Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ကျော်ကြားသူများအတွက် ပုန်းခိုရာနေရာများ.........

View previous topic View next topic Go down

ကျော်ကြားသူများအတွက် ပုန်းခိုရာနေရာများ.........

Post  မိုးထက်မြင်. on Tue Aug 17, 2010 4:33 pm

ကျွန်တော်ကတော့ ထူးဆန်းထွေလာတွေကို နက်နက်နဲနဲ ရှာဖွေလေ့လာတတ်သူတစ်ဦးတော့ မဟုတ်ပါ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့ သတ္တလောကကြီးမှာ ထင်ပေါ်ကျော်ကြားသူများအတွက် ပုန်ခိုနေကြသော နေရာများ၊ အကြောင်းအရာများ၊ ဖြစ်ရပ်များနဲ့၊ အဆိုပါပုန်ခိုဖို့ ကြိုးစားအားထုတ်မှု နည်းလမ်းအသွယ်သွယ်တွေကို ရင်ဘတ်ကကြည့်ပြီး မြင်သမျှ ကြားသမျှ ခံစားရအောင် ပြန်လည်မျှဝေခြင်းသက်သက်ပါ။ ဘယ်သူ့ကို ဦးတည်တိုက်ခိုက် ရည်ရွယ်ခြင်းမျိုး စိုးစဉ်းမျှမရှိပါကြောင်း ဦးစွာ ၀န်ခံပါရစေ။ တကယ်တော့ ကမ္ဘာပေါ်မှာ ကျော်ကြားသူတွေဟာ နည်းလမ်းမျိုးစုံနဲ့ ထင်ပေါ်နေကြတာပါ။ ကောင်းတဲ့ဘက် မကောင်းတဲ့ဘက် အသွယ်သွယ်က ကျော်ကြားမှုတွေမှာ ကာလအပိုင်းအခြားအလိုက် ရှိတတ်တဲ့ ယင်းဖြစ်ရပ်တွေကို ကာယကံရှင်တွေက ဘယ်ပုံဘယ်နည်းကာကွယ်ကြတယ်ဆိုတာတွေကိုလည်း ထည့်သွင်းစဉ်းစား လေ့လာသုတေသနပြုကြရင်း သမိုင်းမှတ်တိုင်တွေ၊ အထုပ္ပတ္တိတွေဆိုတဲ့ ထင်ပေါ်ကျော်ကြားခြင်းတွေက ထပ်ဆင့် ဖြစ်ပေါ်လို့လာကြပြန်ပါတယ်။ ဒါကြောင့် အဆင့်ဆင့် သံသရာလည်နေတဲ့ ဒီကျော်ကြားမှုတွေကို အကောင်းအဆိုး အစွန်းနှစ်ဖက်ကြားက ယျထာဘူတ ကျကျ မြင်တတ်တွေးခေါ်တတ်ကာ အသုံးချခံလူသား၊ အသုံးချခံကြားခံပစ္စည်းအဖြစ်မှ ကင်းဝေးစေလိုသော စေတနာ အပြည့်ရည်ရွယ်ချက်သက်သက်ဖြင့် ဒီခေါင်းစဉ်လေးကို ရွေးချယ်တင်ပြလိုက်ရပါကြောင်းနှင့် ကျွန်တော့်ရဲ့ အိုင်တီလုပ်နိုင်ခွင့်အသစ်အတွက် ပဏာမ မိတ်ဆက်လိုက်တဲ့ ခေါင်းစဉ်လေးနဲ့ စာမျက်နှာကန့်လန်ကာကို စတင်ဖွင့်လှစ်လိုက်ပါကြောင်း...................

ပုန်းခိုစရာနေရာ ရှားတာတော့သိသား
များတဲ့အထဲက ဖြဲရဲရှာ
ကွဲတာက အရှက်
ရတက်နဲ့ အတက် မှားလို့စွဲ
စားဖို့ပဲ သိတာ
အိပ်ဖို့ပဲ သိတာ
ဒွေးရောယှက်တင် အသက်ဝင်ဖို့ပဲ သိတာ
ဒါဆို လူမဟုတ်
အပူရုပ်ဆိုတာ လုံးလုံးမရှိ
အတိတ်ရယ် ပစ္စုပ္ပန်ရယ် အနာဂတ်ရယ်
ဘာသော ညာသော ငါမသိ
လာထိသမျှ တုန့်ပြန်
အဟုတ်အမှန်လည်း ဗလာနတ္ထိ
ဒါဆို ကောင်းကောင်း မှန်းလောက်၏
လေတိုက်တော့ အပျော့တွေလှန်
ဟော့နေပြန်တာက ဆန္ဒ
အမှန်ဘ၀ကို ပေါင်းစပ်တော့
ကောင်းမြတ်တဲ့ လေနီကြမ်းတွေ
ဒေ၀ီစန်းတွေ လာဘ်ထတော့
အမှတ်ရစရာ
ထပ်ဖွတာတွေစုံပေါ့
အတင်းနဲ့ သတင်း
အဖျင်းနဲ့ ကမြင်း
ပုလင်းနဲ့ နားရင်း
အို.......... စုံလို့ ပုံလို့
ကြုံလို့တော့ ပြောတာမဟုတ်
ဟောတာ အထုပ်တွေပေါ့
ဖြေကာချ နေရာမကျတကျ
ကဲ အိုလူသား အပျိုယူမလား
နဂိုရ် အထူအပါးတွေကို
နားလည်ချင်ယောင်ဆောင်လိုက်စမ်းကွ
အချောင်အငိုက်ဖမ်းမဲ့ အကွက်တွေ
ရတက်ပွေလို့ စုံစီနဖာ
ကြုံလီသေးကွေး
အေးအေးဆေးဆေးလို့ ထင်ပေမယ့်
ဖြေးဖြေးလေ သေကြရောပေါ့
ဘာတဲ့ ကျော်ကြားသူတို့ မှတ်တိုင်များ................။

မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum