Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မည်းနက်တဲ့ အသားအရေနဲ့ အဖြူရောင် နှလုံးသား ပိုင်ရှင်များ....တဲ့ သူများရေးထားတာတွေ့လို့ပြန်တင်ပေးလိုက်တာပါ....:D :D :D :D

View previous topic View next topic Go down

မည်းနက်တဲ့ အသားအရေနဲ့ အဖြူရောင် နှလုံးသား ပိုင်ရှင်များ....တဲ့ သူများရေးထားတာတွေ့လို့ပြန်တင်ပေးလိုက်တာပါ....:D :D :D :D

Post  iloveyou on Tue Aug 17, 2010 1:07 pm

မည်းနက်တဲ့ အသားအရေနဲ့ အဖြူရောင် နှလုံးသား ပိုင်ရှင်များ


ကမ္ဘာကျော် အင်္ဂလိပ် ကဗျာဆရာကြီး ဂျိုးဇက် အက်ဒီဆင်က မိန့်ဆိုခဲ့တဲ့ အဆိုတစ်ခု ရှိပါတယ်။ "အလှူအတန်း ဆိုတာ အဖြူရောင် နှလုံသားက လာတာ လက်နှစ်ဘက်က မဟုတ်ပါဘူး" တဲ့၊ အရမ်းကောင်းတဲ့ အဆိုအမိန့်လေး ပါပဲ။ ဖြူစင် မွန်မြတ်တဲ့ စိတ်ကလေး နည်းနည်းမှ မရှိဘဲနဲ့တော့ ဘယ်သူမှ အလှူအတန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ငါ လှူလိုက်မယ် ဆိုတဲ့ အသိစိတ် ပေါ်လာတဲ့ အချိန်မှာပဲ ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ဖြူစင် သွားပါတယ်လို့ ကဗျာဆရာကြီး ဂျိုးဇက် အက်ဒီဆင် ထပ်လောင်း ရှင်းပြထား ခဲ့ပါတယ်။



စာရေးသူ အနေနဲ့ Soccer Myanmar ပရိသတ်ကြီးကို ပြောပြချင်တဲ့ အကြောင်းကတော့ အာဖရိက ဘောလုံးသမား တွေရဲ့ အလှူဒါန ရက်ရောမှုတွေကို ပါပဲ။ အာဖရိကန် လူမျိုးတွေ အတော် များများဟာ ရုပ်ပိုင်ဆိုင်ရာ အားနည်းချက် ရှိသူတွေလို့ ဆိုရင် မမှားပါဘူး။ သူတို့ရဲ့ နက်မှောင်လှတဲ့ အသားအရေ နဲ့ ရုပ်ဆင်းအင်္ဂါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အမြင်နဲ့တော့ ရုပ်ဆိုးတယ်လို့ ပြောရမှာပါ။ သူတို့ရဲ့ ရုပ်ပိုင်ဆိုင်ရာ အားနည်းချက်ကြောင့် အာဖရိက ကစားသမားတွေဟာ ဘယ်လောက်ပဲ ထူးချွန်တဲ့ ကစားသမား ဖြစ်ပါစေ ရုပ်ရည်ပြေပြစ်တဲ့ ကစားသမား တွေလောက် တုံ့ပြန်မှုတွေ မရကြသလို တစ်ခါတရံမှာ အသားအရောင်ခွဲခြား လှောင်ပြောင်မှုတွေနဲ့ ဆိုးဆိုးဝါးဝါးကို ရင်ဆိုင် ခဲ့ကြရပါတယ်။

အာဖရိက နာမည်ကြီး ကစားသမား ဖြစ်တဲ့ အက်ဆီယံ၊ ဒရော့ဘာ၊ ယူကာတာ၊ မိုကိုနာ၊ အီတူး၊ ကနူး အစရှိတဲ့ ကစားသမားတွေကို အရင်တန်းက ရုပ်ဆိုးတဲ့ ကစားသမားတွေ အဖြစ် ကျွန်တော် မြင်ခဲ့ပေမယ့် အတိဒုက္ခ ရောက်နေတဲ့ လူသားတွေအတွက် တက်နိုင်တဲ့ ဘက်ကနေ လူအား၊ ငွေအားတွေနဲ့ ကူညီပေးခဲ့တယ် ဆိုတာ သိလိုက်ရပြီးတဲ့ နောက်မှာတော့ သူတို့ဟာ အသားအရေ မည်းပေမယ့်၊ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ပေမယ့် ကဗျာဆရာ ဂျိုးဇက် အက်ဒီဆင် ပြောခဲ့ဖူးတဲ့ အဖြူရောင် နှလုံးသား ပိုင်ရှင်တွေ ပါလားဆိုပြီး လေးစားမိပါတယ်။

၁။ မိုက်ကယ်လ် အက်ဆီယံ (ဂါနာ)

မြက်ခင်းစိမ်းတွေ ပေါ်မှာ ကြောက်စရာ ကောင်းတဲ့ ဘီလူးကြီး တစ်ကောင်လို ရုပ်ရည် ကြမ်းကြမ်းကြီးနဲ့ ခွန်အားသုံး ကစားတက်တဲ့ ချယ်လ်ဆီး အလယ်တန်း ကစားသမား အက်ဆီယံဟာ ကွင်းပြင်ပမှာတော့ အလွန်သိမ်မွေ့ လွန်းလှတဲ့ အဖြူရောင် နှလုံးသား ပိုင်ရှင် တစ်ဦးပါ။ သူဟာ လူမှုရေး လုပ်ငန်းတွေမှာ အားတက်သရော ပါဝင်တတ်သူ တစ်ဦး ဖြစ်သလို သူ့ရဲ့မွေးရပ်မြေ ဖြစ်တဲ့ ဂါနာနိုင်ငံ အက်ကရာ မြို့လေးမှာ မိုက်ကယ် အက်ဆီယံ ဖောင်ဒေးရှင်းကို ထူထောင်ပြီး ဆင်းရဲသား လူတန်းစားတွေရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ၊ စာကြည့်တိုက်တွေ၊ အများသုံး အိမ်သာတွေ၊ သောက်ရေသန့် လှူဒါန်းမှုတွေကို သူရရှိတဲ့ လစာငွေထဲကနေ သုံးစွဲလှူဒါန်း ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသားလေးတွေ စာပေ ဖတ်ရှု လေ့လာတဲ့ အလေ့အထ ရရှိရန် ရည်ရွယ်ပြီး Reading Goals အမည်နဲ့ များစွာသော လူမှုရေး လုပ်ငန်းတွေမှာလည်း အကြိမ်ကြိမ် ပါဝင်လှုပ်ရှား ခဲ့ပါတယ်။

၂။ ဒီဒီယာ ဒရော့ဘာ (အိုင်ဗရီကို့စ်)

ပြင်းထန်လှတဲ့ ကန်ချက်တွေနဲ့ ဘောလုံးကွင်းထဲမှာ ဘီလူးတစ်ကောင်လို ပြိုင်ဘက်အသင်း ဂိုးသမားတွေကို ခြိမ်းခြောက်နိုင်တဲ့ ဒရောဘာဟာ သူနိုင်ငံနဲ့ အာဖရိက အတွက်တော့ ပျော်ရွှင်စရာတွေ သယ်ဆောင် လာတက်တဲ့ တမန်တော် တစ်ဦးလို လူတွေရဲ့ ချစ်ခင်ခြင်းကို ခံရပါတယ်။ သူဟာ အနောက် အာဖရိက နိုင်ငံတွေရဲ့ ချစ်ခင် လေးစားခြင်းကို ခံရတဲ့ စံပြ ငြိမ်းချမ်းရေး သံတမန် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒရော့ဘာကို အာဖရိက လူမျိုးအတော် များများက demigod (ဂရိ နတ်များတွင် ရှိသော လူတစ်ပိုင် နတ်တစ်ပိုင်း ဖြစ်သောနတ် ဥပမာ - ဟာကျူလီ) လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြပါတယ်။ သူဟာ ချယ်လ်ဆီးမှ ရရှိတဲ့ လစာကိုသာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် သုံးစွဲပြီး အခြားဝင်ငွေ အားလုံးကို လူမှုရေး လုပ်ငန်းတွေ အတွက် လှူဒါန်းမယ်လို့ ကတိ ပေးထားခဲ့ပါတယ်။ ဒရော့ဘာဟာ ကမ္ဘာကျော် အချိုရည် ကုမ္ပဏီကြီး ဖြစ်တဲ့ ပက်စီ ကြော်ငြာကို ရိုက်ကူးပေး ခဲ့တဲ့အတွက် ပေါင်း ၄သန်း ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ငွေတွေအားလုံး အိုင်ဗရီကို့စ် နိုင်ငံရဲ့ မြို့တော် အဘိုင်ဂျန်တွင် ဆေးရုံ တစ်ရုံနဲ့ မိဘမဲ့ဂေဟာ တစ်လုံး ဆောက်လုပ်လုပ် လှူဒါန်းခဲ့ပါတယ်။ ဒရောဘာဟာ အိုင်ဗရီကို့စ် နိုင်ငံအတွင်း ငါးနှစ်ကြာ ဖြစ်ပွားနေသော နိုင်ငံရေး သဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ကို ပြေလည်စေရန် အတွက် ကြားဝင် ဖြန်ဖြေမှုတွေ လုပ်ဆောင်ပြီး ရင်ကြားစေ့ရေး ကိုလည်း ကြိုးပမ်းနေသူ တစ်ဦးပါ။

၃။ ဂျွန် ယူတာကာ (နိုက်ဂျီးရီးယား)

နိုင်ဂျီးရီးယာနဲ့ ပို့စ်မောက် တိုက်စစ်မှူး ဂျွန် ယူတာကာ ကတော့ နိုင်ဂျီးရီးယား နိုင်ငံအတွင်းမှာ ရှိတဲ့ လူငယ်တွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျွန် ယူတာကာကို တည်ထောင်ပြီး လူမူရေး လုပ်ငန်းတွေကို လုပ်ဆောင် ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယား ဘဏ်ရဲ့ အကူအညီတွေ ရယူပြီး ပညာရေးမှာ ထူးချွန်ပြီး ဆင်းရဲ နွမ်းပါးတဲ့ နိုင်ဂျီးရီးယား ကျောင်သားတွေကို ပညာသင်ဆုတွေ ချီးမြင့်ပြီး သူတို့ရဲ့ အနာဂတ် ပညာရေးခရီး ဖြောင့်ဖြူအောင် ကူညီပေးခဲ့ ပြန်ပါသေးတယ်။ ယူတာကာရဲ့ လူမူရေး စိတ်ဓါတ် ခံယူချက်ကတော့ လေးစားစရာ ပါပဲ။ လူသားတစ်ယောက် ဖြစ်လာပြီ ဆိုရင် လူသားတွေ ကောင်းကျိုးအတွက် လူမူရေး လုပ်ငန်းတွေနဲ့ ပြန်လည် ပေးဆပ်ဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာပါလို့ ယူတာကာက ခံယူထားပါတယ်။

၎။ အက်ရွန် မိုခိုနာ (တောင် အာဖရိက)

တောင်အာဖရိက အသင်းခေါင်းဆောင် အက်ရွန် မိုခိုနာဟာ လူမူရေး လုပ်ငန်းတွေမှာ အားတက်သရော လုပ်ဆောင်တက်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အမျိုးမျိုးသော် လူမှုရေး လုပ်ငန်းတွေနဲ့ ဖောင်ဒေးရှင်းတွေမှာ ပါဝင်ကူညီသူ တစ်ဦးပါ။ အက်ရွန် မိုခိုနာဟာ ကိုယ်ပိုင် ဖောင်ဒေးရှင်းကို တောင်အာဖရိက နိုင်ငံမှာ တည်ထောင်ထားပြီး သူအဓိက ထားပြီး ကူညီပေးနေတဲ့ ဖောင်ဒေးရှင်းကတော့ 1 Goal လူမူရေး လုပ်ရှားမူ အစီအစဉ်ပဲ ဖြစ်ပါတယ်။ မိုခိုနာဟာ မကြာခဏ ဆိုသလို သူရဲ့ အားလပ်ချိန် တွေကို ဆင်းရဲသားတွေနဲ့ ချို့တဲတဲ့ ကလေးတွေ အတွက် အသုံးပြုရင်း ကုန်ဆုံးလေ့ ရှိပါတယ်။

၅။ ဆီမြူရယ် အီတူး (ကင်မရွန်း)

အင်တာမီလန်နဲ့ ကင်မရွန်း တိုက်စစ်မှူး ဆီမြူရယ် အီတူး ဘောလုံး ကွင်းထဲမှာ ရဲရဲရင့်ရင့် မာမာကြောကြော ကစားတတ်ပေမယ့် လူမူရေး တာဝန်တွေကို အဆက်မပြတ် လုပ်ဆောင်နေသူ တစ်ဦးပါ။ အီတူးဟာ များစွာသော ပညာရေး ထောက်ပံမှုတွေ ပြုလုပ်နေသလို ဆေးရုံကား တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ သူဟာ ဘောလုံး အားကစားကနေ ရရှိသမျှ ၀င်ငွေတွေနဲ့ ဆေးရုံတွေ ဘောလုံး အကယ်ဒမီတွေကို တည်ဆောက် ပေးခဲ့ပါသေးတယ်။ နောက်ပြီး အီတူးဟာ အာဖရိက တိုက်ကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အေအိုင်ဒီအက်စ် ရောဂါ ခံစားနေရတဲ့ သူတွေကို ပျော်ရွှင်မှုတွေ မျှဝေ ကူညီတဲ့ အနေနဲ့ လူမူရေး ပျော်စရာ ပွဲလေးတွေကို အာဖရိကတိုက် နိုင်ငံ အတော်များများမှာ ပြုလုပ် ပေးခဲ့ပါတယ်။

၆။ မိုဟာမက် အဘူထရီကာ (အီဂျစ်)

အီဂျစ် တိုက်စစ်မှူး မိုဟာမက် အဘူထရီကာဟာ UNDPရဲ့ ချစ်ကြည်ရေး သံတမန် တစ်ဦးပါ။ ကမ္ဘာ့ပေါ်ရှိ လူသား ၂၅၀၀ကျော် အစာရေစာ ငတ်မွတ်မှုကြောင့် နေ့စဉ် အသက်ဆုံးရှုံး နေရပါတယ်၊ အဲဒီ ၂၅၀၀၀ ထဲက ၁၈၀၀၀ဟာ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေပါ။ အဘူထရီကာဟာ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၏ သံတမန် အဖြစ် စေတနာဝန်ထမ်း တာဝန်ထမ်းဆောင်ပြီး အငတ်ဘေး တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပါဝင် ကူညီခဲ့ပါတယ်။

၇။ ဂျွန် ပန်ဆေးလ် (ဂါနာ)

ဂါနာ အသင်းရဲ့ နောက်ခံလူ ပန်ဆေးလ်ဟာ ပန်ဆေးလ် ကလေးငယ်များ ငြိမ်းချမ်းရေး အမည်နဲ့ ကလေးငယ်တွေ ဘ၀မှာ အောင်မြင်မှုရဖို့ လမ်းညွန်ပေးတဲ့ သင်တန်းတွေ ဖွင့်လှစ် ပေးနေပါတယ်။ နောက်ပြီး သူရဲ့ မွေးရပ်မြေမှာ ဘောလုံးပြိုင်ပွဲ တစ်ခုကို ပေါင် ၁၃၀၀၀ ကျော် အကုန် အကျခံကာ ကျင်းပ ပေးခဲ့ပါတယ်။

၈။ ကနူး (နိုင်ဂျီးရီးယား)

နိုက်ဂျီးရီးယား ကစားသမား ကနူးဟာ အာဖရိက ကစားသမာတွေ ထဲက ဂုတ်ထူးဆောင်ဘွဲ့ ချီးမြင့်ခြင်း ခံရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ လူမူရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့တာကြောင့် နိုင်ဂျီးရီးယား နိုင်ငံသားတွေရဲ့ ချစ်ခင် နှစ်သက်ခြင်းကို ခံရသူ တစ်ဦးပါ။ ကနူးဟာ ကနူးရဲ့ နှလုံး ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး နှလုံးရောဂါ ခံစားနေရတဲ့ အာဖရိက လူငယ်တွေကို ဆေးဝါးနဲ့ ထောက်ပံရေး ပစ္စည်းတွေ အဆက်မပြတ် လှူဒါန်း ခဲ့ပါတယ်။ သူဟာ ယူနီဆက်ဖ် (UNICEF)ရဲ့ ချစ်ကြည်ရေး သံတမန် တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက် ပေးနေသလို အသက် ဆုံးရှုံးတော့မယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကလေး သူငယ်ပေါင်း ၁၀၀၀ကျော်ကို ဆေးဝါး ခေတ်မီပြီး ဖွံ့ဖြိုးတဲ့ အနောက် နိုင်ငံတွေအထိ စရိတ် အကုန်အကျ ခံကာ ခွဲစိတ်ပေး ခဲ့ပါတယ်။

၉။ စတီဖန် အက်ပီယာ (ဂါနာ)

ဂါနာ အလယ်တန်း ကစားသမား စတီဖန် အက်ပီယာဟာ စတက်အက်ပ် ဖောင်ဒေးရှင်း အမည်နဲ့ ဂါနာ နိုင်ငံ အတွင်းက ပြည်သူတွေနဲ့ ဆင်းရဲ နွမ်းပါးသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ နဲ့ ဆေးဝါး လိုအပ်မှုတွေကို ကူညီဖြေရှင်း ပေးနေပါတယ်။ ဒါ့အပြင် ယူနီဆက်ဖ် (UNICEF)နဲ့ ပူးပေါင်းပြီး အာဖရိက တိုက်အတွင်းရှိ ကလေးသူငယ် တွေရဲ့ ပညာရေး မြှင့်တင်ရေး အစီအစဉ်တွေ မှာလည်း တက်ကြွစွာ ပါဝင် လုပ်ဆောင် ခဲ့ပါတယ်။

၁၀။ ဂျိုးဆက်ဖ် ယိုဘို (နိုင်ဂျီးရီးယား)

အဲဗာတန် ကစားသမား ဂျိုးဆက်ဖ် ယိုဘိုကလည်း ဂျိုးဆက်ဖ် ယိုဘို လူမူရေး ဖောင်ဒေးရှင်း ထူထောင်ကာ မူလတန်းကနေ တက္ကသိုလ် အထိ ပညာ ထူးချွန်သော်လည်း ဆင်းရဲ နွမ်းပါးမှုကြောင့် ကျောင်းဆက် မတက်နိုင်တဲ့ ကျောင်းသား လူငယ်တွေကို ပညာသင်ဆုတွေ ပေးအပ်ပြီး ကူညီနေပါတယ်။ သူ့ဖောင်ဒေးရှင်း ကနေပြီး တစ်နှစ်ကို ပညာသင်ဆု ၃၀၀ကျော် ပေးအပ်လေ့ရှိပြီး မေွးရပ်မြေမှာ ဘောလုံး အကယ်ဒမီ တစ်ခုတည်ထောင် ပေးခဲ့ပါသေးတယ်။ ဂျိုးဆက်ဖ် ယိုဘိုဟာ သူရဲ့ နွေရာသီ အားလပ်ရက် တွေကို လူမူရေး လုပ်ငန်းတွေနဲ့သာ အချိန်ကုန်ဆုံး စေပါတယ်။

အချုပ် အနေနဲ့ ဆိုရမယ် ဆိုရင် အာဖရိက ဘောလုံးသမား အတော်တော် များများဟာ ဘ၀ကို အညတရ တစ်ယောက် အဖြစ်ကနေ ခက်ခက်ခဲခဲနဲ့ အောင်မြင်အောင် ရုန်းကန် လာခဲ့ရပြီး အောင်မြင်တဲ့ အခါမှာလည်း နိမ့်ကျနေတဲ့ အမိနိုင်ငံနဲ့ ကိုယ့်လူမျိုးတွေကို လစ်လျှူမရှုဘဲ ကူညီဖေးမ ခဲ့ကြပါတယ်။ သူတို့ဟာ အရာအရာ နိမ့်ကျပြိုလဲနေပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေလို နိုင်ငံသားတွေ အတွက် အပြည့်အ၀ ထောက်ပံမှု မပေးနိုင်တဲ့ အမိနိုင်ငံကို စွန့်ပစ်ပြီး ဥရောပလို အဆင့်အတန်း ရှိတဲ့ နိုင်ငံတွေမှာ အေးအေးဆေးဆေး နေနိုင်ပေမယ့် သူတို့ရဲ့ လူသား ပြီသမှုကို ပြပြီး နိုင်ငံနဲ့ လူမှု အဖွဲ့အစည်းအတွက် သူတို့ ၀င်ငွေတွေထဲက တစ်ဖက်တစ်လှမ်း ဖေးမခဲ့တာ ဂုဏ်ယူစရာ တစ်ခုပါပဲ။

သူတို့ အားလုံးဟာ ရုပ်ဆိုးကြပါတယ်၊ အသားအရေ ဟာလည်း လူအတော်များများ မနှစ်သက်အောင် မည်းလှပါတယ်။ ဒါပေမယ့် သူတိုရဲ့ လူပီသတဲ့ နှလုံးသား တွေကတော့ အဖြူတကာ့ အဖြူတွေထက် ဖွေးဖွေးဖြူ နေပါတော့တယ်။

iloveyou
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 36
Start Date: : 2010-08-14

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum