္ခမမရှိချေ။ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများအတွက် လက်ကမ်းစာစောင်များရှိပြီးမိန်းကလေး၏ ဆိုးကျိုးများကို စီကာပတ်ကုံးဖော်ပြသော လက်ကမ်းစာစောင်မရှိချေ။ ထို့ ထက်ပိုပြီးထူးခြားသော အချက်များကို ဆက်လက်တင်ပြပါမည်။





(၁) မည်သည့်ဆေးလိပ်ကို သောက်သည်ဖြစ်စေ ကွန်ဒုံးစွပ်ရန်မလိုပေ။(၂) ဆေးလိပ်သည် ဘယ်သောအခါမျှ ဗိုက်မကြီးတတ်။(၃) ဆေးလိပ်သည် ငါးပါးသီလထဲတွင် မပါဝင်။(၄) ဆေးလိပ်သည် ဒါငါ့ရည်းစားပေါ့ ဟု ဘယ်တော့မှမပြောတတ်။





ဆေးလိပ်မသောက်တတ်သော မိန်းကလေးများနှင့် ဆေးလိပ်ဆန့် ကျင်ရေးသမားများက သည်စာကို ကန့် ကွက်ကြမည်။ ဆေးလိပ်သောက်တတ်သော မိန်းမဆန့် ကျင်ရေးသမားများကသည်စာကိုထောက်ခံကြမည်။သင်သည် ဆေးလိပ်သောက်တတ်သော မိန်းကလေးဖြစ်ပါက ယောကျာင်္းလေးအကြောင်းကို မည်သို့ စဉ်းစားမည်နည်း။

Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum