Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ရာသီဥတုနှင့် ခြင်ကြောင့် ဖျားနာခြင်းနှင့် တုပ်ကွေးဖြစ်ပွားမှုများ

View previous topic View next topic Go down

ရာသီဥတုနှင့် ခြင်ကြောင့် ဖျားနာခြင်းနှင့် တုပ်ကွေးဖြစ်ပွားမှုများ

Post  ဂျိမ်းဖောကောင်လေး on Mon Aug 02, 2010 4:32 pm

“အရင်တုန်းကတော့ မိုးဦးကျအချိန် ဇွန်လလောက်မှာ လူတော်တော်များများ ဖျားကြတယ်။ ဒီလိုအချိန်ကျတော့ မိုးရွာနေတဲ့အတွက် ဖြစ်တာနည်းတယ်။ အခုတော့ မိုးရွာလိုက်၊ ချက်ချင်း နေပြန်ပူလိုက်ဖြစ်တဲ့အခါ ခုခံအားတွေကျဆင်းပြီး ဖျားတဲ့လူနာတွေ ဒီရက်ပိုင်းမှာများတယ်”

ရာသီဥတုနှင့် ခြင်ကြောင့် ဖျားနာခြင်းနှင့် တုပ်ကွေးဖြစ်ပွားမှုများ

တစ်နေ့တည်း မိုးရွာ၍ မိုးစဲသည်နှင့် နေပူရှိန်ပြင်းသည့် ရာသီဥတု အပြောင်းအလဲမြန်နေသော ယခုအချိန်တွင် လူအများ၌ တုပ်ကွေးရောဂါများ အဖြစ်များနေကြကြောင်း သိရသည်။ရာသီဥတု အပြောင်းအလဲဖြစ်သည့် မိုးဦးကျအချိန်နှင့် ဆောင်းအကူးကာလများတွင် ပုံမှန်ဖျားနာခြင်းမျိုး အဖြစ်များကြရာမှ ယခုနောက်ပိုင်း ရာသီဥတုများ ပြောင်းလဲလာသည့်အတွက် ဖျားနာခြင်းများလည်း အချိန်အခါမရွေး ဖြစ်ပွားလာခြင်းဖြစ်ကြောင်းဒေါက်တာထွန်းသိန်းက ပြောသည်။ “အရင်တုန်းကတော့ မိုးဦးကျအချိန် ဇွန်လလောက်မှာ လူတော်တော်များများ ဖျားကြတယ်။ ဒီလိုအချိန်ကျတော့ မိုးရွာနေတဲ့အတွက် ဖြစ်တာနည်းတယ်။ အခုတော့ မိုးရွာလိုက်၊ ချက်ချင်း နေပြန်ပူလိုက်ဖြစ်တဲ့အခါ ခုခံအားတွေကျဆင်းပြီး ဖျားတဲ့လူနာတွေ ဒီရက်ပိုင်းမှာများတယ်”ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာထွန်းသိန်းက ပြောသည်။ ခန္ဓာကိုယ်အတွင်း ခုခံအားစနစ်များမှာ ပတ်ဝန်းကျင်အေးသည့်အချိန်၊ ပူသည့်အချိန်များတွင် ခန္ဓာကိုယ်အတွင်း ခံနိုင်ရည်ရှိစေရန် လိုက်လျောညီထွေ ပြောင်းလဲခြင်းများ ဆောင်ရွက်ပြီး အပူအအေးရုတ်တရက် ပြောင်းလဲမှု များပြားလာပါက ခုခံအားစနစ်များအားနည်းပြီး ရောဂါကူးစက်ခံရ၍ ဖျားနာကြခြင်းဖြစ်ကြောင်း သိရသည်။

ယခု လူအများတွင် ဖြစ်ပွားသည့် တုပ်ကွေးပုံစံသည် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်သည့် ချီကန်ကင်ညာရောဂါကဲ့သို့ အဖျားအလွန်ပြင်းထန်ပြီး ကိုယ်လက်များ အဆမတန်ကိုက်ခဲသည့် ဝေဒနာမျိုးမဟုတ်ဘဲ ပုံမှန်တုပ်ကွေးပုံစံကဲ့သို့ အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက် ၀န်းကျင်ခန့်ရှိပြီး ၂ရက်ခန့်အတွင်း ပျောက်ကင်းလေ့ရှိကြောင်း သိရသည်။နှာစေး၊ ချောင်းဆိုးခြင်းမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြီး အနီးပတ်ဝန်းကျင် ငါးပေ၊ခြောက်ပေခန့် အကွာအဝေးတွင်ပါ ကူးစက်နိုင်ကြောင်း သိရသည်။ “အလုံပိတ်အခန်းတွေထဲမှာ ကားတွေပေါ်မှာ ရောဂါပိုးရှိ သူတစ်ယောက် နှာချေး၊ ချောင်းဆိုးတာနဲ့ ကူးနိုင်တဲ့အပြင် နေမကောင်းတဲ့သူ စကားပြောတဲ့အခါ ပိုးတွေက လေထဲကနေ တစ်ဆင့်လည်း ကူးနိုင်ပါတယ်။ ဒါကြောင့်တစ်ယောက်ဖြစ်ရင် များသောအားဖြင့် အနီးပတ်ဝန်းကျင်က လူတော်တော်များများ ကူးစက်ခံရလေ့ရှိတယ်”ဟု ဒေါက်တာထွန်းသိန်းက ပြောသည်။ ခန္ဓာကိုယ် ခုခံအားမြင့်နေသည့်အခါ ရောဂါကူးစက်နိုင်ခြေ နည်းပါးသည့်အတွက် ခုခံအားမြင့်စေနိုင်သည့် အစားအစာများစားသုံး၍ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်ခံရ၍ ဖျားနာပါက အရည်များတိုက်ပေးခြင်း၊ အနားယူခြင်း၊ နွေးနွေးထွေးထွေး နေထိုင်ခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုခံယူခြင်းတို့ဖြင့် ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။



ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum