Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး Techno အကပွဲတော်တွင် ကပွဲခန်းမပြိုကျ၍ လူ ၁၉ ဦး သေဆုံးပြီး ၃၅၀ နီးပါး ဒဏ်ရာရရှိ

View previous topic View next topic Go down

ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး Techno အကပွဲတော်တွင် ကပွဲခန်းမပြိုကျ၍ လူ ၁၉ ဦး သေဆုံးပြီး ၃၅၀ နီးပါး ဒဏ်ရာရရှိ

Post  ဂျိမ်းဖောကောင်လေး on Mon Aug 02, 2010 4:16 pm

ဂျာမနီနိုင်ငံ Duisburg မြို့တွင် ဇူလိုင်လ၂၄ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘာ့အကြီးဆုံး Techno ပွဲတော်တွင် ကပွဲခန်းမပြိုကျခဲ့ရာ လူ ၁၉ ဦးသေဆုံးခဲ့ရပြီး ၃၅၀ နီးပါးခန့် ဒဏ်ရာရရှိသွားကြောင်း သိရပါသည်။


ကပွဲခန်းမသည် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် အနည်းငယ်သာ ပြိုကျခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူနှင့် သေဆုံးသူများခဲ့ရသည့် အကြောင်းအရင်းထဲများ၌ ရုတ်တရက် ကြောက်လန့်စိတ်ဝင်ကာ တစ်ခုတည်းသာရှိ သောထွက်ပေါက်ဆီသို့ ခြေဦးတည့် ရာပြေးလွှားခဲ့ခြင်း အရှိန်များကြောင့် ဖြစ်ကြောင်း သိရပါသည်။


ကပွဲခန်းမပြိုကျသွားခြင်းကြောင့် သေဆုံးသွားကြသူများမှာ အသက် ၂၀ မှာ ၄၀ အကြားရှိ ပရိသတ်များဖြစ်ကြကြောင်း သိရသည်။ သေဆုံးသွားသူများတွင် စပိန်၊ ဘော့ စနီးယား၊ နယ်သာလန်၊ သြစတြေးလျ၊ အီတလီနှင့် တရုတ်နိုင်ငံတို့ မှ နိုင်ငံခြားသားခြောက်ဦး ပါဝင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဒဏ်ရာရရှိသူ အရေအတွက်မှာမူ ၃၄၂ ဦးရှိကြောင်း ဖော်ပြထားပါသည်။


ကပွဲခန်းမ ပြိုကျသွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ရဲတပ်ဖွဲ့နှင့် ပွဲစီစဉ်ကျင်းပသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီး သေဆုံးသူဦးရေတိုးလာမည့် အခြေအနေတွင် ရှိနေကြောင်း သတင်းများ ဖော်ပြထားသည်။ ဂျာမန်သတင်းစာ များတွင် ရေးသားဖော်ပြထားချက်၌ လူဦးရေတစ်သန်းကျော်ခန့် ပါဝင် ဆင်နွှဲနေသော ကပွဲခန်းမနေရာကို အပေါက် တစ်ပေါက်တည်းသာရှိသော မြေအောက်ဥမင်ခန်းမတစ်ခုကို ရွေးချယ်ခဲ့ခြင်းသည် အလွန်မှားယွင်း ကြောင်း ဝေဖန်ထားပါသည်။


ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသော အချက်အလက်များအရ ပွဲတော်တွင် ၀င်ရောက်ဆင်နွှဲနေသူ အရေအတွက်မှာ နှစ်သိန်းခွဲသာ ရှိသည်ဆိုခြင်းကြောင့် သတင်းများတွင် ဖော်ပြထားသော ဆင်နွှဲသူ အရေအတွက် တစ်သန်းကျော်နှင့်နှိုင်း ယှဉ်ပါက အလွန်ကွာဟချက်ရှိနေကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် ကပွဲခန်းပြိုကျရခြင်း အကြောင်းကို သဲကွဲစွာ မသိရှိသေးဘဲ စုံစမ်းနေဆဲဟုသာ ရဲအဖွဲ့မှ ပြောဆိုထားပါသည်။


ယခုပြုလုပ်ခဲ့သည့် Techno ပွဲတော်သည် ဘာလင်တံတိုင်းပြိုကျခဲ့သည့် ၁၉၈၉ ခုနှစ်ကတည်းကပင် နှစ်စဉ်ကျင်းပနေသည့် ပွဲတော်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Techno ပွဲတော်တစ်ရပ်လည်း ဖြစ်ပါသည်။ ပွဲတော်ကို နေ့ခင်းဘက်အချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။
--


ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum