Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ဟာသလေးတစ်ခု

Go down

ဟာသလေးတစ်ခု

Post  မိုးထက်မြင်. on Tue Aug 17, 2010 1:11 am


`` ယူကအခြောက်လား´´

`` ဗုဒ္ဓေါ ယူကကော ဘာလို့  အခြောက်လို့ သတ်မှတ်ရတုန်း´´

``ဒါလား..ယူကယောင်္ကျားမတန်မဲ့  သနပ်ခါး ဘဲကြားကြီးနဲ့ ချတ်တင်လာထိုင်နေတယ်လေ`´

``သြော်....ဒါလား ယူထင်သလိုထင်ပါ.. ယူ့ သတ်မှတ်ချက်ကိုပြန်ပြီးမှတ်ချက်မပေးနိုင်တာကိုဆောရီးနော်``

`` ဘာလို့ လဲ ´´

``ယူ့ အနေနဲ့  သနပ်ခါးလိမ်းတဲ့ ယောက်ျားလေးတယောက်ကိုအခြောက်လို့ သတ်မှတ်ခွင့် ရှိသလို

ကိုယ့် မှာလဲ ကိုယ်မျက်နှာပေါ်မှာသနပ်ခါးစိတ်ကြိုက်လိမ်းခွင့် ရှိနေလို့ ပါ´´

ဒီလိုပြောလို့ သူနားလည်ကောင်းနားလည်ချင်မှနားလည်နိုင်ပါလိမ့် မယ်..ဒီလိုမပြောလို့ 

ပြသနာလေးတွေဖြစ်ဖူးခဲ့ ပါတယ်..အခုလိုပဲကောင်လေးတယောက် သနပ်ခါးလိမ်းလို့ ကောင်မအေခြောက်လားသွားမေးပါတယ်..ဟိုကောင်းလေးကလဲ

`` အခြောက်ဟုတ်မဟုတ် သိချင်ရင် ယူတို့ နဲ့ လာနေကြည့် ပေါ့ ´´

``ဘာ....နင်မိုက်ရိုင်းလှချည်လား.. နင့် မှာ အစ်မတွေ၊နှမတွေမရှိဘူးလား.. x..xx..´´

``နင်အရင် ငါ့ ကိုလာပြီးပုတ်ခတ်တာနော်....x..xx..x..´´

စကုန်ပြီ...ဘာမဟုတ်တာလေးနဲ့ ပြသနာတွေဖြစ်ကျပြီ။ပြီးတော့  နင်ပြောငါပြောတွေ မခံသာအောင် ဆော်ကုန်ပြီ

ဒီတော့  ကျနော်လူနောက်အတွက် တရားပြ စရာ ဆောင်းပါးရေးဖို့ ဖန်လာပြီ။ဒီတော့ ရေးပြီပေါ့ ..ဟဲဟဲ

ပြောပြချင်တာကတော့ .. လူတိုင်းသနပ်ခါးမကြိုက်လောက်ပါဘူး..သို့ ပေမယ့်  သနပ်ခါးမကြိုက်တဲ့ အသူအနေနဲ့ 

သနပ်လိမ်းရတာကြိုက်တဲ့ သူ(ယောင်္ကျား၊မိန်းမ) ကို အခုအပေါ်ယံအမြင်နဲ့  ပုတ်ခဲ့ တဲ့ သဘောမျိုးမပြောစေပါဘူး

ကျနော်တို့ အညာသားတွေ သနပ်ခါးလိမ်းရတာကို ကြိုက်ပါတယ်။ဘာလို့ လဲ....? အညာမှာသနပ်လိမ်းခြင်းရဲ့ အကျိုးကျေးဇူးကြှီးပါတယ်။ မွေးကတည်းရေချိုးပြီးရင်..အရင်ဆုံးအမေတိုင်းက သားသမီးကိုသနပ်ခါးလိမ်းပေး

ပါတယ်..ငယ်ငယ်ကတည်းလိမ်းလာတာ သက္ကသိုလ်ရောက် ဘွဲ့ ရ အလုပ်ဝင်သည်အထိ..သနပ်ခါးလိမ်းမြဲပါပဲ..

သနပ်ခါးလိမ်းထားရင် မျက်နှာမှာအေးစိမ့် စိမ့် အရသာလေးရယ်၊ပြီးတော့  အညာမှာက ရာသီဥတုက ပူတဲ့ 

ဘက်မှာရှိတယ်...ဒီတော့ မျက်နှာကိုနေပူဒဏ်ခံဖို့ သနပ်ခါးပဲအားပြုလိမ်းပါတယ်..ကျနော်တင်မဟုတ်ဝူးနော်

အားလုံးနီးပါးပဲ(အားလုံးလို့ မဆိုလိုပါ)သနပ်ခါးလိမ်းပါတယ်..ပါးကွက် ပါခြင်းမပါခြင်းပဲခြားပါတယ်။

ဒီတော့ ဒီဘက်ကမိန်းကလေးတွေကလဲ ဒီအရပ်ဒီဒေသမှာ ယောင်္ကျားလေး တယောက် သနပ်ခါးလိမ်း

အခြောက်လို့ မြင်ရကောင်းမှန်းမသိတော့ ဘူး။ဘာလို့ လဲ.....?ဒါ ဒီအရပ်ဒီဒေသရဲ့  ဓလေ့ တခုပါပဲ။

ဒါမေယ့် ..တခြားဒေသက ကောင်မလေးတယောက် ယောင်္ကျားလေးတယောက်သနပ်ခါးလိမ်းတာကို

အထူးအဆန်းဖြစ်ပြီ..သူ့ အမြင်ကိုပွင့် ပွင့် လင်းလင်းဝေဖန်လိုက်တော့ ..နားလည်တဲ့ သူကရှင်းပြနိုင်ပေမယ့် 

မပြောတတ်တော့ ဆဲသလို ဆိုသလို တချို့ တလေအနည်းစုကတော့ မလိုလား အပ်တဲ့ ပြသနာတွေဖန်တီးမိ

တယ်ပေါ့ ..ဒီတော့ ဒီလိုနည်းနဲ့ ပဲအညာကသနပ်ခါးလိမ်းတဲ့ ယောင်္ကျားတွေဘက်ကပဲကျနော်ကအမြင်မစောင်းဖို့  ရေးသားတင်ပြလိုက်ပါတယ်။ထို့ အတူ ကျနော်ဖတ်ဖူးတဲ့  သနပ်ခါးအကြောင်းကို မှတ်ချတ်ထုတ်ပြီးဖော်ပြပေးချင်

ပါတယ်။မူရင်းကတော့  အမှတ်(၄) လုံမလေး မဂ္ဂဇင်း ၁၉၈၁ ခုနှစ် ဧပြီလထုတ် ထဲက စာရေးဆရာမ

သဇင်ကြည်ရဲ့  သနပ်ခါးဆိုတဲ့ ဆောင်းပါးကို မှတ်ချတ်ထုတ်ပြီးတင်လိုက်ပါတယ်။(မူးရင်း မဖော်ပြရင်

အဆို တော် ရှာကီရာလို ကော်ပီဆိုလို့  ရော်ကြေးတောင်သလို..မူးရင်းစာရေးဆရာမသဇင်ကြည်က

ကော်ပီးရေးလို့  ရော်ကြေးလာတောင်းရင်ဒုက္ခပေါ့ ..ဟဲဟဲ´´


သနပ်ခါး

ကမ္ဘာပေါ်မှာမြန်မာအမျိုးသမီးအများစု သနပ်ခါး လိမ်းရတာကိုနှစ်သက်ခုံမင်ကျပါတယ်။လှချင်ပချင်သည်ထက်

မျက်နှာ ပေါ်မှာ အသားရေအေးမြခြင်း ကိုဦးစားပေးလိမ်းကျံပါတယ်။ပေါင်ဒါပင်(အဲဒီခတ်ကပေါ့ ..ဒီခတ်မှာ

Now How တို့ ဘာတို့ ပေါ့  မသုံးဘူးပါဘူး..မြင်နေတော့ ထင်တာရေးမိတာပါ...အဟီး) မဖို့ လိုတော့ ။ သနပ်

ခါးလိမ်းပြီးမခြောက်တခြောက်လေးမှာ မန္တလေးက ဒေါ်ဦးသနပ်ခါးမှုန့်  နှင့် ဒေါ်သီသနပ်ခါးမှုန့် (ကြော်ငြာခ မည်သူမျှ လာမပေးသေးပါ)စသောအစစ်မှုန့် များကိုပေါင်ဒါမှုန့် အစားအသုံးပြုလိုပါသည်။ရာသီဥတု လွန်စွာ အေးမြသောတိုင်းပြည်တွေများနှင့် မိတ်ကပ်သည်လွန်စွာသင့် လျော်ပါသည်။၎င်းတို့ တိုင်းပြည်နဲ့ လျော်ကဖြစ်သည်။အပူဓာတ်မရှိသောကြောင်ချွေးမထွက်၊အဆီမပြန်ခြင်းဖြစ်သည်။ပူအိုက်သောတိုင်းပြည်များနှင့် ကာ သင်းကြိုင် အေးမြသောသနပ်ခါးသည်သာ လျှင်အသင့် တော်ဆုံး ဖြစ်ပါသည်။သနပ်ခါးလူပြီးချိန်မှာ မျက်နှာပြင်ပေါ်မှ အခိုးအငွေ့ များ တရှိန်ရှိန် ထွက်ပြီး အေးမြနေခြင်းကို ကျမလွန်စွာနှစ်သက်မြတ်နိုးပါသည်

မျက်စီများကြည့် လို့ ပိုမိုကြည်လင်လာခြင်း၊ မျက်နှာပြင်ပေါ်မှအကြောအခြင်များလျော့ သွားခြင်း၊မျက်စီကြော

တင်ခြင်းမှသက်သာလာခြင်းစသောသနပ်ခါး အကျိုးအာနိသင်ထူးများ ကိုထိထိမိမိပြည့် ပြည့် ၀၀ကြီးခံစားရပါတယ်။

ထိုအချက်များကိုထောက်ခြင်းအားဖြင့်  သနပ်ခါးသည် အပူပိုင်း တိုင်းပြည်များအတွက် ဆေးဘက်အ၀င်ဆုံး ၊

အသင်မြတ်ဆုံးသောခြယ်လူးစရာပစ္စည်းတခုဖြစ်ကြောင်းသိသာထင်ရှားလှပေသည်။မြန်မာအမျိုးသမီးတိုင်းလိုလို

သနပ်ခါးကိုကြိုက်နှစ်သက်ပါသည်။သနပ်ခါးကိုမကြိုက်သူမရှိသလောက်ဟုထင်ပါသည်။ သွေးရသောဒုက္ခများကို

ကရိကထမခံချင်သောကြောင့်  တဦးတလေ တလေမျှ မလူးလိုကြခြင်း ဖြစိပေလိမ့် မည်။သနပ်ခါးလိမ်းသည်မှာ အနည်းငယ် ကရိကထများသည်ဟုထင်ရသောလည်း သနပ်ခါးကိုချက်ချင်းသွေးပြီး ချက်ချင်း လူးရသော

လတ်လတ်ဆတ်ဆတ်အရသာကို ပိုမိုခုံမင်စရာပါပဲ။သနပ်ခါးကိုတောသူနှင့်  နတ်ကတော် ၊မိန်းမလျာများ

သာလူးရမည်ဟုမည်သည့် ကျမ်းစာအုပ်ကမှရေးသားထားခြင်းမရှိပါ။ပိတ်ပင်ထားဆီးခြင်းလဲမပြုကြပါ။

သနပ်ခါးကိုနှစ်သက်မြတ်နိုးစွာအစဉ်အဆက်သုံးစွဲလာကျသော ဘိုးဘွား မိဘများမှ ပေါက်ဖွားကြီးပြင်းလာလျက်

ထိုသို့ စကားလုံးများမပြောဆိုသင့် ဟုထင်ပါသည်၊မိမိ၏ ဘိုးဘွား မိဘနှင့် အမိမြေကို စော်ကားနှိမ့် ချရာရောက်

သည်ဟု ကျမ(မူရင်းဆရာမ သဇင်ကြည်.၊ယခုရေးနေသောလူနောက်မ အဲ လူနောက် မဟုတ်ပါ) ယူဆမိပါသည်။

တောင်တွင်းကြီး မြို့ မှာ သနပ်ခါးထွက်ပါသည်၊။တောင်တွင်းကြီးသနပ်ခါးကောင်းကြောင်းကို ဦးကျော့ က

အောက်ပါအတိုင်းရေးစပ်ခဲ့ ပါသည်။

``သနပ်ခါးဘွဲ့ တေးထပ်´´

ပုလဲငွေနှင်းပျို့ ၊ လေးသွင်းချို့ သုတ်ခါ။

ရွှေတွင်းမြို့ ဥတ္တရာဝယ်၊ ရုက္ခမာသာမော။

နွဲ့ ကြူးဆင့် ကဲထူးလှိုင်သည်၊လဲဘူးမြိုင်ပန်းစုံတော။

စိမ့် စမ်းကျ ထွေထွေသွန်၊ ရေတခွန်ကျလျော။

ဟေမ၀န်မြကြော၊နံ့ သာတောရင့် မှုန့် ။

လှလိုက်တာ ပင်နပ်ခါး၊ရှင်နတ်များစိုက်ထားသည့် ပုံ။

အရိုးက ကတိုးထုံသည်၊အခိုးစုံပင်လျောက်ပါလို့  ၊

အခေါက်ကလေးတရာ၊မွှေးတဲ့ နံ့ သာ၊

ရွှေတသန်း တွေမန်းညှာ၊ ရွှေဂန္ဓာဆင်မြန်းဖို့ လေး။ ။

ခေတ်ကာလတိုးတက်လာသည်နျင့် အမျှ ဆန်းပြားကောင်းမွန်သော အလျပြင်ပစ္စည်းများ မည်မျှပေါစေကာမူ

မြန်မာအမျိုးသမီးများ သည် သနပ်ခါးကို လက်မလွတ်သင့် ပေ။ယခုခေတ် ယခုအခါဝယ်အခြားကုန်ပစ္စည်းများ

နည်းတူတန်ဖိုးပိုမိုကြီးမြင့် လာပြီဖြစ်သော် လည်း မိမိ၏ ကိန်းမားရေးကိုရှေးရှူပြီးသနပ်ခါးကိုဝယ်ယူသုံးစွဲသင့့်လှပေသည်ဒမြန်မာနိုင်ငံ၏အသင့်လျော်ဆုံးမှာသနပ်ခါးသာလျင်ဖြစ်သည်။ရှေးကလူကြီးသူမများသည်ကလေးများကိုရေချိုးပြီးသနပ်ခါလူးပေးပြီး

လျင်နောက်ဆုံး တွင်သနပ်ခါးသီးသန့် သွေးပြီးကလေးကိုခွံလေ့ ရှိပါတယ်။ဝမ်းတွင်းအေးသည်၊အပူကင်းသည်၊

ကျန်းမာသည်ဟုယူဆနိုင်ပါသည်။၎င်းအပြင်ကိုယ်တိုင်လည်းဆားအနည်းငယ်ထည့် ပြီးဇွန်းကလေးနဲ့ သာက်လေ့ ရှိ

ပါသည်။ထို့ ကြောင့် ကျမတို့  ဘိုးဘွားမိဘထက်မှစပြီးယနေ့ တိုင်အစဉ်အဆက်သုံးစွဲလာသောသနပ်ခါးကို

ကျွန်မတို့ လက်ထက်မှာ လည်း အမြတ်တနိုး ဆက်လင်သုံးစွဲရန်မှာ ကျမတို့ တာဝန်ပင်ဖြစ်သည်။၎င်းအပြင်

သနပ်ခါးကို စနစ်တကျ ပျိုးထောင်ခြင်း ၊မှန်မှန်ကန်ကန်ရောင်းချခြင်း၊တန်ဖိုးထားလေးလေးစားစားခြယ်လူခြင်း

ဖြင့် မြန်မာရိုးရာ၊မြန်မာဓလေ့ ၊မြန်မာ့ ယဉ်ကျေးမူတရပ် ကိုပျောက်ကွယ်မသွားရလေအောင်ကိုယ်စီတက်ညီလက်ညီ

ထိန်းသိမ်းကြပါစို့ ။
avatar
မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum