Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ကာရန်မဲ့ ခံစားချက်များ

Go down

ကာရန်မဲ့ ခံစားချက်များ

Post  မိုးထက်မြင်. on Tue Aug 17, 2010 4:57 pm

` ကာရန်မဲ့ အလွမ်း ´

ညဘက် အိပ်မပျော်တော့
ဝရံတာ ထွက်ပြီးထိုင်မိတယ် ...
အိမ်ရှေ့ က ပြည်လမ်းမကြီးက တိတ်ဆိတ်လို့
ဒီလမ်းကြီးကို ကြည့်ရင်း
တချိန်က ဒီလမ်းမှာ တူတူလက်တွဲ
ဖြတ်ကူးခဲ့ကြတဲ့ မိန်းကလေးက
စိတ်ကူးထဲရောက်ခဲ့ပေါ့ ...

ဒီမှာပဲ ..
လမ်းဘေးက ပလက်ဖောင်းက
အပေါ်ကို မော့ကြည့်ရင်းပြောရဲ့
ဟေ့ကောင် ....
မင်းတို့ ငါ့ကျောကုန်းပေါ်တက်တက်ပြီး
ဒီနေရာမှာ ကျောင်းကားစောင့်ခဲ့တာကော
မေ့နေပြီလားတဲ့ .....

ကျွန်တော် သတိရသွားတယ်
အင်း...........သူလေးနဲ့
ဒီလိုပဲ တွဲသွားခဲ့တဲ့ နေရာလေးတွေ
ဒီတစ်နေရာတည်းမှ မဟုတ်တာ ...
ပြန်ရေတွက်ကြည့်ရင်တောင်
သင်္ချာဂဏန်းတွေနဲ့ ဖော်ပြလို့ မရနိုင်လောက်ဘူး ထင်ပါရဲ့

မိန်းကလေးရေ ....
မင်းကကော ...ငါ့လိုပဲ ...
မြင်မြင်ရာ ပုံရိပ်တွေဖမ်း
လွမ်းလို့ နေမှာပဲလား
ဒါမှမဟုတ် .....
အေးရာအေးကြောင်းဖြစ်နေမှာလား .....

ဘာတွေဖြစ်ဖြစ်
ငါမတွေးချင်တော့ဘူး
နောက်ဆုံးတော့ .....ဆန္ဒတွေကို မျိုသိပ်
မျက်စိနှစ်လုံးကို ...ဇွတ်မှိတ် .....
အင်း ...................
ပြန်အိပ်တာပဲ ကောင်းပါတယ် .....။။။။။။။။

.....................................


လေရူးတွေခေါ်ဆောင်ရာမြောတဲ့
အဖြူရောင်တိမ်တိုက်ငယ်လို
ငါ့စိတ်တွေမြောလွင့်နေခဲ့....
အစိမ်းရောင်ကောင်းကင်အောက်မှာ
အေးစက်စက်အငွေ့အသက်တွေနဲ့အတူ
ရုပ်သေးဆန်တဲ့
ငါ့ရဲ့အတိတ်ကိုပြန်မြင်နေရတယ်
ဝေဖန်ကြတဲ့ လူတွေစိတ်ကြိုက်နေဖို့
ငါ့အမေက မွေးပေးထားတာမှမဟုတ်တာ
ဆိုးတယ်ကောင်းတယ်မပြောပါနဲ့
အားလုံးကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ
မှန်ကြည့်ပြီး
ကိုယ့်ကိုယ်ကိုမမြင်တဲ့လူတွေမရှိရင်
ကမ္ဘာကြီးအေးချမ်းသွားမှာပါ..................။

.....................................

ခံစားချက်တွေအတွက်
ငါကဗျာစပ်နေတယ်
အိမ်ပြန်ချိန်နောက်ကျလို့
netstar မှာညအိပ်ရတာလည်းများပြီ
လွမ်းရင်းနဲ့ ခေါင်းမူးလာတယ်
ဒီအတွက်ငါ့ရဲ့ ဂလဲ့စားချေမှူကတော့
မူးရင်းနဲ့လွမ်းမယ်
မင်းကိုချစ်ခဲ့တာ ပေးဆပ်ခြင်းနဲ့ပါ
ဘာတစ်ခုမှမရယူလိုတဲ့ငါ
မင်းအချစ်ကလွဲလို့ပေါ့...
သိပ်ချစ်ခဲ့ဖူးတယ်
ရူးသွပ်ခဲ့ဖူးတယ်
ရလဒ်ကတော့ အခု
ငါအရမ်းလွမ်းနေရပြီ.........

..............................

*ငါနဲ့နင်နဲ့နင်နဲ့ငါနဲ့*
မင်းငိုနေတာလာ: .......
အကယ်ဒမီရှံးတဲ့မျက်လုံးတွေမင်းပိုင်တာဘဲ
မင်းငိုပြတာမဆန်းတော့ပါဘူး
ဒါပေမဲ့မိန်းကလေးတစ်ယောက်ကိုချော့တဲ့အနုပညာ
ငါ့မှာမှရှိခဲ့တာ.......
မင်းပျော်နေလား....
ငါမဟုတ်တဲ့သူတစ်ယောက်နဲ့
မင်း သိပ်ပျော်တတ်တာငါသိပြီးသားလေ.....
ဒါပေမဲ့မင်းနဲပတ်သက်ရင်တုန်လှုပ်တတ်တဲ့နှလုံးသား
ငါ့မှာသေနေတာကြာခဲ့ပြီဘဲ....
မင်း...ရယ်နေတာလာ..
အခုတော့ငါက
မင်းအတွက်ရယ်စရာပေါ့ ......
ဒါပေမဲ့.........ငါကမင်းအရုပ်မဟုတ်တော့ဘူး.....
အချစ်နဲ့ပတ်သက်လာရင်
နှလုံးသားအသေရဲ့ခံစားချက် က....
ပိုပြီးစူးရှတယ်ဆိုတာမင်း....တစ်နေ့သိမှာပါ
.................................................

“ခက်တယ်ကွာ”
ခက်နုံနုံ လူတစ်ယောက်ရဲ့
ခက်ပြင်းပြင်း ခံစားချက်ကို
ခက်ခက်ခဲခဲပေါက်ထွက်
ခက်ခက်ခဲခဲဖွင့်အံ ပြီးမှ

ခက်လည်လည်ကောင်မလေးရဲ့
ခက်လွယ်လွယ်ဆုံးဖြတ်ချက်က
ခက်ဝေးဝေးသွားနေ
ခက်ဝေးဝေးသွားပြောဆိုတော့လဲ

ခက်ရင်နာနာနဲ့
ခက်ကုတ်ကုတ်လေး လှည့်ထွက်ခဲ့ပါပြီ.....
.................................

ငါလွမ်းနေတယ်
မင်းတစ်ယောက်ပဲ သိမှာပါ
ငါချစ်နေဆဲ
မင်းတစ်ယောက်တည်း သိဖို့လိုတယ်
အရာအားလုံးအတွက်
ပေးဆပ်ခြင်းနဲ့ချစ်ခဲ့ပါတယ်
ယုံတာမယုံတာ
မင်းအပိုင်းပါ
ငါချစ်တာ ငါ့အပိုင်းပဲလေ
မင်းသိပါစေ
ထာဝရချစ်နေဆဲ
ငါပဲအမြဲလွမ်းနေဆဲပါ....................... Cry


မိုးထက်မြင်.
avatar
မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum