Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မြတ်နိုးခွင့်

Go down

မြတ်နိုးခွင့်

Post  Trojan on Wed Jun 23, 2010 5:47 pm

ဆည်းလည်းသံလို လေထဲ
သူ့ရယ်သံတွေ ဝေ့၀ဲခဲ့တဲ့
အမှတ်တရ နေ့စွဲတစ်ခုမှာ
အချစ်တစ်ခုကို ဝေခွဲတတ်ခဲ့ပါတယ်။

နှလုံးသားက နှိုးဆွလွန်းလို့
ပြုံးတိုင်း ပါးချိုင့်လေးနဲ့
တစ်မျိုးလှတဲ့ ကောင်မလေး
မိုးကကျတဲ့ အလှပဂေးကို
အစိုးမရ ချစ်မိခဲ့ချိန်မှာ
ငါ မရိုးမရွ ဖြစ်ခဲ့ရပါတယ်။

အရင်ဦးက မြင်ဖူးခဲ့ပါရဲ့
ဒါပေမယ့် …
အသွင်ထူးနေတဲ့ သူ့ပုံစံမှာ
ခံစားချက်တွေ ပုံမမှန်
နှလုံးသွေးတွေ အစုန်အဆန်နဲ့
မျက်နှာလွှဲဖို့ကိုတောင်
ပုန်ကန်နေခဲ့မိတယ်။

အပြုံးလဲ့လဲ့ကို ဖူးအတွေ့
ခံနိုင်ရည်တချို့ မူးမေ့ခဲ့ရတယ်
အရူးနေ့တွေရဲ့ အစ
နှလုံးသားတစ်ခု ခ၀ါချရအောင်
ကောင်မလေး … မင်း သိပ်လှလွန်းပါတယ်။
avatar
Trojan
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 70
Start Date: : 2010-06-23

Back to top Go down

Re: မြတ်နိုးခွင့်

Post  ဂျိမ်းဖောကောင်လေး on Thu Jun 24, 2010 4:01 pm

လန်းတယ်ဟေ...အားပေးတယ်.. Razz
avatar
ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum