Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




P.K

Go down

P.K

Post  မိုးထက်မြင်. on Mon Aug 16, 2010 2:08 am

P.K

ချစ်သူအတွက်ဆို pk တစ်ခုရဲ့ ဂုဏ်သတ္တိလို
အချိုတွေကုန်သွားသည့်တိုင်
ပူဖေါင်းတွေဖန်တီးပေးရင်း
အရည်အချင်းရှိသလောက်
အစွမ်းကုန်ဖြည့်ဆည်းလို့
အရာ ရာ ချစ်သူအလိုကျဖို့ ကြိုးစားခဲ့ပေမဲ့ .....

ချစ်သူကတော့
pk တစ်ခုရဲ့ ဘ၀လို ကိုက်ဝါးရင်း
နှလုံးသွေးတွေ စားသုံးပြီးတဲ့အပြင်
မလိုအပ်ဘူးလို့ထင်ချိန်မှာ
ခပ်လွယ် လွယ် စွန့်ပစ်ရက်မှာပါ .....

ရှိပါစေလေ
ထားခဲ့ချင်မှာတော့
ဖြစ်တဲ့နည်းနဲ့နေခဲ့ရမှာပေါ့ .....

တစ်ယောက်ထဲဆိုတဲ့ခရီး ခါးသီးလွန်းခဲ့ရင်တောင်
တွဲထားခဲ့ဖူးတဲ့ လက်တွေအတွက် တသသ တမ်းတမိခဲ့ရင်တောင်
ရင်ခုန်ခဲ့ဖူးတဲ့ အပြုံးတစ်စုံကို စွဲလမ်းမြတ်နိုးခဲ့ရင်တောင်
နွေးထွေးပြည့်စုံတဲ့ ရင်ခွင်ကျယ်တစ်ခုကို မက်မောခဲ့မိရင်တောင် .....

"မဖြစ်နိုင်တော့ဘူး ..." ဆိုတဲ့ စကားတစ်ခွန်းနဲ့
ချန်ထားရက်ခဲ့မဲ့ချစ်သူအတွက်
မနက်ဖြန်ဆိုတာတွေကို
နှလုံးသားမပါလည်း
မာနတစ်ခုထဲနဲ့ ဆက်လက်ရှင်သန်နေမယ် ...

ရူးမတတ်စွဲလမ်းမိခဲ့ပေမဲ့
ချစ်သူက ရှောင်ဖယ်ရက်တဲ့အခါ
တွယ်ကပ်ပြီး ရှေ့ ဆက်ဘို့အထိတော့
မမိုက်မဲသင့်တော့ဘူးလေ....
avatar
မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum