Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




အာဇာနည်နေ.မှာသက်သေထူကြပါစို.

View previous topic View next topic Go down

အာဇာနည်နေ.မှာသက်သေထူကြပါစို.

Post  မိုးထက်မြင်. on Tue Aug 17, 2010 1:14 am

နိုင်ငံတနိုင်၏ အမြင့်မြတ်ဆုံး တာဝန်ဝတ္တရားကို ကိုယ်ကျိုးစွှန့်အနစ်နာခံကာ ထမ်းဆောင်နေကြသည့် အချိန်တွင် ကျဆုံးခဲ့ကြသောကြောင့်
တိုင်းသူပြည်သားတို့မှ တညီတညွှတ်ထဲ အာဇာနည်ဟု ကင်ပွန်းတပ်ကာ အလေးအမြတ်ထားကြခြင်းပင် ဖြစ်သည် ။
ထို့ကြောင့် အာဇာနည်နေ့တွင် တနိုင်ငံလုံးမှ လူများ အလုပ်ကိစ္စများကြောင့် အာဇာနည်နေ့ အခမ်းအနားကို မကျင်းပနိုင်မည် ဆိုးသောကြောင့်
ထိုနေ့ကို အလုပ်ပိတ်ရက်ဟု သတ်မှတ်ပေးထားခြင်းပင် ဖြစ်သည်။
ယခင်က အာဇာနည်နေ့ အခမ်းအနားများကို တပြည်လုံး အနှံ့ ကျင်းပခဲ့ကြသော်လည်း ယနေ့ အာဏာရှင်စနစ်အောက်တွင်ကား
တိုင်းပြည်၏ ကျေးဇူးရှင် အာဇာနည်များ ကို မေ့ထားကြလေပြီ ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လူများ အပြစ်ပြောမည်ကို စိုးရိမ်သောကြောင့် အာဇာနည်နေ့အခမ်းအနားကို မလွှဲမရှောင်သာလို့
အတတ်နိုင်ဆုံး အကျဉ်းရုံးကာ ကျင်းပနေရသည်။
သာမန် မျက်စိဖြင့် ကြည့်လျှင် ကွယ်လွန်သွားရှာပြီ ဖြစ်သာ အာဇာနည်များ ကို အခက်အခဲ များကြားမှ သွားရောက်ဂါရ၀မပြုလဲ
ကိစ္စမရှိဟု ထင်မှတ်နိုင်သည်။ သို့သော် အာဇာနည် ခေါင်းဆောင်ကြီးများ ကြိုးစားခဲ့သည့် ရည်ရွယ်ချက်များကို အလေးဂရုပြုသည့်
အနေဖြင့်သော်လည်းကောင်း ၊ ကျွန်ူပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီး များ ဖြစ်စေချင်ခဲ့သော လွတ်လပ်၍ တရားမျှတသော
နိုင်ငံတော်အဖြစ် မရောက်ရှိသေးပါ ဟု အာဇာနည်ခေါင်းဆောင်များ အား တိုင်တည်လို၍ သော်လည်းကောင်း ၊
အာဏာရှင်များက အာဇာနည်ပုဂ္ဂိုလ်များ၏ အခန်းဂဏ္ဍကို မေ့ထားနိုင်ကြသော်လည်း ကျွန်ူပ်တို့ တိုင်းပြည် ပြည်သူလူထု အနေဖြင့်
ယနေ့ထက်ထိတိုင်အောင် အာဇာနည်ခေါင်းဆောင်းများ၏ ကျေးဇူးကို ရင်ထဲမှာ အမြဲစွာကာ သတိရနေပါသောကြောင့် လာရောက် ဂါဝရပြုခြင်း
ဖြစ်ပါသည်။
အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပပေးခြင်းကြောင့် နောင်တွင်လည်း ယခုအာဇာနည် ပုဂ္ဂိုလ်များကဲ့သို့ တိုင်းပြည်အား အလုပ်အကျွေးပြုသူ များရှိလျှင် ကျွန်ူပ်တို့ ပြည်သူလူထုမှ အာဇာနည်အဖြစ်သတ်မှတ်၍
အမြဲအလေးအမြတ်ထားကာ ဂုဏ်ပြုမည်ဖြစ်သောကြောင့် အားကျ အတုယူနိုင်မည့်
အာဇာနည့်မျိုးဆက်သစ်များကို မွေးထုတ်နိုင်ပေသည်။ ထို့အပြင် ကျွန်ူပ်တို့
ပြည်သူလူထု လိုလား တောင့်တသည့် တိုင်းပြည်၏ ခေါင်းဆောင်မှာ
ဗိုလ်ချုပ်အောင်ဆန်းကဲ့ သို့ ကိုယ်ကျိုးမဖက် တိုင်းပြည် အကျိုးအတွက်
ဆောင်ရွက်မည့် ပုဂ္ဂိုလ်မျိုးပင် ဖြစ်သည်ဟု လူထုသဘောတရားကို
ဖော်ဆောင်ရာလည်းရောက်၏ ။ ပြည်သူလူထု သည် အာဏာရှင်စနစ်ဆိုး၏ နှိပ်ကွပ်မှု
များအောက်တွင် နေရသော်လည်း

လူုထုရင်ထဲမှ အာဇာနည်ချစ်စိတ်များ ယနေ့ထက်ထိ ရှင်သန်နေသည်ကို အာဏာရှင်များ အသိပေးရန် အကောင်းဆုံး အချိန်အခါလည်း ဖြစ်သည်။
လူကောင်းလူတော်တို့မည်သည် လွယ်လွန်းသော အလုပ်ထက် ခက်ခဲသော အလုပ်များကို ပိုမိုစိတ်ဝင်စား တတ်ကြသည်။ မဖြစ်နိုင်ဟု ထင်သော ကိစ္စများကို အောင်မြင်အောင် ဆောင်ရွက်ပြီးစီး သည့် အခါ ရလာသည့် ခံစားချက်မျိုးသည်
အင်မတန်မှ ကြည်နူးစရာကောင်း၏ ၊ ပျော်ရွှင်စရာလည်းကောင်း၏ ၊ အမှတ်တလည်း
ဖြစ်စေ၏ ၊ ယုံကြည်မှုကို လည်း မြင့်မားစေ၏ ။

ကျွန်ူပ် အတွေ့အကြုံအရ ဆိုသော် အာဇာနည် ဗိမာန် ပေါ်သို့ ခြေမချ ခဲ့ဘူးသော်လည်း ၊ အာဇာနည်ဗိမာန်ကို မြင်နိုင်သည့် နေရာမှ သွားရောက်
အလေးပြုသော အခါ ခံစားရသည့် ၀မ်းနည်းကြွေကွဲဖွယ်ရာ ကောင်းသည့် ခံစားချက်နှင့် အတူတူ အာဏာရှင်များအား တားဆီးထားသော အရာများကို ကိုယ်တိုင်ချေဖျက်နိုင်ခဲ့လေပြီ ဟု ခံစားရသည့် အားမာန်က လည်း တမျိုး နှင့်
ကြက်သီးဖြန်းဖြန်း ထလာခဲ့လေသည်။

ထိုသို့သော ခံစားချက်မျိုးကာ စာဖြင့်ရေးပြသည်ထက် ကိုယ်တွေ့ကြုံပြီး ခံစားကြည့်က ပိုမိုသိသာ ထင်ရှားလှပေသည်။
ထိုကဲ့သို့ သော အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်တွင် ပြန်ပြောရသည့် အခါတွင်ကား လွန်စွာ အားရမှုရှိသည်။ လူတို့မည်သည် ကိုယ့်ကို အထင်ကြီးသော မျက်လုံးများဖြင့်သာ အကြည့်ခံချင်ကြသည် မှာ လောကဓမ္မတာတည်း ။
သင်သွားရောက် ဂါရ၀ပြုနိုင်ခဲ့သော် မသွားရောက်နိုင်ခဲ့သော ပုဂ္ဂိုလ်များသည်
သင့်အား အထင်ကြီးသည့် မျက်လုံးများဖြင့်ကြည့်ကာ သိလိုသည်များကို
သူရဲကောင်းပမာ ရှင်းပြ

ရသည်မှလည်း လွန်စွာ အရသာရှိလှပေသည်။
လူတစ်ဦးကို ထောင်ချ၍ ရသည် သူ၏ စိတ်ဓါတ်ကို ကား ထောင်ချ၍ မရ ။ လူတစ်ဦးကို လုပ်ကြံ၍ အသေသတ်နိုင်သည် ၊ သူ၏ စိတ်ဓါတ်နှင့်လုပ်ဆောင်ချက်များကို လုပ်ကြံသတ်ဖြတ်၍ မရ ။ နောင်လာမည့် သမိုင်းကြောင်းကောင်းလိုသော် ယနေ့လုပ်ရပ်များကို သေချာစွာ စဉ်းစားကာ ဆောင်ရွက်သင့်သည်။
အကြောင်းကောင်းမှ အကျိုးကောင်းမည် ဖြစ်သည် ။ အာဏာရှင်စနစ်ကို
ကျင့်သုံးသည်ခေါင်းဆောင်များကို အလိုမရှိ ၊ ကိုယ်ကျိုးစွှန့်
အနစ်နာခံလိုသော ခေါင်းဆောင်များကို သာ ပြည်သူလူထု က အလိုရှိသည်။

ထိုသို့သော ဆောင်ပုဒ်များ သည် ကမ္ဘာတည်သရွေ့ မှန်ကန်နေအုံး မည်ဖြစ်သည်။ ထိုသို့မှန်ကန်ကြောင်းကို သက်သေပြသည့် အာဇာနည်နေ့ ကဲ့သို့ အခမ်းအနားများကို ကိုယ်တိုင်သွားရောက် ကာ သက်သေထူကြပါစို့ ရဟန်းရှင်လူ
ပြည်သူလူထု နှင့်ကျောင်းသားကျောင်းသူ

အပေါင်းတို့ ခင်ဗျာ။
ကျွန်ူပ်ရေးသားသည့်စာသည် အာဇာနည် ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် သူတို့ကျခဲ့သည့် ချွေးတပေါက် မျှပင် တိုင်းပြည် အတွက် အဖိုးမတန်သော်ငြား တတ်နိုင်သည့်ဘက်မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ နှင့်တကွ
ဒီမိုကရေစီ ရရှိရေးအတွက် အသက်ပေးခဲ့သည့် ရဟန်းရှင်လူပြည်သူလူထု
နှင့်တကွကျောင်းသားကျောင်းသူများ ခေတ်သစ်အာဇာနည် သူရဲကောင်းများကို ဂါဝရပြုလိုက်ရပါသည်.............................။။။။။

မိုးမှောင်တိမ်ဖုံး ဆုတ်ယုတ်သုဉ်းသည့်
၁၉ ဂျူလိုင် မမေ့နိုင်ဘဲ
ပြည်သူရင်ထဲ အမြဲစွာကွာ
တမ်းတရသည့် တိုင်းကျိုးပြည်ပြု
အာဇာနည်တစ်စု အား
မှန်းဆတမ်းတ ဂုဏ်ပြုရပါသည်။






ဗိုလ်ချုပ်အောင်ဆန်း၏ စကားများ






“ ၇ဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး
လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ
ကြာကြာမနေနိုင်ပါဘူး။
အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင်
ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ်
မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင်
ရဲဘော်တို့
အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့
အကြီးအမှူးတစ်ယောက်က
ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့
အမိန့်မျိုးပေးတဲ့အခါ
အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ
ကြည့်ရမယ်။
အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို
ဖြစ်စေ၊
တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ
ရဲဘော်တို့ဟာ
ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”


“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”


“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ်
ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော်
အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို
ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့်
ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊
တော်အောင် ကြိုးစားကြပါ။”


“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့
မဟုတ်။ လက်နက်အားကို
တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ
စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင်
ပြောပြတာပဲ။ ဒီစကားကို
ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။
ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ
မဟုတ်။ နိုင်ငံရဲ့
မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”


“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို
လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင်
အားကြီးတဲ့နေရာ
အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး
တစ်မျိုးလုပ်ကြတာပဲ။
ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို
မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ
အားငယ်တဲ့
လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။
အဲဒါကြောင့်
စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”


“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”


“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊
လူကြောက်တွေ၊
လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင်
မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ်
လူမျိုး
ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”


“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ
မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊
အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း
ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို
ပြောင်းကြရမယ်။ သို့ပေမယ့်
တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။
စစ်တပ်ရဲ့အခွင့်အရေးကို
မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ
ရဲဘော်တို့
သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင်
ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”


“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”


“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့
မသိဘူး။
ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊
တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင်
ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။”


“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”


“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့
တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊
တပွဲထိုးဝါဒတွေ၊
ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ
တထစ်ချမှတ်ထားပါ။”


“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။
တိုင်းပြည်နာမှာကို ကြည့်ရမယ်။
ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။
စားကြပါစေ။ သို့သော်
သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့
လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင်
ခေါင်းဆောင်လုပ်နိုင်တဲ့
အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင်
ရွပ်ရွပ်ချွံချွံ
လုပ်ကြပါ။”


“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင်
လုပ်ကြပါ။ အရည်အချင်းလဲ
မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။
ကြီးကျယ်ချင်တဲ့လူတွေဟာ
ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့
ကျုပ်သဘောပြောမယ်ဆိုယင်
ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ
ကျုပ်ထက်သာတယ်လို့
ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင်
ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့
အသင့်ပဲ။”

မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum