Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ကာရန်မဲ.အလွမ်း

Go down

ကာရန်မဲ.အလွမ်း

Post  မိုးထက်မြင်. on Tue Aug 17, 2010 4:50 pm

အချစ်ရှစ်ပတ်
သစ္စာတရားတစ်လီတာနဲ့
မေတ္တာတရားတစ်ပန်းကန်ကို
ငါ စားသောက်ခဲ့တယ်
နှလုံးသားရေချိန်ပြည့်အောင်
အမုန်းတွေထည့်ထားတဲ့
အဖြူရောင်စက္ကူလိပ်ကို
ညင်သာစွာ ငါ မီးရှို့ခဲ့တယ်
ဒီလိုနဲ့ပဲ
အသည်းထက်က မင်းနာမည်ကို
ငါ ဖျက်ခဲ့တာကြာပါပြီ။

...................

မုန်းနိုင်ခဲ့သူ
မင်းအပြုံးတုနဲ့
မာယာတွေကြား ငါ
မူးယစ်ကာ
မိန်းမောနေခဲ့ပြီ
မချစ်ဘူးတဲ့ငါ့ကို
မင်း...... အချစ်ရူးဖြစ်အောင်
မုန်းခဲ့တာလား။
မိုးစက်များစွာနဲ့အတူ
မင်းပေးခဲ့တဲ့ဂတိတွေ
မင်းမေ့ပြီလား
မင်းကိုမမုန်းခင်
မေ့ပြစ်ဖို့တောင်
မကြိုးစားနိုင်တဲ့ ငါ
မူးနေတာပဲကောင်းပါတယ်။

......................

မုန်းမေ့လွယ်တဲ့ မင်းလေးအတွက်
ငါမိုးရေထဲ လျှောက်သွားဘူးတယ်
ချစ်လွယ်ရက်ရော မင်းလေးသဘောလိုက်ဖို့
ငါဗွက်တော့ထဲလဲ လဲခဲ့ဘူးတယ်
ကတိအလွယ်ပေးတဲ့ စကားလေးတွေကြောင့်
ငါတံတားတွေပေါ် မှောက်ခဲ့ဘူးတယ်
အခု...မင်းလေးကိုမုန်း...မိန်းမမုန်းသူကြီးဘ၀နဲ့
ကလပ်တွေတက်လို့ ... စမက်ကျကျပဲ...
အသည်းကွဲနေပီလေ....
..................................

ငါ့ကိုယ်ငါမယုံဘူး
မင်းလေးကိုထားခဲ့နိုင်မယ်လို့
ငါ့ကိုယ်ငါမယုံဘူး
မင်းလေးကိုကြည့်နေနိုင်မယ်လို့
ငါ့ကိုယ်ငါ့မယုံဘူး
မင်းလေးကို ပြုံးစေနိုင်မယ်လို့
ပျော်စေချင်တယ် သာယာစေချင်
နူးညံ့တဲ့စကားလေးတွေနဲ့တသက်လုံး
အပြုံးလေးနဲ့နှစ်ကိုယ်တူ
ကြည်ဖြူပျော်ရွှင် ရင်ခုန်ကြည်နူး
နေ့ရက်တွေဖြတ်သန်းဖူးချင်တယ်
ဒါပေမယ့် ငါ့ဘ၀အခြေအနေ
ငါ့ဘ၀ရဲ့ပျော်ရွှင်မှုနဲ့
ချစ်သူကိုစတေးဖို့
ငါကိုယ်ငါ သက်သေသလိုမျိုး
ဒါပေမယ့်သူတော်ကောင်းမဟုတ်တဲ့ငါ့
မင်းကိုချစ်တာ
ငါ့ကိုယ်ငါချစ်နေတာပါ....
မင်းကိုမုန်းတဲ့တနေ့
ငါဘ၀လဲမရှိတော့နိုင်ဘူး...
...............................

မူးယစ်ဆေးဝါးကိုအလွန်အကျွံမှီဝဲဖူးသူများ
မမျှော်လင်.သည်.ပြသနာကိုအသည်းအသန်
ဖြေရှင်းလိုက်ကြရသူများ
မိန်းမတစ်ယောက်ကိုရူးရူးမူးမူးချစ်မိဖူးသူများဟာ
အနည်းဆုံးတစ်ခါတော. ရူးခဲ.ကြဖူးပါတယ်
..............................
avatar
မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum