Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့နည်းသွား၊ ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွားပါက ၂၄ နာရီအတွင်း စစ်ဆေးကုသမှု ခံယူရန်လိုအပ်

Go down

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့နည်းသွား၊ ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွားပါက ၂၄ နာရီအတွင်း စစ်ဆေးကုသမှု ခံယူရန်လိုအပ်

Post  ဂျိမ်းဖောကောင်လေး on Mon Aug 02, 2010 4:33 pm

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှုနှုန်း လျော့နည်းကျဆင်းသွားကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။




သို့ရာတွင် ဖျား၍ငှက်ဖျား ဟု သံသယရှိပါက ဆေးဆိုင်များမှ စပ်ဆေးများ ၀ယ်သောက်ခြင်း မပြုဘဲ နီးစပ်ရာ ကျန်းမာရေးဌာနများရှိ တတ်ကျွမ်းသည့် ဆရာဝန်များထံတွင် ငှက်ဖျားပိုး ရှိ၊ မရှိ စစ်ဆေး၍ လိုအပ်သလို ဆေးကုသမှု ခံယူသင့်ကြောင်း ငှက်ဖျားတိုက်ဖျက်ရေး ဆရာဝန်များထံမှ သိရသည်။


"ငှက်ဖျားဟာ ပိုးဝင်ပြီး ခုနစ် ရက်၊ ၁၀ ရက်ကြာမှ သိရတယ်။ ငှက်ဖျားမှာ ပြင်းထန်ငှက်ဖျားနဲ့ သာမန်ငှက်ဖျား ဆိုပြီးရှိတယ်။ ပြင်းထန်ငှက်ဖျားဟာ ၂၄ နာရီအတွင်း သေဆုံးနိုင်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ကျန်းမာရေးဌာနတွေက ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အချိန်မီ ဆေးကုသမှု ခံယူသင့်ပါတယ်။ ပြင်းထန်ငှက်ဖျားအတွက် Coartem ဆေးကိုတိုက်ပါတယ်။ သာမန် ငှက်ဖျားကိုတော့ Chloroquine တိုက်ပါတယ်။ ဒါပေမယ့် သာမန် ငှက်ဖျားပိုးဟာ အသည်းထဲမှာ ပုန်းအောင်းနေတတ်တာကြောင့် ပြန်ဖြစ်နိုင်ပါတယ်။ အရင်က ပြင်းထန်ငှက်ဖျား ၇၅ ရာခိုင်နှုန်းဆိုရင် သာမန်ငှက်ဖျားက ၂၅ ရာခိုင်နှုန်းရှိတယ်။ အခုနောက်ပိုင်း ပြင်းထန် ငှက်ဖျားက ၅၀ ရာခိုင်နှုန်းဆိုရင် သာမန်ငှက်ဖျားက ၅၀ ရာခိုင်နှုန်း ဖြစ်လာတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမန်ငှက်ဖျားဖြစ်တဲ့ လူနာကို အမြစ်ပြတ်ဆေးထည့် ပေါင်းမပေးတဲ့အတွက်ကြောင့်ပါ။ ပြီးတော့ ကာယကံရှင် ကိုယ်တိုင်လည်း ဆေးကို ဆေးပတ်လည်အောင် မသောက်တဲ့အတွက်ကြောင့် နောက်ပိုင်းဆေးယဉ်ပါး ဖြစ်လာနိုင်ပြီး အမြစ်မပြတ်ဘဲ ရှိနေနိုင်ပါတယ်" ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာမျိုးမင်း က ပြောကြားခဲ့ပါသည်။


ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားပါက သေဆုံးရန် ရာခိုင်နှုန်းပိုများ၍ အထူးဂရုစိုက်ရန်လိုကြောင်း သိရသည်။
အရင်က ပြင်းထန်ငှက်ဖျား ၇၅ ရာခိုင်နှုန်းဆိုရင် သာမန်ငှက်ဖျားက ၂၅ ရာခိုင်နှုန်းရှိတယ်။ အခုနောက်ပိုင်း ပြင်းထန် ငှက်ဖျားက ၅၀ ရာခိုင်နှုန်းဆိုရင် သာမန်ငှက်ဖျားက ၅၀ ရာခိုင်နှုန်း ဖြစ်လာ...


မြန်မာနိုင်ငံတွင် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု နှုန်းမှာလူဦးရေ ၁၀၀၀ လျှင် ၁၀ ဒသမ ၇၅ နှင့် ငှက်ဖျားရောဂါဖြင့် သေဆုံးမှုနှုန်းမှာ လူဦးရေတစ်သိန်း လျှင် ၁ ဒသမ ၈၄ ရှိကြောင်း၊ အဆိုပါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းမှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် ရောဂါဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားကြောင်း တရားဝင်ထုတ်ပြန်ချက် များအရ သိရသည်။


ငှက်ဖျားရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများတွင် ခြင်နှိမ်နှင်းရေး၊ ပိုးလောက်လန်းနှိမ်နှင်းရေး၊ ဇီဝဆိုင်ရာနည်းပညာများ အသုံးပြုခြင်း၊ ဓာတုပစ္စည်းများအသုံးပြုခြင်း၊ ငှက်ဖျားရောဂါ တစ်ကိုယ်ရေ ကာကွယ်ရေး၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းစသည့် လုပ်ငန်းများလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားတတ်သည့် ဒေသများတွင် အလုပ်လုပ်သူများ၊ တောတောင်ထူထပ်သည့် ဒေသတွင် တောင်ယာလုပ်သူများ၊ ငှက်ဖျားခြင်ရှိသည့်ဒေသသို့ ခရီးသွားသူများ စသည့်သူများတွင် ရောဂါ ဖြစ်နိုင်ကြောင်း သိရသည်။ "စီမံချက် ဆေးခန်းတွေမှာ အခမဲ့သွေးစစ်ဆေးပေးပြီး ရောဂါပိုးတွေ့ရှိရင် ပေါင်းစပ် ဆေးပေးတယ်။ ၂၀၀၉ ခုနှစ်ကစပြီး နယ်လှည့်ဆေးကုသမှုတွေ ပြုလုပ်ပေးတယ်"ဟု ၎င်းကပြောကြားခဲ့သည်။


--

avatar
ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum