Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




အထည်ဆိုင်မှ အရုပ်များကို လုံခြုံစွာဝတ်ဆင်ပေးရမည်ဟု ဟားမတ်စ်တို့ အမိန့်ထုတ်

View previous topic View next topic Go down

အထည်ဆိုင်မှ အရုပ်များကို လုံခြုံစွာဝတ်ဆင်ပေးရမည်ဟု ဟားမတ်စ်တို့ အမိန့်ထုတ်

Post  ဂျိမ်းဖောကောင်လေး on Mon Aug 02, 2010 4:15 pm


“လမ်းတွေပေါ်က အ၀တ်အစားဆိုင်တွေမှာ အတွင်းခံတွေ ၀တ်ပေးထားတဲ့ အရုပ်တွေက လမ်းသွားလမ်းလာတွေအတွင်း အမြင်မသင့်တော်ပါဘူး။ ရိုးရာအစဉ်အလာနဲ့လည်း ဆန့်ကျင်နေတာကြောင့် ခုလိုပိတ်ပင်လိုက်တာပါ”

အထည်ဆိုင်မှ အရုပ်များကို လုံခြုံစွာဝတ်ဆင်ပေးရမည်ဟု ဟားမတ်စ်တို့ အမိန့်ထုတ်

အ၀တ်အထည် အရောင်းဆိုင်များမှ အရုပ်များကို လုံလုံခြုံခြုံ ၀တ်ဆင်စေရမည်ဟု ဟားမတ်စ်တို့က အမိန့်ထုတ်လိုက်သည်။ ဂါဇာကမ်းမြှောင် ဒေသတွင် အင်အားကြီးမားစွာ လွှမ်းမိုးထားသည့် ဟားမတ်စ်ပြောက်ကျားများက ဒေသတွင်းရှိ အထည်ဆိုင်များရှိ အမျိုးသမီး အရုပ်များတွင် အတွင်းခံ အ၀တ်အထည်များ ၀တ်ဆင်ထားခြင်းမျိုးကို မပြုလုပ်ရန် တားမြစ်လိုက်သည်။


မကြာသေးမီကမှ ရိုးရာအလိုက် ဂါဇာတွင် သောက်လေ့ရှိသည့် ဆေးတံတစ်မျိုးကို လူမြင်ကွင်းတွင် အမျိုးသမီးများ မသောက်ရန် ပညတ်လိုက်ပြီးနောက် ဟားမတ်စ်တို့က ယခုသီတင်းပါတ်အတွင်း နောက်ထပ်ကန့်သတ်မှု တစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။ “လမ်းတွေပေါ်က အ၀တ်အစားဆိုင်တွေမှာ အတွင်းခံတွေ ၀တ်ပေးထားတဲ့ အရုပ်တွေက လမ်းသွားလမ်းလာတွေအတွင်း အမြင်မသင့်တော်ပါဘူး။ ရိုးရာအစဉ်အလာနဲ့လည်း ဆန့်ကျင်နေတာကြောင့် ခုလိုပိတ်ပင်လိုက်တာပါ”ဟု ဟားမတ်စ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အေမန်အယ်လ်ဘန်နီဂျီက ပြောကြားခဲ့သည်။ လူဦးရေ (၁.၅)သန်းကျော် နေထိုင်သည့် ဂါဇာတွင် ဟားမတ်စ်ခေါင်းဆောင်များသည် အစ္စလာမ် ဘာသာရေးနှင့် မလျော်ညီဟု သတ်မှတ်မှုတိုင်းအား ပိတ်ပင်လေ့ရှိသည်။ သို့သော်လည်း ဟားမတ်စ်ရဲတပ်ဖွဲ့ဝင်များသည် ဒေသတွင်း Hip Hopဂီတပွဲများ၊ အမျိုးသမီး ရှေ့နေများ အမှုလိုက်ခွင့်တို့ကို ပိတ်ပင်ရန် ကြိုးပမ်းမှုနှင့် ကျောင်းများတွင် မိန်းကလေးများ အစ္စလာမ်ရိုးရာ ခြုံထည်များသာ ၀တ်ဆင်ရန် အတင်းအကြပ် တိုက်တွန်းမှုများမှာမူ အောင်မြင်မှု မရခဲ့ချေ။ ဟားမတ်စ်တို့က ဂါဇာရှိ ပါလက်စတိုင်း ပြည်သူများကြား အစ္စလာမ် ဘာသာရေးကို ပိုမိုအလေးအနက် ရှိစေရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ဂါဇာသည် အစ္စရေးတို့ (၃)နှစ်နီးပါး အဖက်ဖက်မှ ပိတ်ဆို့မှုကို ကြုံတွေ့နေရသည့် ပဋိပက္ခ နယ်မြေတစ်ခုလည်းဖြစ်သည်။



ဂျိမ်းဖောကောင်လေး
ယာယီတာဝန်ခံ
ယာယီတာဝန်ခံ

ရေးသားချက်များ : 116
Start Date: : 2010-06-13

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum